ဒီဇင်ဘာ-၆၊၂၀၂၅။ သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ပြီး ဒီနေ့ (ဒီဇင်ဘာ ၆)မှာ ကြိုတင်မဲထည့်သူ မရှိသလောက် နည်းပါးခဲ့တယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ကြိုတင်မဲပေးဖို့ ဒီနေ့ (ဒီဇင်ဘာ ၆)က စတင်လုပ်ဆောင်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လာရောက်မဲပေးသူ မရှိသလောက် နည်းပါးခဲ့တယ်လို့ ပြည်ပရောက်တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံမှ တော်လှန်ရေးအဖွဲ့တွေက ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးသွားတဲ့လမ်းမှာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။



















































