Connect with us

Hi, what are you looking for?

ကဗျာ

‘လှည်းတန်းကို ပြန်ရောက်တယ်’

◼️မေရီသော်

တောင်ကုန်းကို မသိမ်းပိုက်ဘဲ လှည့်ပြန်ပြီး
တရေးအိပ်ဖြစ်ခဲ့
ငါ့ရဲ့ပြားချပ်ချပ်ရင်သားပေါ်မှာ
စိမ်းပြာရောင်ငါးကြေးခွံတွေ စတက်လာတဲ့နေ့
မသေမျိုး ပန့်ခ်တွေ စိတ်ပျက်လက်ပျက်
ဘုရားရှိခိုးကြတဲ့နေ့
ကုန်းကျော်တံတားဟာ တယောက်ယောက်ရဲ့
ခေါင်းကို ထိမှန်ပြီး
ထုတ်ချင်းပေါက်ထွက်သွားမလိုလို
တောအုပ်ထဲက‌ နေပြေးထွက်လိုက်တာနဲ့
မှော်ဆန်မှုတွေ ပျောက်ကွယ်သွားတာပဲ
စိတ်မကောင်းပါဘူး
ခင်ဗျားရဲ့အကောင်းမြင်နိုင်စွမ်းကလေး
ပုတ်တော့မှာမို့ အရင်းကနေဖြတ်ရတော့မယ်
မျက်နှာကျက်က ကြမ်းပြင်ထိ
နီယွန်ဆိုင်းဘုတ်ချည်း
ကားတာယာတွေ၊
ရေနက်ကွင်းတွေနဲ့ ကျီးကန်း‌တွေ
ချန်ခဲ့ရတဲ့အရိပ်တွေ များလွန်းလို့
သက်ပြင်းရှိုက်
မှတ်တိုင်က စထွက်တာနဲ့
ကျောပိုးအိတ်တွေမှ ခြေချစရာတောင်မရှိ
အဘိုးအိုဟာ ရေသန့်လှည်းကို တွန်းရင်း
ရေငတ်နေပုံရ
သိုးကျောင်းသားတယောက်
ရှော့ပင်မောလ်လှေကားထစ်ပေါ်မှာ
ကန်းထရီးသီချင်းညည်းနေ
တခါသုံးဖော့ဘူးဖြူဖြူတွေနဲ့
တည်ဆောက်ထားတဲ့ လောက
လှည်းတန်းက နာမည်ရင်း လှမ်းခေါ်ပြီး နှုတ်ဆက်ပေမယ့်
ငါမကြားချင်ယောင်ဆောင်ခဲ့တယ်။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မေရီ​သော်’ရဲ့ “လှည်းတန်းကို ပြန်ရောက်တယ်” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...