Connect with us

Hi, what are you looking for?

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...

ရသ

မတ်ဟာခြေလှမ်းကြဲကြဲနဲ့ရန်ကုန်ထဲကိုတစ်လှမ်းချင်းဝင်လာတယ်။ မတ်ဟာ ကောင်းကင်ပြာကို အရောင်ပြောင်းလဲပစ်တယ်။ လူတိုင်းချောင်းဆိုးကြတယ်။ လည်ချောင်းနာကြတယ်။ ကိုယ်ပူတယ်။ ဘာကြောင့်လဲတော့မမေးပါနဲ့။ ဘာကြောင့်လဲဆိုတဲ့မေးခွန်းအတွက်အဖြေဟာ ဒီလူ့အဖွဲ့အစည်းမှာ မရှိတော့တာကြာလှပေါ့။

ရန်ကုန်မှပေးစာများ (၅) ရန်ကုန်မှပေးစာများ (၅)

ရန်ကုန်မှပေးစာများ (၅)

၂၀၂၂ ကာတာဖလားနဲ့ပက်သက်ပြီး သတင်းကောင်းတစ်ခုနဲ့သတင်းဆိုးတစ်ခုကိုပြောပြဖို့ရှိတယ်။ သတင်းဆိုးကိုအရင်ပြောရမှာလား။ စိတ်မကောင်းစရာတော့ကောင်းတယ်ညီမလေးရယ်။

ရန်ကုန်မှပေးစာများ (၄) ရန်ကုန်မှပေးစာများ (၄)

ရန်ကုန်မှပေးစာများ (၄)

တို့တိုင်းပြည်မှာအသက်ဟာဈေးအချိုဆုံးပါပဲညီမလေးရယ်။ ကြိုက်တဲ့အချိန်မှာကြိုက်တဲ့ရောဂါနဲ့သေသွားခွင့်ရှိတယ်။ အချိန်မရွေးကျည်ဆံတစ်တောင့်ဟာ ကိုယ်အိမ်ထဲကိုဖေါက်ထွင်းလာနိုင်တယ်။

ဘဂ္ဂဒက်က လူပြက် ဘဂ္ဂဒက်က လူပြက်

ရန်ကုန်မှပေးစာများ (၃)

ညီမလေးရေ… စက်တင်ဘာကိုရောက်ပြီ။ ဒါပေမယ့်စက်တင်ဘာဟာ ဩဂုတ်ပါပဲ၊ ဩဂုတ်ကလည်းဇူလိုင်ပါပဲ၊ ဇူလိုင်ကလည်း ဇွန်ပါပဲလေ။ ဒို့တိုင်းပြည်ဟာ အချိန်တွေရဲ့ တိုက်စားမှုကိုအခံနိုင်ဆုံး လူ့အဖွဲ့အစည်းပဲမဟုတ်လား။ မတရားမှုနဲ့ အရှက်သိက္ခာမဲ့မှုဟာ ဒီတိုင်းပြည်ကို ခေတ်အဆက်ဆက်အုပ်စိုးသူတွေရဲ့ စရိုက်လက္ခဏာတွေအဖြစ် ထာဝရရှိနေခဲ့တာမဟုတ်လား။ ထားပါတော့။ ခုရက်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်၂၀လောက်က နိုင်ငံတကာကိုဖျော်ဖြေခဲ့တဲ့ လူရွှင်တော် တစ်ယောက်...

ဩဂုတ်လရဲ့မိုးသားများ ဩဂုတ်လရဲ့မိုးသားများ

ရန်ကုန်မှပေးစာများ (၁)

အခုအချိန်မှာရန်ကုန်မှာအမြင့်မားဆုံးဟာ အဆောက်အဦတွေမဟုတ်တော့ဘူးညီမလေး။ ရန်ကုန်ရဲ့ကုန်ဈးနှုန်းဟာ ရှန်ဂရီလာ ဟိုတယ်ထက်ပိုမြင့်တယ်၊ ရန်ကုန်ရဲ့ဒုက္ခကတော့ ရန်ကုန်ရဲ့ကုန်ဈေးနှုန်းထက်ပိုမြင့်ပြန်တယ်။ ရန်ကုန်ရဲ့ ဒုက္ခထက်ပိုမြင့်တာဘာလဲသိလားညီမလေး။ ရန်ကုန်ရဲ့ ‘ဒေါသ’ပေါ့။

Facebook