Connect with us

Hi, what are you looking for?

ကဗျာ

“အိမ်အပြန်လမ်း”

မင်းအိမ်ပြန်ချင်တာ

ငါ ကိုယ်ချင်းစာပါတယ်

ဧရာမ တောင်တန်းကြီးတွေတောင်

ဝန်ရိုးစွန်းက သူ့အိမ်ရာဆီ

Public Service Announcement

Public Service Announcement

တနှစ်တခါ ပြန်ကြတယ်

ငါကြားဖူးတယ်

သူအိမ်ပြန်ရင်

ငလျင် တော်လည်းသံ

ငါတို့ ကြားရမယ်

အိမ်ပြန်ဖို့

သူဘယ်လောက် မွတ်သိပ် နေသလဲ

ကိုယ်ချင်းစာရတယ်

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့

အိမ်ပြန်ချင်စိတ်ဟာ သဘာဝပဲ

ငါ ကိုယ်ချင်းစာပါတယ်

အိမ်မှာ

အမေတော့ မရှိတော့ဘူးတဲ့

အိမ်ကော ရှိသေးရဲ့လား

ဒါလည်း မသေချာဘူးတဲ့

သို့သော်

မင်းအိမ်ပြန်ချင်တယ်

သဘာဝကျပါတယ်

ရွာစွန်က

အမေ့အုတ်ဂူကလေးကိုတော့

ပြန်ကန်တော့မှ ဖြစ်မယ်

ဒီအတွက်

မင်းအိမ်ပြန်ချင်တယ်

ငါ နားလည်ပါတယ်

တကယ်က

ကမ္ဘာဦးအစမှာ

လမ်းဆိုတာ မရှိခဲ့ပါဘူးကွာ

အိမ်အပြန်လမ်းဆိုတာလည်း

သူ့အလိုလို

မိုးပေါ်က ကျလာမှာမဟုတ်

ငါတို့အိမ်အပြန်လမ်း

ငါတို့ကိုယ်တိုင် ဖောက်ရမယ်

မင်းလည်းသိ ငါလည်းသိတယ်

ငါတို့ခရီး

ငါတို့ သိပြီးသား

ဒီခရီးအတွက်

ဒီလမ်းကို ဖောက်ရမယ်

ငါတို့အသိဥာဏ်နဲ့

ငါတို့ကြွက်သားတွေ

အထပ်ထပ်ခင်းလို့

ဒီလမ်းကို ဖောက်ရမယ်

အခုဆို

လမ်းအူကြောင်းကို မြင်ရပြီ

ငါတို့ ဆက်ဖောက်ကြတာပေါ့

ငါတို့အသိဥာဏ်နဲ့

ငါတို့ကြွက်သားတွေ

အထပ်ထပ်ခင်းလို့

ဒီလမ်းအတိုင်း

မင်းအိမ်ပြန်ရမှာပဲ

မင်းအိမ်အပြန်ခရီးဟာ

ဒီလမ်းပေါ်မှာ ရှိနေတယ်

ဒီလမ်းအတိုင်း

အခု

မင်းအိမ်ပြန်နေပါတယ်

မင်း ခြေလှမ်းတိုင်းရဲ့ တော်လည်းသံ

တကမ္ဘာလုံး ကြား နေတယ်

မင်းအမေ

မင်းကို စောင့်နေပါတယ်။

■ မောင်တင်သစ်

၆၊ ဖေဖော်ဝါရီ၊ ၂၀၂၃။

https://www.facebook.com/LuduNwayOo/videos/1699180917607932

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘မောင်တင်သစ်’ ရဲ့ “အိမ်အပြန်လမ်း” ကဗျာတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။