Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံအသင်းတွေ ထိပ်တိုက်မတွေ့ခင် ဘောလုံးဂျာစီဝတ်ပြီး စကားရည် လုခဲ့ကြတဲ့ ဗြိတိန်နဲ့ နော်ဝေး ဝန်ကြီးချုပ်တွေ

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။

လေဘာပါတီ ကိုယ်စားပြု ဝန်ကြီးချုပ်တွေဖြစ်တဲ့ နော်ဝေးရဲ့ ဂျိုနက်စ် ဂါး စတိုးနဲ့ ဗြိတိန်ရဲ့ ဆာကီရာ စတာမာတို့ဟာ တူရကီ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ညီလာခံ တက်ရောက်ဖို့အတွက် တူရကီ နိုင်ငံ၊ အန်ကာရာမြို့ကို ရောက်ရှိနေခဲ့တာပါ။ ဇူလိုင် ၇ ရက်မှာတော့ အန်ကာရာမှာရှိတဲ့ ဗြိတိန် သံအရာရှိဆောင်မှာ စတာမာက စတိုးကို ဖိတ်ကြား တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံမှုမှာ ပထဝီဝင်နိုင်ငံရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့သလို ကမ္ဘာ့ဖလား ပြိုင်ပွဲအကြောင်းလည်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောခဲ့ကြပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ သံအရာရှိဆောင် ရှေ့ကို ဘောလုံးဂျာစီတွေ ဝတ်လျက်သား ထွက်လာပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့သလို စကားနိုင် လုခဲ့ကြ၊ အရပ်စကားနဲ့ ပြောရင် အပြန်အလှန် လေတိုက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၄၅ နှစ်တုန်းက နော်ဝေးဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အင်္ဂလန်နဲ့ ကစားပြီး အနိုင်ရခဲ့ကြောင်း၊ အဲဒီတုန်းက နော်ဝေးရဲ့ ရေဒီယို အစီအစဉ် ကြေညာသူ ဘော့ဂျ် လိုင်လီလီယန်က အာဏာရ ဝန်ကြီးချုပ် မာဂရက်သက်ချာ အပါအဝင် ဗြိတိန်ရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကို တိုင်တည်ပြီး ‘ခင်ဗျားတို့လူတွေ အကြီးအကျယ် အဆော်ခံလိုက်ပြီလို့’ ကြွေးကြော်ရင်း အောင်ပွဲခံခဲ့ဖူးကြောင်း စတိုးက ပြောပါတယ်။ သူရည်ညွှန်းတာက ၁၉၈၁၊ စက်တင်ဘာ ၉ ရက်နေ့တုန်းက နော်ဝေးအသင်းက နာမည်ကြီး အင်္ဂလန်ကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို ဆိုလိုတာပါ။

Public Service Announcement

Public Service Announcement

စတာမာကလည်း ငြိမ်ခံမနေဘဲ စတိုးအနေနဲ့ ထည့်မပြောဘဲ ချန်ထားတာက အင်္ဂလန်ဟာ ကမ္ဘာ့ဖလားကို လေဘာပါတီ အစိုးရ အာဏာရနေတဲ့ အချိန်မှာပဲ ဆွတ်ခူးတယ် ဆိုတာဖြစ်ကြောင်း၊ ၁၉၆၆ မှာ ကမ္ဘာ့ဖလား ရခဲ့ကြောင်း၊ ဒီတော့ လေဘာပါတီ အုပ်စိုးတဲ့ လက်ရှိကာလက အင်္ဂလန်အတွက် အချိန်အခါကောင်းဖြစ်ကြောင်း တုံ့ပြန်ပါတယ်။

အဲဒီအခါ စတိုးက ရယ်ရင်း အခုပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာမို့ စောင့်ကြည့်ကြဖို့ပြောရင်း နှစ်ဦးသား ဖက်လှဲတကင်းနဲ့ ပြန်လည် ထွက်ခွာသွားကြပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားကို ၁၉၆၆ ခုနှစ်မှာ တစ်ကြိမ်တည်း ဗိုလ်စွဲဖူးပြီး နော်ဝေးကတော့ အခုနှစ်မှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်လာတာပါ။

အင်္ဂလန်နဲ့ နော်ဝေးတို့ဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ မီယာမီ (Hard Rock) အားကစားကွင်းကြီးမှာ ဇူလိုင် ၁၁ ရက်နေ့ကျရင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းရဲ့ ပုံနှိပ်ထားတဲ့ ရှားပါး မိတ္တူ တစ်စောင်ကို ဗြိတိန်နိုင်ငံမှာ မမျှော်လင့်ဘဲ ရှာတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လ ၃၀ ရက်နေ့မှာ ဆက်လက် ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ အိုင်ဗရီကို့စ်ကို အနိုင်ယူပြီး အခုနှစ် ပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ထိ တက်လှမ်းနိုင်တဲ့ ပထမဆုံး ဥရောပ အသင်းအဖြစ် နော်ဝေးက မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဥရောပ အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်း သမိုင်းတလျှောက် အပူဆုံး စံချိန်တွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

Facebook