Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်က ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ KNLA ဆက်နွယ်မှုစွပ်စွဲချက် မဟုတ်မှန်ဟု KNU ရှင်းလင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images/AFP)

ဇူလိုင် ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အဖွဲ့အမည် အလွဲသုံးတာ မဖြစ်စေဖို့ ထိုင်းနိုင်ငံ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ အသိပေးပါတယ်။

ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ KNLAနဲ့ ဆက်နွယ်မှု ရှိတယ်လို့ ယူဆရသူတွေအကြား ဆက်သွယ်မှု ရှိတယ်လို့ မီဒီယာအချို့မှာ ဖော်ပြခဲ့တာအပေါ် အများပြည်သူအကြား အထင်အမြင်လွဲမှားမှုတွေ မဖြစ်စေဖို့၊ KNU-KNLA နဲ့ ထိုင်းအာဏာပိုင်တွေအကြား ရေရှည်တည်ဆောက်ထားတဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကိုထိခိုက်မှု မရှိစေဖို့ အခုလို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KNLA ဟာ KNUရဲ့ လက်နက်ကိုင်ဖြစ်ကြောင်း ဖော်ပြပြီး KNU ကနေ သီးခြားခွဲထွက်ကာ ကိုယ်ပိုင် ကွပ်ကဲမှု စနစ်၊ ခေါင်းဆောင်မှု၊ ထိနး်ချုပ်နယ်မြေနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေနဲ့ လည်ပတ်နေတဲ့ အခြား ကရင်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ DKBA၊ KNU/KNLA-PCI BGFI KPFနဲ့ KTLA စတဲ့ ကရင်အဖွဲ့အများအပြား ရှိကြောင်း ဦးစွာ အသိပေးပါတယ်။

ဒါကြောင့် လူပုဂ္ဂိုလ်တစ်ဦးဟာ ကရင်လူမျိုးဖြစ်နေရုံ သို့မဟုတ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုခုနဲ့ ဆက်နွှယ်မှု ရှိသည်ဟု စွပ်စွဲခံရရုံမျှဖြင့် ထိုသူအား KNLA နဲ့ ဆက်နွှယ်ပတ်သက်နေသူဟု ကောက်ချက်ချဖို့ မလုံလောက်ဟု ဖော်ပြပါတယ်။

“ထိုင်းဘုရင့်နိုင်ငံတော်၏ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မည်သည့်ပုဂ္ဂိုလ်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ရှင်းလင်းစွာ သက်သေပြနိုင်သည့် ခိုင်လုံသော သတင်းအချက်အလက် သို့မဟုတ် သက်သေ အထောက်အထားများ ရှိထားပြီး ၎င်းအချက်အလက်များကို သင့်လျော်သော လမ်းကြောင်းများမှတစ်ဆင့် KNU နှင့် KNLA ထံသို့ ဆက်သွယ်အကြောင်းကြားလိုပါက KNU နှင့် KNLA အနေဖြင့် မိမိတို့ တတ်နိုင်သမျှ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ သက်ဆိုင်ရာ အချက်အလက်များကို စစ်ဆေးရန်နှင့် သင့်လျော်ပါက ညှိနှိုင်းဆောင်ရွက်ခြင်း၊ သတင်းအချက် အလက် မျှဝေခြင်းတို့မှတစ်ဆင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါသည်” လို့ ထုတ်ပြန်ပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်တာဟာ ထိုင်းနိုင်ငံဥပဒေအရ ပြစ်မှုကျူးလွန်ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ KNLA နဲ့ KNUရဲ့ အမည်နာမကို အလွဲသုံးစားလုပ်တာ ဒါမှ မဟုတ် မမှန်မကန် အသုံးချတာမျိုး မရှိစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးဟာ KNLAနဲ့ ဆက်နွှယ်မှုရှိတယ်လို့ အခိုင်အမာ ပြောဆိုချက်တိုင်း စိစစ်အတည်ပြုနိုင်တဲ့ အချက်အလက်တွေနဲ့ ခိုင်လုံသော သက်သေအထောက်အထားများအပေါ် အခြေခံရမယ်လို့ အသိပေးပါတယ်။ အဲဒီလို သက်သေ အထောက်အထားတွေထဲမှာ အဖွဲ့ဝင်ဖြစ်ကြောင်း အထောက်အထား၊ ကွပ်ကဲမှု သို့မဟုတ် အစီရင်ခံမှု ဆိုင်ရာ ဆက်ဆံရေး၊ တရားဝင် ခန့်အပ်တာဝန်ပေးချက် သို့မဟုတ် ၎င်းပုဂ္ဂိုလ်ဟာ အဖွဲ့အစည်းနဲ့ ဆက်နွှယ်မှုရှိကြောင်း ပြသသည့် အခြားခိုင်မာသော စာရွက်စာတမ်း အထောက်အထားများပါဝင်တယ်လို့ ဆိုပါတယ်။

“ခိုင်လုံသော အထောက်အထားမရှိဘဲ သာမန်စွပ်စွဲချက်များ၊ ကောလာဟလများ သို့မဟုတ် ပြင်ပပုဂ္ဂိုလ်များနှင့် ပတ်သက် ဆက်နွှယ်မှုများ ရှိရုံမျှဖြင့် ထိုပုဂ္ဂိုလ်အား KNLA နှင့် ဆက်နွှယ်နေသည်ဟု သတ်မှတ်ရန် မလုံလောက်ပါ” လို့ KNUက ရှင်းလင်းခဲ့ပြီး မီဒီယာမှာ ဖော်ပြထားတဲ့ ဘယ်စီးပွားရေးလုပ်ငန်း သို့မဟုတ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနဲ့မဆို KNU-KNLA အနေဖြင့် လုံးဝပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ပါတယ်။

သတင်းတွေမှာ စွပ်စွဲထားသလို အဖွဲ့အစည်းရဲ့ လုပ်ငန်း ဆောင်ရွက်မှုများအတွက် ငွေကြေးထောက်ပံ့မှု ရှာဖွေဖို့ ရာ်ရွယ်ချက်နဲ့ ထိုင်းမှာ ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်းဆိုင်ရာ မူဝါဒမျိုး KNU-KNLAမှာ လုံးဝမရှိကြောင်းလည်း ဖော်ပြပါတယ်။

လက်ရှိ အများပြည်သူသိရှိနိုင်တဲ့ သတင်းအချက်အလက်များအရ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ လူသိရှင်ကြား အမည်ထုတ်ဖော်ထားခြင်း မရှိသလို၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေဟာ KNLA အဖွဲ့ဝင်များ သို့မဟုတ် တရားဝင်ဆက်နွှယ်နေသူများဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်တဲ့ သက်သေ တစုံတရာ တင်ပြနိုင်ခြင်း မရှိဟုလည်း ထုတ်ပြန်ထားပါတယ်။

“ခိုင်လုံသော အချက်အလက်များမရှိဘဲ အမည်မသိပုဂ္ဂိုလ်များ၏ စွပ်စွဲချက် လုပ်ရပ်များကို အဖွဲ့အစည်းနှင့် တွဲဖက်ဖော်ပြခြင်းသည် အများပြည်သူအကြား ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပြီး KNU နှင့် KNLA ၏ ဂုဏ်သိက္ခာကို အကြောင်းမဲ့ ထိခိုက်ပျက်ပြားစေနိုင်ပါသည်” လို့ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါး ကုန်ကူးမှု၊ ငွေကြေးခဝါချမှု သို့မဟုတ် နယ်စပ်ဖြတ်ကျော် စနစ်တကျ ရာဇဝတ်မှုများနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို အဲဒီလို တရားမဝင် လုပ်ငန်း ဆောင်ရွက်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း၊ အားပေးကူညီခြင်း၊ လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးခြင်း သို့မဟုတ် အကာအကွယ်ပေးခြင်းဆိုင်ရာ မူဝါဒမျိုး လုံးဝမရှိကြောင်း KNUက ထုတ်ပြန်ပါတယ်။

မည်သူမဆို ရာဇဝတ်မှုဆိုင်ရာ အပြုအမူများကို ကျူးလွန်နေစဉ် KNU သို့မဟုတ် KNLAနဲ့ ဆက်နွှယ်မှုရှိတဲ့လို့ အခိုင်အမာဆိုလာပါက အဲဒီလုပ်ရပ်ဟာပုဂ္ဂိုလ်ရဲ့တစ်ဦးတည်းသော တာဝန်သာဖြစ်ပြီး KNU နဲ့ KNLA ရဲ့ ကိုယ်စား သို့မဟုတ် ခွင့်ပြုချက်နဲ့ ဆောင်ရွက်တာလို့ မယူဆဖို့လည်း ဖော်ပြထားပါတယ်။

KNU-KNLA အနေဖြင့် မူးယစ်ဆေးဝါး ကုန်ကူးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အခြားသော စနစ်တကျ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းခြင်းဟာ ဒေသတွင်းရှိ လူမှုအသိုင်းအဝိုင်းများရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ အသိအမှတ်ပြုကြောင်း ထုတ်ပြန်ပါတယ်။

ဒါကြောင့် NU-KNLA အနေနဲ့ အပြန်အလှန် လေးစားမှုအပေါ် အခြေခံ၍ လက်တွေ့ကျသော လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ သတင်းအချက် အလက်များ ဖလှယ်တာတွေကို ဆက်လက်ပံ့ပိုးကူညီသွားဖို့ ဆန္ဒရှိတယ်လို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး

သတင်း

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။

သတင်း

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

Facebook