Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဝက်လက်နဲ့ က​လေးဒေသမှာ ပြုလုပ်

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ က​လေးမြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၉)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ကလေးမြို့နယ်သပိတ်၊ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဇူလိုင်-၉၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ က​လေးမြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၉)မှာ ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး “စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး” အလံမလိပ် အသံမတိတ် လှုပ်ရှားမှု တရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ကလေးဒေသခံပြည်သူတွေကိုလည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ၊ စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်ကာ” ဆိုတဲ့အတိုင်း ရရာကဏ္ဍ နည်းလမ်းအသီးသီးမှ ပါဝင်တိုက်ပွဲဝင်ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ် တနေရာမှာလည်း မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ ကျောင်းသားပြည်သူတွေ ပူးပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေး သပိတ်တရားဟောပြောခြင်း၊ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ၊ ” THE LADY” ရုပ်ရှင်ပြသခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။