Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဝက်လက်နဲ့ က​လေးဒေသမှာ ပြုလုပ်

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ က​လေးမြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၉)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ကလေးမြို့နယ်သပိတ်၊ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဇူလိုင်-၉၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ က​လေးမြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၉)မှာ ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး “စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး” အလံမလိပ် အသံမတိတ် လှုပ်ရှားမှု တရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ကလေးဒေသခံပြည်သူတွေကိုလည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ၊ စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်ကာ” ဆိုတဲ့အတိုင်း ရရာကဏ္ဍ နည်းလမ်းအသီးသီးမှ ပါဝင်တိုက်ပွဲဝင်ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ် တနေရာမှာလည်း မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ ကျောင်းသားပြည်သူတွေ ပူးပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေး သပိတ်တရားဟောပြောခြင်း၊ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ၊ ” THE LADY” ရုပ်ရှင်ပြသခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ ကိုထက်မြတ်အောင်နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB တို့ကို Forum 2000 Foundation က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆု (International Award for Courage and Responsibility)ဆုချီးမြှင့်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ၂နာရီကြာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ဦး သေဆုံးပြီး ၁၂ဦးဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ်အရှေ့မြောက်ဘက်ကို အာဏာသိမ်းစစ်တပ်ကအောက်တိုဘာလ ၄ ရက်မှာလေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီကနေ့ (အောက်တိုဘာ ၂) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

Facebook