Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်း တိုက်ပွဲဆက်ပြင်းထန်၊လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိဟု ချင်းတပ်ပြော

ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။

(လက်တလော ချင်းတောင်ပိုင်းတိုက်ပွဲတွေအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ချင်းပြည်သူ့တပ်မတော်)

ဇူလိုင်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။

ဇူလိုင် ၄ရက်က ကျင်းပတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်တွေအတွက် အရေးပေါ် ရံပုံငွေ ရတနာစျေးရောင်းပွဲမှာ ဆလိုင်းယောမာန်တက်ရောက်ပြီး အခုလို အသိပေးခဲ့တာပါ။

” လက်ရှိမှာ မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီကလည်း လေကြောင်း တိုက်ခိုက်မှု တောက်လျှောက်ရှိနေပါတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲဘော်တွေအနေနဲ့ အကောင်းဆုံးကြိုးစား တိုက်ပွဲဝင်နေကြပြီးတဖက်မှာလည်း အခက်အခဲတွေရှိနေကြောင်း အသိပေးပါတယ်။တနိုင်ငံလုံး အခက်အခဲ ကြုံနေရပြီး စစ်ဒဏ်ခံနေရတဲ့ ဒေသတွေပိုခံစားရတယ်လို့ သူက ပြောပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်း ပြန်ထိန်းချုပ်နိုင်ဖို့ လူလှိုင်းလုံး အသုံးပြု အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်ခဲ့တာလို့ ပြောပါတယ်။

“အခြားနေရာတွေမှာ အောင်ပွဲတွေရခဲ့တော့ ဒီမှာလည်းပဲ လွယ်လွယ်ကူကူရမယ်လို့ ထင်ပုံရတယ်။”လို့ ဆလိုင်းယောမာန်ကပြောပါတယ်။

စစ်တပ်ထိုးစစ်ကို တော်လှန်ရေးတပ်တွေအနေနဲ့ အခက်အခဲပေါင်းစုံကြားထဲက ပြန်တွန်းလှန်နိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။

ဒါအပြင် မြေပြင်က ရဲဘော်တွေ၊ ပြည်သူတွေအားလုံး ကြိုးပမ်းအားစိုက်နေကြသလို ကူညီပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ဆလိုင်းယောမာန်က ပြောပါတယ်။

ရှေ့ဆက်မှာ ဒီထက်ပိုပြီး ကြီးမားတဲ့အောင်မြင်မှုတွေရအောင်၊ ကြီးမားတဲ့ မျှော်လင့်ချက်တွေ တကယ်အကောင်အထည်ဖော်လာနိုင်အောင် တော်လှန်ရေးဦးမော့လာအောင် တော်လှန်ပြည်သူတွေ ဂုဏ်ယူရအောင်၊ တရားဘက် ဓမ္မဘက်က ရပ်တည်တဲ့သူတွေ လက်မပြန်ထောင်နိုင်အောင် ဆက်လက် ကြိုးစားရမယ်လို့လည်း ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကို တွန်းလှန်နိုင်ဖို့ တရားမျှတမှု၊ ငြိမ်းချမ်းမှု ပြန်ကိန်းအောင်းလာအောင် အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လည်း တိုက်တွန်းပါတယ်။

စစ်တပ်ဟာ မေလလယ်ကစပြီး ချင်းတောင်ပိုင်းထိုးစစ်ကို အင်အားအလုံးအရင်းနဲ့ ပြုလုပ်လာတာကို ချင်းပြည်သူ့အစည်းအရုံးနဲ့ မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေတာပါ။ တိုက်ပွဲ တလခွဲကျော်အတွင်း တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် အင်အား ရာချီထိခိုက်သေဆုံးသလို စစ်သုံ့ပမ်းတွေ ဖမ်းမိတာ၊ လက်နက်ခဲယမ်းတွေ သိမ်းရတာတွေရှိတယ်လို့လည်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။