Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံအသင်းတွေ ထိပ်တိုက်မတွေ့ခင် ဘောလုံးဂျာစီဝတ်ပြီး စကားရည် လုခဲ့ကြတဲ့ ဗြိတိန်နဲ့ နော်ဝေး ဝန်ကြီးချုပ်တွေ

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။

လေဘာပါတီ ကိုယ်စားပြု ဝန်ကြီးချုပ်တွေဖြစ်တဲ့ နော်ဝေးရဲ့ ဂျိုနက်စ် ဂါး စတိုးနဲ့ ဗြိတိန်ရဲ့ ဆာကီရာ စတာမာတို့ဟာ တူရကီ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ညီလာခံ တက်ရောက်ဖို့အတွက် တူရကီ နိုင်ငံ၊ အန်ကာရာမြို့ကို ရောက်ရှိနေခဲ့တာပါ။ ဇူလိုင် ၇ ရက်မှာတော့ အန်ကာရာမှာရှိတဲ့ ဗြိတိန် သံအရာရှိဆောင်မှာ စတာမာက စတိုးကို ဖိတ်ကြား တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံမှုမှာ ပထဝီဝင်နိုင်ငံရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့သလို ကမ္ဘာ့ဖလား ပြိုင်ပွဲအကြောင်းလည်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောခဲ့ကြပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ သံအရာရှိဆောင် ရှေ့ကို ဘောလုံးဂျာစီတွေ ဝတ်လျက်သား ထွက်လာပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့သလို စကားနိုင် လုခဲ့ကြ၊ အရပ်စကားနဲ့ ပြောရင် အပြန်အလှန် လေတိုက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၄၅ နှစ်တုန်းက နော်ဝေးဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အင်္ဂလန်နဲ့ ကစားပြီး အနိုင်ရခဲ့ကြောင်း၊ အဲဒီတုန်းက နော်ဝေးရဲ့ ရေဒီယို အစီအစဉ် ကြေညာသူ ဘော့ဂျ် လိုင်လီလီယန်က အာဏာရ ဝန်ကြီးချုပ် မာဂရက်သက်ချာ အပါအဝင် ဗြိတိန်ရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကို တိုင်တည်ပြီး ‘ခင်ဗျားတို့လူတွေ အကြီးအကျယ် အဆော်ခံလိုက်ပြီလို့’ ကြွေးကြော်ရင်း အောင်ပွဲခံခဲ့ဖူးကြောင်း စတိုးက ပြောပါတယ်။ သူရည်ညွှန်းတာက ၁၉၈၁၊ စက်တင်ဘာ ၉ ရက်နေ့တုန်းက နော်ဝေးအသင်းက နာမည်ကြီး အင်္ဂလန်ကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို ဆိုလိုတာပါ။

Public Service Announcement

Public Service Announcement

စတာမာကလည်း ငြိမ်ခံမနေဘဲ စတိုးအနေနဲ့ ထည့်မပြောဘဲ ချန်ထားတာက အင်္ဂလန်ဟာ ကမ္ဘာ့ဖလားကို လေဘာပါတီ အစိုးရ အာဏာရနေတဲ့ အချိန်မှာပဲ ဆွတ်ခူးတယ် ဆိုတာဖြစ်ကြောင်း၊ ၁၉၆၆ မှာ ကမ္ဘာ့ဖလား ရခဲ့ကြောင်း၊ ဒီတော့ လေဘာပါတီ အုပ်စိုးတဲ့ လက်ရှိကာလက အင်္ဂလန်အတွက် အချိန်အခါကောင်းဖြစ်ကြောင်း တုံ့ပြန်ပါတယ်။

အဲဒီအခါ စတိုးက ရယ်ရင်း အခုပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာမို့ စောင့်ကြည့်ကြဖို့ပြောရင်း နှစ်ဦးသား ဖက်လှဲတကင်းနဲ့ ပြန်လည် ထွက်ခွာသွားကြပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားကို ၁၉၆၆ ခုနှစ်မှာ တစ်ကြိမ်တည်း ဗိုလ်စွဲဖူးပြီး နော်ဝေးကတော့ အခုနှစ်မှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်လာတာပါ။

အင်္ဂလန်နဲ့ နော်ဝေးတို့ဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ မီယာမီ (Hard Rock) အားကစားကွင်းကြီးမှာ ဇူလိုင် ၁၁ ရက်နေ့ကျရင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟိုသီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဆော်ဒီကို ကာကွယ်ပေးဖို့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိိတိန်ရဲ့ ခားစ်ဘုရင်ဆီကပေးပို့လာတဲ့စာအုပ်နှစ်အုပ်ကိုလက်ဝယ်သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်လာပါတယ်။

နိုင်ငံတကာ

ဗြိတိန်က တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူကို ကိုက်သတ်ခဲ့တဲ့ ကျားတစ်ကောင်ကို ဖျက်ဆီးပစ်မှာ မဟုတ်ကြောင်း တိရစ္ဆာန်ရုံဖက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)ကနေ ဗြိတိန် ခွဲထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit မဲခွဲဆုံးဖြတ်မှုတွေမှာ ရုရှားက ကျိန်းသေပေါက် ဝင်စွက်ဖက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်းက ပြောကြားခဲ့ပါတယ်။