Connect with us

Hi, what are you looking for?

မေးမြန်းခန်း

စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်အပြင် နေထိုင်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ဖာပွန်တိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသဘက်ကို နှစ်လကျော်ကြာ တိမ်းရှောင်ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

“ လက်ရှိ ဆရာတော်ဆီကရတဲ့ စာရင်းအရတော့ အိမ်ထောင်စုက ၉၅၄ ရှိတယ်။ အဓိက သူတို့ဘာလိုအပ်လည်းဆိုတော့ အခြေခံစားသောက်ကုန်ပေါ့။ အခြေခံစားကုန်တွေကို ရပ်နီးရပ်ဝေးအလှူရှင်တွေက တချို့က ဆန် ဆီ ကြက်သွန် ငရုတ်သီး ဒါတွေကို ယူလာပြီးတော့ လာလှူပေးတာတွေရှိတယ်။ ဆရာတော်က အိမ်အလုံး ၄၀ ဆောက်ပေးမယ်။ ရွာပြန်ဖို့ အဆင်မပြေတဲ့ လူတွေအတွက်ပေါ့။ အိမ်အလုံး ၄၀ တစ်လုံးကို ၂ သိန်းနှုန်းပေါ့။ တကယ်တော့ ဘယ်လောက်ပါ့မလဲ။ တချို့ကတော့ နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းအိမ်မှာ နေတယ်လို့လည်း ကြားရတာပေါ့” လို့ စစ်ရှောင်အရေး အကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီနဲ့ မတ်လပိုင်းက ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနဲ့ KNLA တပ်မဟာ ၅ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းကို ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။


တိုက်ပွဲတွေကြောင့် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသနဲ့ ဖာပွန်ခရိုင် ကမမောင်းမြို့တွေဘက်မှာ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀၀ ခန့် တိမ်းရှောင်ရောက်ရှိလာခဲ့ရတာပါ။
မြိုင်ကြီးငူနဲ့ ကမမောင်းကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေအတွက် မြိုင်ကြီးငူဆရာတော်နဲ့ အလှူရှင်တွေက ဝိုင်းဝန်ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပြီး တစ်ချို့စစ်ဘေးရှောင်တွေကတော့နီးစပ်ရာ အသိဆွေမျိုးသားချင်းအိမ်မှာ ယာယီခိုလှုံနေရပါတယ်။
အခုအခါမှာတော့ တိုက်ပွဲတွေပြန်ငြိမ်သက်ပြီဖြစ်ပြီး ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် စစ်ဘေးရှောင်တွေကတော့ ရွာကို ပြန်မရဲသေးပဲ အခြေအနေတွေ စောင့်ကြည့်နေတယ်လို့ စစ်ရှောင်သူတစ်ဦးက ပြောပါတယ်။


” ပြန်ဖို့ကတော့နည်းနည်းစောင့်ရမှာပေါ့။ မသေချာ မရေရာသေးဘူးပေါ့နော်။ တချို့ဆိုလည်း ပြန်ရဲတယ်။ မသေချာသေးဘူးပေါ့နော်။ နှစ်ဖက်တိုက်ပွဲတွေ ဘာတွေ ပြန်ဖြစ်နိုင်တယ်။ တိုက်ပွဲပြန်တော့ မဖြစ်ဘူးလို့ မပြောနိုင်ဘူးပေါ့နော်။ စစ်တပ်ဘက်က တက်လာတာများရင် ပြန်ဖြစ်ဖို့တော့ ရှိတယ်ပေါ့။ ပြည်သူတစ်ယောက်အနေနဲ့ တိုက်ပွဲဖြစ်တာ မလိုချင်ဘူးပေါေ့နာ်။ ကျနော်တို့ပြည်သူတွေ
ဖြစ်ချင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ချင်တာပေါ့နော် ” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေ ရွာပြန်နေထိုင်ဖို့အတွက်က ရွာထဲမှာ မြေမြုပ်မိုင်းတွေရှိနေပြီး အာဏာသိမ်းစစ်တပ်က တပ်စွဲထားတဲ့အပြင် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေတဲ့အတွက် မပြန်ရဲသေးဘူးလို့ သိရပါတယ်။


တချို့ စစ်ဘေးရှောင်တွေရဲ့ ရွာမှာ တိုက်ပွဲကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့လို့ ပြန်နေထိုင်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေတာလည်း ရှိတာပါ။
မြိုင်ကြီးငူက အိမ်တစ်အိမ်မှာ ယာယီခိုလှုံနေရတဲ့ ဖာပွန်မြို့နယ် မထောကျေးရွာက စစ်ရှောင်တစ်ဦးကတော့ လက်ရှိမှာ သူတို့အတွက် နေရာထိုင်ခင်း အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
“ အခက်အခဲက ရှိတာပေါ့။ နေရထိုင်ရတာ။ ကျနော်တို့က သူများအိမ်မှာ
နေရတာပေါ့။ နေတာထိုင်တာအခက်အခဲရှိတယ်။ စာရေးသောက်ရေးက အသင့်အတင့်ပေါ့ အဆင်ပြေပါတယ်။ နေရာတခုပဲ” လို့ မထောကျေးရွာသားတစ်ဦးက ဆိုပါတယ်။
ဖာပွန်မှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်ပြီး လမ်းတွေ ပြန်ဖွင့်ပေးခဲ့ပေမယ့် စစ်ရှောင်တွေ နေအိမ်ပြန်ဖို့က ကြာဦးမှာလို့ စစ်ဘေးရှောင်တစ်ဦးဖြစ်သူကလည်း သုံးသပ်ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်‌က‌နေပစ်တဲ့လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နှစ်ဦးသေဆုံးသွားပါတယ်။

ဆောင်းပါး

အခုနှစ် မြန်မာနိုင်ငံရဲ့ ဆောင်းရာသီဟာ အရင်နှစ်တွေထက်ပိုပြီး ချမ်းအေးတယ်လို့ ခံစားနေရပြီး အေးတဲ့ကာလပိုကြာပါတယ်။ တကယ်​တော့မြန်မာအပြင် မြန်မာနိုင်ငံသားများစွာ​ရောက်ရှိနေတဲ့ထိုင်းအပါအဝင် ​ဒေသတွင်းနိုင်ငံ​တွေမှာပါအ​အေးပို​နေတာပါ။

ဆောင်းပါး

မန္တ​လေးမြို့မှာ ရောက်ရှိနေပြီး အိမ်ငှားနေကြတဲ့ စစ်ရှောင်မိသားစုတွေလကုန်ရက်တွေမှာမကြာခဏ စိတ်ညစ်ရတဲ့ကိစ္စတစ်ခုရှိပါတယ်။အဲဒါတော့ ငှားဖို့ အိမ်ရှာရတဲ့ကိစ္စပါ။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲကတွေက တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေရာ မြို့ခံအများစုမှာ မြို့ကနေ တိမ်းရှောင်သွားကြောင်း ကသာမြို့ခံတဦးက ပြောပါတယ်။

Facebook