Connect with us

Hi, what are you looking for?

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ကဗျာ

■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...

ကဗျာ

ဆပ်ရိပ် သက်ပြင်းဆိုပေမယ့်စိတ်လိုလက်ရ ချပါတယ်။ သုံးလေးငါးနှစ်အစစအရာရာရှားပါးနေတော့ခံစားမှုလည်း တန်ဖိုးကြီးလာတယ်နေမကောင်းတဲ့ညနေမှာတိမ်မျှင်တစက အစကြီးမြတ်တယ်။ လူတစ်ယောက်ဟာ တစ်ခါတစ်လေတော့အမှောင်ထဲထိုင်ဖို့လိုတယ်ထိကရုန်းပင်လိုနေ့တွေအတွက်လူသူနည်းတဲ့တောအုပ်ခပ်နက်နက်လိုတယ်။ ရထားတွေဟာဘယ်ခရီးသည်ကိုမှ စောင့်ရိုးမရှိတာ နားလည်ပါတယ်ကိုယ်လည်း ပုံမှန်ပဲသွားမယ်ဘာကိုမှ ပြေးမလိုက်နိုင်တော့ဘူး။ မျက်ရည်ဟာ အသံထက်မြန်တယ်ဒီကမ္ဘာမှာ အလင်းနှစ်မခြားဘဲနဲ့ ဝေးနေတာ အိမ်ပဲရှိပါတယ်။ (“The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ​’​ဆပ်ရိပ်’...

ကဗျာ

ယောနသံ သူက ‘ပန်း’ ပါတဲ့မကြွေရဲရင် အစကတည်းကဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့ပြတ်ပြတ် သားသား။ ဆူးပါတဲ့နှင်းဆီလည်းကြွေတတ်တာပဲ‌နော် ဆိုတော့*”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။ လူ့စည်း ဘီးလူ့စည်းအသဲစားရဲမှ သားရဲဖြစ်မှာပန်းမှာလည်းပန်းရဲ့စည်းတော့ ရှိရမပေါ့။ ဒါဟာ စစ်ပွဲတစ်ခုပဲလေ။ ကိုယ်က ဘီလူး ပါဘီလူးတော့ ဘီလူး ဒါပေမယ့်သာမန် သားသတ်လွတ်သမားပန်းစားဘီလူး။...

ကဗျာ

လုပ်ကြံတဲ့သူ‌တွေကသွေးတစက်မှမထွက်ပဲတဘဝလုံး သေသွားတယ်၊သွေးအိုင်ထဲက လူတွေကအသက်မဲ့ခန္ဓာ နဲ့ကမ္ဘာတည်သရွေ့ရှင်သန်သွားတယ်။ အောင်စေနွေဦး၁၉ ၊ဇူလိုင် ၂၀၂၅။

ကဗျာ

ဆူးနတ်သန် ခရီး‌တထောက်နားပါ။ ရေကြည်အေး တခွက်သောက်ပါ။ စာအုပ်များ ယူဖတ်ခွင့် ရှိပါတယ်။ စာမျက်နှာများ ကျော်လွှား မဖတ်ပါနဲ့။ ဘဝဆိုတဲ့ စက္ကန့်တွေကို အပြည့်အဝ ခံစားပါ။ စကားလုံးတွေရဲ့ လေးနက်မှုဟာ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ပါတယ်။ စကားလုံးရဲ့ ဩဇာကြောင့်ပဲ ကမ္ဘာကြီး ရှင်သန်နေတာ မဟုတ်ပါလား။ ဓာတ်ပုံလေးတပုံ...

ကဗျာ

မေရီသော် တောင်ကုန်းကို မသိမ်းပိုက်ဘဲ လှည့်ပြန်ပြီးတရေးအိပ်ဖြစ်ခဲ့ငါ့ရဲ့ပြားချပ်ချပ်ရင်သားပေါ်မှာစိမ်းပြာရောင်ငါးကြေးခွံတွေ စတက်လာတဲ့နေ့မသေမျိုး ပန့်ခ်တွေ စိတ်ပျက်လက်ပျက်ဘုရားရှိခိုးကြတဲ့နေ့ကုန်းကျော်တံတားဟာ တယောက်ယောက်ရဲ့ခေါင်းကို ထိမှန်ပြီးထုတ်ချင်းပေါက်ထွက်သွားမလိုလိုတောအုပ်ထဲက‌ နေပြေးထွက်လိုက်တာနဲ့မှော်ဆန်မှုတွေ ပျောက်ကွယ်သွားတာပဲစိတ်မကောင်းပါဘူးခင်ဗျားရဲ့အကောင်းမြင်နိုင်စွမ်းကလေးပုတ်တော့မှာမို့ အရင်းကနေဖြတ်ရတော့မယ်မျက်နှာကျက်က ကြမ်းပြင်ထိနီယွန်ဆိုင်းဘုတ်ချည်းကားတာယာတွေ၊ရေနက်ကွင်းတွေနဲ့ ကျီးကန်း‌တွေချန်ခဲ့ရတဲ့အရိပ်တွေ များလွန်းလို့သက်ပြင်းရှိုက်မှတ်တိုင်က စထွက်တာနဲ့ကျောပိုးအိတ်တွေမှ ခြေချစရာတောင်မရှိအဘိုးအိုဟာ ရေသန့်လှည်းကို တွန်းရင်းရေငတ်နေပုံရသိုးကျောင်းသားတယောက်ရှော့ပင်မောလ်လှေကားထစ်ပေါ်မှာကန်းထရီးသီချင်းညည်းနေတခါသုံးဖော့ဘူးဖြူဖြူတွေနဲ့တည်ဆောက်ထားတဲ့ လောကလှည်းတန်းက နာမည်ရင်း လှမ်းခေါ်ပြီး နှုတ်ဆက်ပေမယ့်ငါမကြားချင်ယောင်ဆောင်ခဲ့တယ်။ ။...

ကဗျာ

နွံဆိုင် ၁၊တံခါးအပြင်က အတုယောင်ဘဝများတကယ်ဆို ဒီကလေးတွေဟာ ဆော့နေခဲ့သင့်တာ။ ၂၊စာနာစိတ်အကြောင်းပြောတဲ့ ပါးစပ်တွေကကလေးတယောက်ရှေ့မှာ ပြုံးပြရင်းသက်သေပြချင်နေကြတယ်ချိုသောမေတ္တာတိုင်း အခါးဓာတ်ကင်းမဲ့မနေပါ။ ၃၊လက္ဘက်ရည်ဆိုင်တွေကို ပြန်လိုချင်တယ်ခွက်ထဲမှာ အမှတ်တရတွေ ပါကောင်းပါနိုင်တယ်ငယ်ငယ်ကဆို အဖေဘာလို့ပေါ့ဆိမ့်မှာလဲ နားမလည်ခဲ့။ ၄၊တွေ့ရာလူနဲ့ နားလည်မှုရှိဖို့ဆိုတာတယောက်ဒဏ်ရာ တယောက်မြင်တာမျိုးဖြစ်မယ်တခါတလေ ပြောစရာစကားမရှာတာလည်းအဆုံးစွန် ကိုယ်ချင်းစာတရားဖြစ်နေတတ်သေးတယ်။ ၅၊လိပ်ပြာတွေနောက်မှာ ကလေးတယောက်ဟာအတောင်ပဲ့နေတယ်၊ကမ္ဘာကြီးက အရောင်မဲ့လိုက်တာ အချစ်ရယ်။...

ကဗျာ

ယောနသံ ကျွန်‌တော်ကငလျင်လှုပ်တဲ့ အထဲလည်းမပါတိုက်ပိတဲ့ အထဲလည်းမပါပဲပျောက်နေခဲ့တာ။ စစ်ကြီး စဖြစ်ကတည်းကကျွန်တော့်ကို မတွေ့ရတော့တာပဲ။ ကျွန်တော့်ကို မတွေ့ဖူးတဲ့လူတွေကြားကျွန်တော့်ကို တွေ့မိကြလားလို့ဘယ်လိုမေးလို့ ရမှာလဲ။ ကျွန်တော့်ကို မြင်ဖူးသူတွေကစစ်ကြီးထဲမှာ အကုန်သေကုန်ကြပြီကျွန်တော်ဟာ နောက်ဆုံးမျက်မြင်သက်သေပဲ။ စစ်ကြီးထဲမှာ မှတ်ညာဏ်တွေပါဗုံးကျဲခံရတယ်။ သဲလွန်စက ကျွန်တော်ဟာသက်ြန်မှာ ပျော်ရွှင်ဖူးခဲ့တဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ (The Call –...

ကဗျာ

▪️DLY ရေပတ်လည် ဝန်းရံနေသော ကုန်းမြေကိုကျွန်းလို့ခေါ်ရင် ..မုန်တိုင်းပတ်လည် ခြံရံထားတဲ့ ငါတို့ကိုဘယ်လိုခေါ်ကြမလဲ ?? တနာရီ လေတိုက်နှုန်း တရာကျော်တဲ့ မင်းနဲ့တနာရီ အိမ်ခြေ ၇၀ ပြာကျသွားတဲ့ငါတို့မုန်တိုင်း .. ဘယ်သူ ပိုလူမဆန်ဘူးလဲ အမှောင်ထဲမှာ နေသားကျလာတော့မင်း ယူလာတဲ့ တိမ်မည်းတွေကိုလည်းမော့ကြည့်ပြီး ခပ်ထေ့ထေ့ပြုံးလိုက်ရုံ၊အပူမီးတွေလောင်နေတော့မင်း သယ်လာတဲ့...

ကဗျာ

◼️မောင်တင်သစ်ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင်မင်းငယ်ဘဝဆီ ရောက်လိမ့်မယ် ခြေသံကြားတာနဲ့လယ်ပုဇွန်လုံးတွေကမြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့ ရေစပ်စပ်မှာငါးရှဥ့်တကောင်တလေရွှံ့လူးနေတာ တွေ့ဦးမယ် တနှစ်သားတလင်းပြင်ထဲ စပါးနယ်နေတုန်းမင်းကို လည်ပြန်ခတ်တဲ့ ကျွဲဂျိုကားမှတ်မိသေးလား သူရှိသေးရင်ခုအချိန်သူလည်း ရွှံလူးနေမှာပေါ့ ကတွတ်ပေါက်မှာ မြုံးထောင်ရင်ငါးမြွေထိုး အကြီးအသေးတထွေးကြီးလည်း ရတတ်တယ် ငရုတ်စပ်စပ်နဲ့ပင်စိမ်းအုပ်ပြီး လွေးရုံပဲ ပျိုးခင်းလောက် လှတဲ့အစိမ်းရောင်ဒီတသက် မတွေ့ဖူးဘူးဆိုတော့သွားကြစို့ကန်သင်းရိုးကလေးအတိုင်းငယ်ဘဝဆီ သွားကြစို့ ၁၆၊...

ကဗျာ

နေစူး ထမင်းအိုးပါသလားဟင်းအိုးပါသလားအဝတ်ထုပ်ပါသလားစောင်၊ ခြင်ထောင်၊ ခေါင်းအုံးပါသလား။ လူအိုပါသလားကလေးငယ်ပါသလားမိန်းမသားပါသလားလူငယ်လူရွယ်ပါသလားနွားငယ်နဲ့ ခွေးညိုလိုက်ရဲ့လား။ ချောင်းအစပ်ရောက်ပြီလားတို့လယ်ကွင်း ဟုတ်ရဲ့လားထန်းရွက်ကာ ထန်းရွက်မိုး တို့တဲမျိုး တူရဲ့လားလယ်နားနီး တဲနီးချင်းဆီကကလေးသံကြားရဲ့လား။ (The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​နေစူး’ ရေးဖွဲ့တဲ့ “ကျတ်ယောင်ဆောင်သူများ”ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်...

Facebook