Connect with us

Hi, what are you looking for?

Latest News

သတင်း

ပြည်သူလူထုတရပ်လုံးအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ နွေဦးတော်လှန်ရေးအင် အားစုတွေနဲ့ အတူ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ စစ်တပ်ပြုတ်ကျပြီး အာဏာရှင်ဟူသမျှ ကျဆုံးတဲ့အထိ စည်းလုံးညီညွတ်တဲ့စုပေါင်းအားနဲ့ အားသွန်ခွန်စိုက် ဆက်လက်ဝိုင်းဝန်းတော်လှန်ကြရမှာ ဖြစ်ကြောင်း တအာင်းပြည်ကောင်စီ(TLC)က တအာင်းနှစ်သစ်ကူး ကြိုဆိုတဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

သတင်း

မိုးမိတ်မြို့နယ်၊ မြစ်ဆုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၁၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ် ညောင်ပင်သာကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက်(၇၀) အဘိုးအိုတစ်ဦး အပါအဝင် ၂ဦး သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ပြီး ဒီနေ့ (ဒီဇင်ဘာ ၆)မှာ ကြိုတင်မဲထည့်သူ မရှိသလောက် နည်းပါးခဲ့တယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က ဖော်ပြခဲ့ပါတယ်။

ကဗျာ

ညသည် ငြိမ့်ညောင်းလှသော လေပြေနုနုတို့ဖြင့် ညမွှေးပန်းဟုတင်စားအပ်သော ကတက်ပန်းရနံ့တို့အား ယူဆောင်လာလေသည်။ ဝင်သက်ထွက်သက်တို့သည်လည်း ကတက်ပန်းရနံ့၏ ခေါ်ဆောင်ရာလှိုင်းတို့တွင် မျောပါသယောင်ရှိနေပေသည်။ ကြယ်တာရာကင်းစင်နေသော ကောင်းကင်နယ်ပယ်အောက်၌ စတီရီယိုခေတ်ဟောင်း ရေဒီယိုသီချင်းတပုဒ်သည် နားထဲသို့ ကြားတချက် မကြားတချက် တိုးဝင်နေလျှက်ရှိနေသည်။