ဝတ္ထုတို
တော်သလင်းနေရောင်အောက်ရှိ အရိပ်ရ တမာပင်အောက်တွင် ဒေါ်စန်းရီတယောက် ခြေပစ်လက်ပစ်နှင့် ထိုင်နေသည်။ ခါတိုင်းရက်များတွင် ခပ်မြင့်မြင့် ထုံးနေကြဖြစ်သည့် ဘီးဆံပတ်ထုံးကြီးမှာလည်း သေချာမထုံးနိုင်၍ ဆံပင်များ ဖွာလန်ကြဲကာ ပြေလျော့နေသည်။ သည်နေပူ၊ သည်ကာလများ ဘယ်အထိကြာရှည်အောင် စစ်ဘေးရှောင်ရပါမည်နည်း။ ဒေါ်စန်းရီသာမက၊ မည်သူမျှ မခန့်မှန်းနိုင်။ စစ်ကြောင်းဝင်လာပြီတဲ့ ဆိုလျှင် ဒေါ်စန်းရီတို့...



















































