Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ကလေးတွေနဲ့ ကိုဗစ်ကာကွယ်ဆေး

မြန်မာနိုင်ငံအနေနဲ့ ပြည်သူ့အစိုးရလက်ထက်ကစပြီး ယခုအချိန်ထိ အသက် ၁၈ နှစ်အထက်ရှိသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။

အဲဒီအသက်အုပ်စုတွေ ထိုးပြီးသွားတဲ့နောက်ပိုင်း ၁၂ အထက်ကလေးတွေကို ထိုးနှံပေးသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန (MOHS)က ဆိုပါတယ်။

၁၈ နှစ်အထက် ကာကွယ်ဆေးထိုးခွင့်ရှိသူဦးရေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၃၉ ဒဿမ ၉ သန်းရှိပါတယ်။ အခုထပ်ပြီး ထိုးနှံပေးဖို့ စီစဉ်နေတဲ့ အသက် ၁၂ နှစ်အထက် ၁၈ နှစ်အောက်ကလေးဦးရေကတော့ ၆ သန်းရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနစာရင်းမှာ ဖော်ပြပါတယ်။

အသက် ၁၈ နှစ်အောက်ကလေးတွေ ထိုးနှံနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အသိအမှတ်ပြုထားတဲ့ကာကွယ်ဆေးတွေထဲမှာ အမေရိကန်နိုင် ငံထုတ် Pfizer ဆေးတစ်မျိုးပဲ ရှိပါသေးတယ်။

Public Service Announcement

Public Service Announcement

သို့သော် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယမှာတော့ သူတို့နိုင်ငံအစိုးရတွေက အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေနဲ့ စတင် ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအနေနဲ့လည်း တရုတ်ရဲ့အကူအညီနဲ့ ၁၂ နှစ်အထက်ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

❑ တရုတ်ကပေးမယ့် ကာကွယ်ဆေး

စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ၁၂ နှစ်အထက် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့စီစဉ်ရာမှာ ကျောင်းနေတဲ့ကလေးတွေက အဓိကဦးတည်အုပ်စုဖြစ်တာတွေ့ရပါတယ်။ဒါကြောင့် ၂၀၂၁ ခုနှစ် ဇွန်လမှာ ကျောင်းအပ်ခံ့တဲ့ကလေးတွေကို မိဘအုပ်ထိန်းသူတွေရဲ့ ခွင့်ပြုချက်နဲ့ ထိုးနှံပေးမယ်လို့ ဆိုထားပါတယ်။

အသုံးပြုမဲ့ဆေးကတော့ တရုတ်နိုင်ငံထုတ် Sinovac လို့ခေါ်တဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆေးထိုးတဲ့အခါ တစ်ကြိမ်မှာ ဆေးရည် ၀ ဒဿမ ၅ မီလီကို လေးပတ်ခြားပြီး နှစ်ကြိမ်ထိုးပေးမှာ ဖြစ်တယ်လို့ MOHS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီဆေးကို တရုတ်အစိုးရက အသက်သုံးနှစ်ကနေ ၁၇ နှစ်အထိထိုးနှံဖို့ အရေးပေါ်အသုံးပြုခွင့် ထုတ်ပြန်ထားပါတယ်။ Sinovac ကို တရုတ်၊ ချီလီနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ စမ်းသပ်ထိုးနှံပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအနေနဲ့ တရုတ်အစိုးရကကူညီတဲ့ Sinovac ကာကွယ်ဆေး ၂ ဒဿမ ၇ သန်း(လူဦးရေ ၁ ဒဿမ ၃၅ သန်းစာ)ရရှိမှာဖြစ်ပြီး နေပြည်တော်နဲ့ ပျဉ်းမနားမြို့တွေမှာ ကနဦးထိုးနှံပေးမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးဟာ ၁၂ အထက်ကလေးတွေကိုထိုးနှံဖို့ WHO ရဲ့ အရေးပေါ်အသုံးပြုခွင့် မရသေးပေမဲ့ ၁၈ အထက်ရှိသူတွေအတွက် အရေးပေါ်အသုံးပြုခွင့် ရရှိထားတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။

WHO က သည်ဆေးကို ဇွန် လ ၁ ရက်မှာ အရေးပေါ်အသုံးပြုခွင့် ပေးခဲ့ပါတယ်။ ဆေးရဲ့အာဏိသင်နဲ့ပတ်သက်လို့ ဘရာဇီးမှာ ဒုတိယအကြိမ်ထိုးပြီး နှစ်ပတ်ကြာလေ့လာချက်အရ လက္ခဏာပြတဲ့ ကိုဗစ်ကူးစက်မှုကနေ ၅၁ ရာခိုင်နှုန်းကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြင်းထန်အနေအထား(ဆေးရုံတက်ရသူ) ကနေ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

❑ အိမ်နီးချင်းနဲ့ အာရှနိုင်ငံတချို့အခြေအနေ

အိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်နိုင်ငံဟာဆိုရင် အသက်သုံးနှစ်ကနေ ၁၇ နှစ်ကြားရှိတဲ့ကလေးတွေ ကာကွယ်ဆေးထိုးတာကို ဇွန်လအစောပိုင်းကစပြီး စတင်
စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာဆိုရင် Wuhan Instutitue ကထုတ် တဲ့ Sinopharm(Wuhan)ကို အောက်တိုဘာ တတိယပတ်ထဲမှာ အရေးပေါ်အသုံးပြုခွင့် ပေးလိုက် ပါပြီ။

ဒီဆေးကို ၂၀၂၀ ခုနှစ်ဇူလိုင်လကစပြီး အာရပ်စော်ဘွားများပြည်ထောင်စု(UAE)အပါအဝင် နိုင်ငံတချို့မှာစမ်းသပ်ရာမှာ ၇၂ ဒဿမ ၅၁ ရာခိုင်နှုန်းအထိ ရောဂါပြင်းထန်းမှုကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

နောက်ထပ်အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယကတော့ သူ့နိုင်ငံအခြေစိုက်ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Bharat Biotech ကထုတ်တဲ့ Covaxin ကာကွယ်ဆေးကို ၁၈ နှစ်အောက်ကလေးတွေမှာ စမ်းသပ်ထိုးနှံနေပြီ ဖြစ်ပါတယ်။

ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ စမ်းသပ်မှုကို အိန္ဒိယအစိုးရက ဇွန်လထဲမှာ Covaxin နဲ့ စမ်းသပ်ခဲ့တာပါ။ လက်ရှိမှာ Covaxin ကာကွယ်ဆေးကို WHO ရဲ့ အရေးအသုံးပြုခွင့်ရဖို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲက ဖိလစ်ပိုင်နိုင်ငံမှာတော့ အမေရိကန်နိုင်ငံထုတ် Pfizer ကိုဗစ်ကာကွယ်ဆေးကို အောက်တိုဘာတတိယပတ်မှာ စတင်ထိုးနှံနေပြီလို့ Reuter သတင်းက ဆိုပါတယ်။

ဖိလစ်ပိုင်ဟာ ကာကွယ်ဆေးထိုးနှံခွင့်ရှိတဲ့ အသက် ၁၂ နှစ်အထက် ၁၈ အောက်ကလေး ၁ ဒဿမ ၂ သန်းရှိပါတယ်။

Public Service Announcement

❑ နောက်ဆက်တွဲခံစားရမှုများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အပါအဝင် နိုင်ငံတ ကာအဖွဲ့အစည်းတချို့ရဲ့ သုတေသနရလဒ်တွေအရ ကိုဗစ်ကာကွယ်ဆေး နောက်ဆက်တွဲအခြေအနေတွေထဲမှာ ဆိုးဆိုးဝါးဝါးခံစားရတာ သိပ်မရှိဘူးလို့ ဆိုပါတယ်။

အသက်ပြည့်ပြီးသူတွေရော အသက်မပြည့်သေးတဲ့ကလေးတွေပါ ကာကွယ်ဆေးထိုးပြီး ခံစားရတဲ့နောက်ဆက်တွဲအခြေအနေတွေ ကွာခြားမှုမရှိလှပါဘူး။

သာမန်အခြေအနေတွေဖြစ်တဲ့ ခေါင်းမူးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ အရေပြားယားယံတာ၊ အနီစက်တွေထွက်တာ စတဲ့လက္ခဏာတွေအဖြစ်များပြီး ရက်ပိုင်းအတွင်း ပျောက်ကင်းနိုင်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့နောက် ဓာတ်မတည့်တဲ့လက္ခဏာမျိုးရှိလာတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြီး အမြန်ဆုံးအကြံဉာဏ်ရယူသင့်တယ်လို့ သတိပေးထားပါတယ်။ တဆက်တည်းမှာ ဓာတ်တည့်မတည့်သိနိုင်ဖို့ ကာကွယ်ဆေးထိုးပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေပြည့်(၂ ကြိမ်)ထိုးပြီးသူတစ်ဦးအနေနဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်လာမှုကို ဆေးထိုးအပြီး လေးပတ်အကြာမှာ ရရှိနိုင်ပါတယ်။

ဒါကြောင့် မည်သည့်ကိုဗစ်ကာကွယ်ဆေးတစ်မျိုးမျိုးဖြစ်စေ ခန္ဓာကိုယ်တွင်း ရောဂါပြင်းထန်ကိုကာကွယ်ပြီး ခုခံအားစနစ်တည်ဆောက်ပေးတာကြောင့် အခွင့်အရေးရရင် လူတိုင်းကာကွယ်ဆေးထိုးသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

ကိုးကား —ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)
— Global Times
MOHS
— Reuter

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။