Connect with us

Hi, what are you looking for?

သတင်း

ပါရာမော်တာ ပျက်ကျတဲ့နေရာအနီး တိုက်ပွဲ ဖြစ်လို့ စစ်တပ်အထိနာပြန်ဆုတ်၊ စစ်သားသစ် ၃ဦးအလင်းဝင်

မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်အစပ် ပါရာ​မော်တာပျက်ကျခဲ့တဲ့​နေရာအနီး ဒီကနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်စစ်​ကြောင်းသေဆုံးထိခိုက်သူ​တွေရှိတာ​ကြောင့် ​နောက်ပြန်ဆုတ်ခဲ့သလို ပေါ်တာဆွဲထားတဲ့ တပ်သားသစ် ၃ဦးလည်းလက်နက်နဲ့ အလင်းဝင်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်သားသစ် ၃ ဦး နဲ့ တိုက်ပွဲဖြစ်ပြီး​သွေးကွက်​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ- မြိုင်ပကဖ

နိုဝင်ဘာ-၂၃၊၂၀၂၅။​ထားမြတ်၊​ဇော်ဝင်း/ People’s Spring

မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်အစပ် ပါရာ​မော်တာပျက်ကျခဲ့တဲ့​နေရာအနီး ဒီကနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်စစ်​ကြောင်းသေဆုံးထိခိုက်သူ​တွေရှိတာ​ကြောင့် ​နောက်ပြန်ဆုတ်ခဲ့သလို ပေါ်တာဆွဲထားတဲ့ တပ်သားသစ် ၃ဦးလည်းလက်နက်နဲ့ အလင်းဝင်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၂ရက်မှာ စစ်တပ်ရဲ့ပခုက္ကူအခြေစိုက်တပ်မ (၁၀၁) ကနေ ပေါက်မြို့နယ်ကိုပါရာမော်တာ ၂စီးနဲ့ ဗုံးကြဲပြီးအပြန်ပေါက်ပကဖတပ်ရင်းမှူးဦးဆောင်တဲ့ ကျားဘီလူးစစ်ကြောင်းက မြိုင်ပကဖ ၊MGY PDF တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိ​ရပါတယ်။

“ပိုင်းလော့ ဦးထုပ်ကိုတွေ့တယ်။ဒါပေမယ့် စစ်ကောင်စီစစ်ကြောင်း နဲ့အနီးကပ်လွန်တာကြောင့် သေတယ်ရှင်တယ် မသိရသေးဘူး”လို့ ပေါက် ပကဖ စစ်ဘက်ရေးရာသတင်းထောက်လှမ်းရေးတာဝန်ခံ ကိုစစ်မုန်းကလူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ နေ့လည်မှာတော့ ပေါက်နယ်နဲ့ မြိုင်နယ် ထိစပ်နယ်မြေဖြစ်သော နသတ်၊ တဲကြီး၊ ကံသစ်၊ ကမ္ဘာဖြူ၊ ကျောက်ခွက်ကျေးရွာများအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ အနီးကပ်ထိတွေ့တိုက်ပွဲ မိနစ် (၂၀)ခန့်ဖြစ်ပွားခဲ့ကြောင်း မြိုင်ပကဖက အသိ​ပေးပါတယ်။

“မ​နေ့က ပါရာ​မော်တာ ပျက်ကျတဲ့​နေရာကို ကမ္ဘာဖြူကျေးရွာမှာတပ်စွဲထားတဲ့ အင်အား ၁၀၀ ကျော် စစ်ကြောင်းက ဒီမနက်အစောက စလို့ တဲကြီးရွာဝင်လာတယ်။ပြီးတော့ တိုက်ပွဲ ဖြစ်တာ”လို့ မြိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာစစ်သား မျက်မြင် (၄)ဦး လဲကျသလို (၁၀)ဦးကျော်ထိခိုက်ဒဏ်ရာ ရပြီး တပ်နောက်ပြန်ခေါက်သွားတယ်လို့​ဖော်ပြပါတယ်။တပ်​နောက်ဆုတ်သွားပြီး အခြားနေရာမှာ စုဖွဲ​၍ လက်နက်ကြီး​တွေနဲ့အချက်ပေါင်းမြောက်များစွာပစ်ခတ်တယ်လို့မြိုင်ပကဖ က​အသိ​ပေးပါတယ်။ဒါအပြင် စစ်တပ်စစ်​ကြောင်းဟာအော်ဟစ်ဆဲဆို ငိုကြွေး​နေတယ်လို့လည်း မြိုင်ပကဖက ဆို ပါတယ်။

တိုက်ပွဲမှာ စစ်တပ်အထိနာသွားတာ​ကြောင့်ဂျက်ဖိုက်တာနဲ့ ပေါက်/မြိုင် ထိစပ်ကျေးရွာတွေကို နိုဝင်ဘာ ၂၃ ရက်မှာ လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ် ၁ နာရီ ခွဲမှာ တဲကြီးရွာနဲ့ နသတ်ရွာဝန်းကျင်က ဒေသခံ အိုးအိမ်တွေကို စစ်ကောင်စီက မီးရှို့တာတွေ ရှိတယ်လို့ ၎င်းက အသိပေးပါတယ်။

ဒါ့အပြင် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း ခလရ (၄၁၈)၊ ခလရ (၄၁၉)တပ်ရင်းက ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေ မြိုင်ပကဖ ထံအလင်းဝင်လာပါတယ်။ မန္တ​လေးနဲ့ ရှမ်းပြည်နယ်မှာပေါ်တာဆွဲခံရလို့ တပ်ထဲ ဝင်ရောက်လာတဲ့ တပ်သား သန့်ဇင်၊ တပ်သား တင်ထွန်း၊ တပ်သား အောင်မိုး တို့ဟာ MA 1 သေနတ် ၃လက်၊ ကျည်ဘောက်၃ခုနဲ့ ကျည်တွေ ယူလာပြး ပေါက်နဲ့ မြိုင် ပကဖထံကို ဒီကနေ့မနက်မှာ အလင်းဝင်လာတာလို့ ဖော်ပြပါတယ်။

ဒီကနေ့ တိုက်ပွဲဖော်ဆောင်မှုမှာလည်း MGY PDF ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ၊YDFနဲ့ မြိုနယ်အသီးသီးက LPDF တွေ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်သားတွေဟာ ပေါက်မြို့နယ် ချိုင့်ဇောက်၊ ထန်းပေါက်ကုန်း၊ ဖလံကိုင်း၊ သစ်ကြီးတော၊ ကျောက်တိုင်ခင်၊ ညောင်ဇင်ရွာတွေကို မွှေနှောက်ကာ မီးရှိဖျက်စီးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ တပ်တွေဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

မြိုင်မြို စက်မှု (၂) မှ ထွက်လာတဲ့ စစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းဖို့ ဆိုပေမယ့် နယ်မြေမရှင်းလင်းနိုင်ပဲ ပြည်သူပိုင်ပစ္စည်းတွေခိုးယူတာ၊ ပြည်သူပိုင် ကြက်၊ ဝက်၊နွားတွေကို မတရားသတ်ဖြတ်စား​သောက်တာ လုပ်ဆောင်ခဲ့ပြီး ဖလံကိုင်းကျေးရွာမှာ အခြေပြုလှုပ်ရှားနေတဲ့ စစ်​ကြောင်းတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

အဲဒီတပ်တွေဟာ နိုဝင်ဘာ ၂၂ရက်မှာ ဖလံကိုင်းကျေးရွာမှ ထွက်ခွာပြီး ပေါက်မြိုနယ် ကမ္ဘာဖြူကျေးရွာကို တိတ်တဆိတ်ထွက်ခွာသွားလို့ တော်လှန်ရေးတပ်တွေက အဲဒီ စစ်ကြောင်းကို လိုက်လံရှာဖွေ တိုက်ခိုက်​နေတာပါ။အကြိမ်ပေါင်းများစွာတိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်တပ်စစ်​ကြောင်းတွေအထိနာ​နေတယ်လို့ မြိုင်ပကဖ ကထုတ်ပြန်ပါတယ်။

စစ်တပ်က ပေါက် မြို့နယ်နယ်မြေအတွင်း စစ်ကြောင်း သုံး​ကြောင်းနဲ့ ဖြန့်ခွဲထားတာပါ။ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၄ )ကနေ အင်အား ၁၈၀ ကျော်ပါတဲ့စစ်ကြောင်းက ပေါက်မြို့နယ်အနောက်မြောက်ခြမ်း နဲ့ ကပစ ၂၄ က အင်အား ၂၀၀ ကျော်စစ်ကြောင်းကလည်း ပေါက်မြောက်ပိုင်းမှာရှိနေပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ် အနောက် တောင်ဘက်ခြမ်းက တပ်မတော်အကြီးစားစက်ရုံ (စက်မှု ၂ )က အင်အား၂၀၀ ပါတဲ့ စစ်ကြောင်းက ပေါက်မြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုး နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ