Connect with us

Hi, what are you looking for?

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့...

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ကဗျာ

◼️ရိုးငှက်အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်းငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာဒုက္ခတရားအပြည့်နဲ့ .. ။ လမ်းမကြီးကိုကြောက်ရွံ့‌မုန်းတီးရင်းကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်းကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။ ညတွေရဲ့ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာအိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်းမိုးလင်းမှာကို ကြောက်နေရတယ် ။ အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆိုစွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကိုပစ်ထားခဲ့ချင်ပြန်တယ် ။ ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကိုဗလာမျက်လုံးနဲ့ငေးနေရင်းအိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆိုစီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာဘေးနားမှာ ငိုချင်းချလို့ ။ ‌ဒါပေမယ့်လေပြန်စရာအိမ်တွေပြာဖြစ်သွားတဲ့လူတွေအကြောင်းရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်းခေါင်းထဲဝင်လာပြန်တော့တောက်ခေါက်သံပြင်းပြင်းနဲ့အံကြိတ်အားတင်းရပြန်တယ်။ ဒီလိုနဲ့ပဲ..မကျွမ်းကျင်မှုနယ်ပယ်မှာအသားကျအောင်နေဒုက္ခဆိုတာ‌တော့ငယ်ပေါင်းကြီးဖော်လိုပေါ့ ။ အတွေ့အကြုံအခြေအနေအရမာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာအိမ်အကြောင်းတွေးမိတော့နှလုံးသားဟာဖန်သားပြင်လိုပဲမာပေမယ့်ကြည်လင်နေသေးတာတော့ကိုယ်တအံ့တဩ ။ အခိုက်အတန့်တစ်ခုမှာစိတ်ပါလက်ပါပြုံးမိတာတွေကမိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကိုပြန်ပြောင်းမြင်ယောင်မိတာရဲ့တစ်ဝက်ပဲနွေးထွေးစေတာပါ။ ရည်မှန်းချက်တွေပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါအားလုံးရဲ့အပြုံးမျက်နှာတွေကိုအားပါးတရငေးရင်းအိမ်ကိုဘယ်လောက်လွမ်းကြောင်းမာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်း‌ပြောပြမိမှာပါလေ ။...

ကဗျာ

လင်းလင်းနိုင် (ပခုက္ကူ) အရောင်စုံအသွေးစုံလွယ်အိတ်လေးတွေရယ်ပါ။ နိုင်ငံတော် သီချင်းကို လည်းမဆိုနိုင်ကြတော့ဘူး။

ကဗျာ

မေရီသော် ၊ ရွက်စိမ်း မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။ ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။ ငှက်တွေဟာ...

ကဗျာ

ပြည်သူ့သွေးသား တို့ညီနောင်များ တွဲလက်အတူ တစ်ဦးအပူ တစ်ဦးမျှလို့ တူခံစားစို့။

ကဗျာ

‘ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ် လောင်တာပဲ မစ္စတာဂေါ့ဒ်’

ကဗျာ

ချမ်းငြိမ်း သူ့မှာ ပုရစ်တကောင်လိုညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။ သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ်စိတ်ဝိညာဉ် တလှပ်လှပ်နဲ့အိမ်အပြန်ခက်နေတဲ့ငှက်တေလေတကောင် ရှိတယ်။ သူ့မှာ ဖူးငုံတို့ ကြွေလွင့်စပယ်ဖြူလေး မုန်တိုင်းသင့်တဲ့ပန်းမပွင့်တဲ့ မုတ်သုံမိုး ရှိတယ်။ သူ့မှာ ရေသင့် မီးသင့်လေတိုးတိုင်း ပွင့်အက်သွားတဲ့ ဒဏ်ရာနဲ့အနာတရ နိုင်ငံတခုရှိတယ်။ သူ့မှာ …ဘီလူးသမိုင်းကိုအပိုင်းပိုင်းတစ်ခဲ့ဖူးတဲ့သက္ကရာဇ်...

ကဗျာ

◼️သွင်ဦး တဝေါဝေါ ဖြတ်မောင်းသွားတဲ့ကားသံတွေရဲ့ နေရာမှာလော်စပီကာက ထွက်ကျလာတဲ့ ဘုရားရှိခိုးသံတန်းစီခရာမှုတ်သံမဂ်လာပါဆိုတဲ့ အသံတွေနဲ့နံနက်ခင်းဟာ နိုးထခဲ့၊ အရောင်ဆိုးထားတဲ့ ထမင်းလှော်အရည်များများ အဖက်နဲနဲခပ်ကျဲကျဲဆန်ပြုတ်ဟာငါတို့ရဲ့ နံမည်ကျော် မနက်စာတွေပေါ့၊ ညိုညစ်ညစ်ထမင်းတွေနဲ့ နယ်ဖတ်လို့ငါတို့ထမင်းပွဲမှာ တည်ခင်းဖို့ပဲဟင်းတလှည့် တာလပေါတလှည့်ခင်ဗျားမျက်နှာ မမဲ့နဲ့လေ၊ ကြံဖန်ပြီး ကျေးဇူးတင်ချင်ရင်တော့ကျုပ်တို့ရဲ့ညစာမှာရေထဲကငါးကိုတစ်ပါတ်တစ်ကြိမ် မြင်ခွင့်ရနေတာကိုပေါ့၊ ဒီနေရာမှာတော့‘ကိုယ်’ ကျန်းမာရေးအတွက် လမ်းလျှောက်‘စိတ်’...

ကဗျာ

◼️မောင်သုည (ရှပ်ပုံသားလေး) စိတ်လိုလက်ရ ထွက်ပေါက်မှန်သမျှလူငယ်ပီပီ လေလွင့်ခဲ့တယ်။ မိသားစုဆိုတာသူတို့အတွက် ဒူးနဲ့မျက်ရည်။ နိုင်ငံအရေးဆိုတာဖြူသလား ၊ မည်းသလား သူ့တို့မသိဘူး၊နိုင်ငံ့တာဝန်ထမ်းဖို့ဆိုတာ ဝေးသေး။ ဒီတိုင်းပြည် ဒီလူမျိုးကို မိမိချစ်တတ်ဖို့မပြောနဲ့ဘဝနဲ့ရင်းပြီးသေမင်းနဲ့စစ်ခင်းမွေးခဲ့တဲ့အမေကိုတောင်ကျေးဇူးတုံ့ပြန့် ချစ်ရမှန်းမသိတဲ့အကောင်တွေ။ အဲသလောက်ထိ လုလင်လေးတွေဟာဆိုးခဲ့ မိုက်ခဲ့ ရူးခဲ့ကြတယ်။ ဒါပေမယ့် သွေးဖောက်ပြီးကျိန်ရဲသတဲ့ဘယ်သူအပေါ်မှာမှ သူတို့မယုတ်မာခဲ့ဘူးတဲ့။ ”အာဏာသိမ်းလိုက်ပြီ”ဆိုတဲ့စကားကိုကြားတော့ညဥ့်သန်ခေါင်ယံမှာ...

ကဗျာ

◼️လွန်းညီ(၀.၁)ပြာပုံမှ ပြာပုံသို့ ဆိုတဲ့‌ဆိုင်းဘုတ်တွေ့လျှင်ရှေ့တည့်တည့် ချိုးလိုက်ပါ(၀.၂)ဗုံးခွက်ရာ(မိုင်းဆွဲတိုက်ခိုက်ထားသောကြောင့်ပေါက်ကွဲထားသောချိုင့်ခွက်များ)ထဲနှစ်ဆယ့်နှစ်ဘီးကားတစီး နစ်မြုပ်သည်အထိနစ်ဝင်ကျွံကျပုံကို မြင်ရပြီ(၀.၃)ဖုန်မှုန့်တလိမ်းလိမ်းနဲ့ လမ်းမများတွင်လည်းအရောင်မသိသောသဲများလူးလွန့်လှုပ်ရှားလျက်ရှိပါသည်(၀.၄)ဆောင်းဦးပေါက်လို့မြစ်မကောခင်စစ်နှင့်ငြိမ်းချမ်းရေးတအုပ် ပြီးအောင်ဖတ်ရမည်လို့ သူမမြင်(၀.၅)ပင်ချင်းယှက်တွယ်နေသောထန်းပင်များအား ဦးခိုက်ရန်တွေ့သူမှာအေးခဲနေတဲ့စည်ဘီယာစုပ်နေသူတဦး(၀.၆)နေရောင်နှင့်နမ်းလုနီးနီးလမ်းသွယ်တလျှောက်က နေကြာပန်းများမှာတပွင့်တည်းမဟုတ်သောလှပခြင်းနှင့်ခိုက်ခိုက်တုန်ခါနေပုံကို ကိုယ်တွေ့ခဲ့ပေါ့(၀.၇)ညီမလေးရေအရာရာဟာ သုသာန်တစပြင် ဆိုပေမဲ့လာခဲ့တုန်းကအတ္တတွေနဲ့အတူတူမင်းမပါဘဲ အိမ်မပြန်ရဲဘူးဒီလိုနဲ့ကိုကိုဟာ အလံနှစ်လက်ကိုကျောမှာလွယ်လို့လမ်းလျှောက်ရင်း လွမ်းခဲ့တယ်။ (ကဗျာခေါင်းစဉ်*ဆရာဇော်ဇော်အောင်မြန်မာပြန်သည့်ဆရာKakuan၏ကဗျာစာသား။) (The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွန်းညီ” ရဲ့...

Trending

Facebook