Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တင့်ကားဆိုလို့ ဒုတိယ ကမ္ဘာစစ်သုံး T-34 တစ်စီးတည်းသာ ပါခဲ့တဲ့ ရုရှားရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ

ရုရှားဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခကြီးတွေ ဖြစ်မလာအောင်တော့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေမယ်လို့ သူက ဆိုပါတယ်။

တင့်ကားဆိုလို့ ဒုတိယ ကမ္ဘာစစ်သုံး T-34 တစ်စီးတည်းသာ ပါခဲ့တဲ့ ရုရှားရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ
တင့်ကားဆိုလို့ ဒုတိယ ကမ္ဘာစစ်သုံး T-34 တစ်စီးတည်းသာ ပါခဲ့တဲ့ ရုရှားရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ

ဒုတိယ ကမ္ဘာစစ်မှာ နာဇီ ဂျာမနီအပေါ် အနိုင်ရခဲ့တဲ့ အောင်ပွဲနေ့ အခမ်းအနား စစ်ရေးပြပွဲမှာ ရုရှားဟာ တင့်ကားဆိုလို့ ဒုတိယ ကမ္ဘာစစ်သုံး T-34 တစ်စီးတည်းကိုသာ ထည့်သွင်းထားနိုင်ခဲ့ပါတယ်။

နှစ်စဉ် မေလ ၉ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ အောင်ပွဲနေ့ အခမ်းအနားမှာ ရုရှားဟာ အကြီးကျယ်ဆုံး စစ်ရေးပြ ချီတက်ပွဲတွေ ကျင်းပလေ့ ရှိသလို နိုင်ငံရဲ့ ခေတ်အမီဆုံး စစ်လက်နက်တွေကို ထုတ်ပြလေ့ ရှိပါတယ်။ ဒါပေမဲ့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ရုရှားဟာ အောင်ပွဲနေ့ စီတန်းလှည့်လည်မှုတွေမှာ စစ်အင်အားကို သိသိသာသာ လျှော့ချပြီး အခမ်းအနား အစီအစဉ်တွေကို အကျဉ်းချုံးလာရပါတယ်။

ဒီနှစ်မှာတော့ သံချပ်ကာယာဉ်တွေနဲ့ တခြား စစ်သုံးယန္တရားတချို့ ပါဝင်လှည့်လည်ခဲ့ပေမယ့်လည်း ခေတ်မီ ပင်မ တိုက်ပွဲဝင် တင့်ကားတွေတော့ တစ်စီးမှ မပါလာပါဘူး။ အဲဒီအစား ပြန်လည်ပြုပြင်ထားပြီး အဆောင်အယောင် သဘောမျိုးသာ ရည်ရွယ်ထားတဲ့ ခေတ်ဟောင်း T-34 တစီးကိုသာ ပွဲထုတ်လာတာ တွေ့ရပါတယ်။ ဒီအခြေအနေက ရှေ့တန်းစစ်မြေပြင်မှာ ရုရှားဟာ တင့်ကားပြုန်းတီးမှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတယ်ဆိုတဲ့ ကောလာဟလတွေကို မီးစာဖြည့်ပေးနေပါတယ်။

သမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အခုနှစ် အခမ်းအနား ချီတက်ပွဲတွေမှာ လူအင်အား ၉၀၀၀ လောက် ပါဝင်ခဲ့တယ် ဆိုပေမယ့် အရင်နှစ်တွေတုန်းကနဲ့ ယှဉ်ရင် သိသိသာသာ အရေအတွက် လျော့နည်းသွားတာ ဖြစ်ပါတယ်။ တင့်ကားတွေအပြင် တခြား အကြီးစား စစ်သုံးယန္တရားတွေ မော်စကိုမြို့ ချီတက်ပွဲမှာ ထုတ်ပြမှုကလည်း ဒီနှစ်မှာ ပိုနည်းပါးသွားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနိုင်ငံက အထူးစစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲနေတဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး အောင်ပွဲနေ့ ချီတက်ပွဲ အခမ်းအနားတွေကို ကျင်းပခွင့် ရခဲ့တာဖြစ်ကြောင်း၊ ရှေ့တန်း စစ်မြေပြင်တွေမှာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေဟာ ရုရှားရဲ့ သူရဲကောင်းတွေဖြစ်ကြောင်း ပူတင်က ရင်ပြင်နီမှာ ကျင်းပတဲ့ ချီတက်ပွဲရဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ သူပြောတဲ့ အထူးစစ်ဆင်ရေး ဆိုတာဟာ ယူကရိန်း ကျူးကျော်စစ်ကို ဆိုလိုတာပါ။

ဒါ့အပြင် ပူတင်က ယူကရိန်းကို ထောက်ပံ့ ကူညီနေတဲ့ အနောက်နိုင်ငံတွေကို ရှုတ်ချသွားပြီး အဲဒီလုပ်ရပ်မျိုးဟာ နျူကလီးယား စစ်ပွဲရဲ့ အချက်ပေး ခေါင်းလောင်းသံတွေကို ပိုမို ကျယ်လောင်လာနေစေတယ်လို့ သတိပေးသွားခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခကြီးတွေ ဖြစ်မလာအောင်တော့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေမယ်လို့ သူက ဆိုပါတယ်။

ပူတင်ရဲ့ လက်ထက်မှာတော့ အောင်ပွဲနေ့ဟာ ရုရှားရဲ့ နိုင်ငံရေးအရ အကြီးကျယ်ဆုံး ရုံးပိတ်ရက် ဖြစ်လာပါတယ်။ လေ့လာသူတွေက ပူတင်ဟာ အဲဒီနေ့ကို အမျိုးသားရေးအရ လှုံ့ဆော် ဝါဒဖြန့်ဖို့အတွက် စနစ်တကျ အသုံးချနေတယ်လို့ သုံးသပ်ကြပါတယ်။

ကိုးကား: Sky⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။