Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲစစ်တပ်အထိနာပြီးစခန်းအချို့ဆုတ်ရလို့ လေကြောင်းအန္တရာယ်သတိထားကြဖို့စစ်​ရှောင်အ​ရေး​ဆောင်ရွက်သူ​တွေသတိ​ပေး

ကျောက်ဖြူမြို့နယ်တိုက်ပွဲမှာ စစ်တပ် အထိနာပြီးတပ်စွဲထားတဲ့နေရာတွေကနေဆုတ်ခွာနေရတာ​ကြောင့် ရခိုင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်ပိုပြီးသတိပြုကြဖို့ စစ်​ဘေး​ရှောင်​တွေကိုကူညီ​နေသူတွေကသတိပေးပါတယ်။

နိုဝင်ဘာ ၁၄ ရက်က အာဏာသိမ်းစစ်သား​တွေကမင်းပြင်ရေဒါစခန်းရှေ့မှာ​အောင်ပွဲခံဓါတ်ပုံရိုက်​နေတုန်း AA ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်စဥ်။ ဓါတ်ပုံ-AA

နိုဝင်ဘာ-၂၃၊၂၀၂၅။အိမ်သွင်/People’s Spring

ကျောက်ဖြူမြို့နယ်တိုက်ပွဲမှာ စစ်တပ် အထိနာပြီးတပ်စွဲထားတဲ့နေရာတွေကနေဆုတ်ခွာနေရတာ​ကြောင့် ရခိုင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်ပိုပြီးသတိပြုကြဖို့ စစ်​ဘေး​ရှောင်​တွေကိုကူညီ​နေသူတွေကသတိပေးပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာ နဲ့ သိုင်းချောင်းရွာတွေနားမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်လို့ ရခိုင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။

“ အခြေအနေကတော့ သတင်းတွေ ထွက်တဲ့အတိုင်းပဲကျောက်ဖြူမှာက တပ်တော်(AA)ဘက်ကနေ ပိုပြီး ဖိထားတယ်။စစ်တပ်ဘက်ကဆုတ်ပေးလိုက်ရတဲ့နေရာတွေရှိတယ်။ ရှေ့တန်းကိုရောက်လာတဲ့ကောင်တွေကလည်း ပြည်သူ့စစ်သင်တန်းဆင်းတွေများတယ်ဆိုတော့ ပြေးကြတာပဲ။ အလင်းဝင်တာတွေလည်း ရှိတယ်” လို့ စစ်​ရေးသတင်းရင်းမြစ် တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ ၁၉ ရက်နေ့က မင်းပြင်ရွာအနီးတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းပျက်သွားပြီးတဲ့‌နောက် ညပိုင်းအထိ လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ၁၄ရက်နေ့က AAက ယာယီဆုတ်ခွာခဲ့တဲ့ မင်းပြင်ရေဒါစခန်းရှေ့မှာဝါဒဖြန့်ဖို့ဓာတ်ပုံရိုက်နေတဲ့ စစ်သား၂၀ ​လောက်ကို AA က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ ကျန်တဲ့ စစ်သားတွေက စစ်ကြောင်းနှစ် ကြောင်းခွဲပြီး ရွာပတ်ဝန်းကျင်ကို စီနင်းတိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေအပြင်အထန်ဖြစ်ပွားခဲ့တာပါ။

“ ၁၉ရက်နေ့က တိုက်ပွဲမှာ ဆယ်ယောက်ကျော် ဖမ်းမိခဲ့တယ်။လက်နက်တွေလည်းရခဲ့တာရှိတယ်။ လက်ရှိမှာ မင်းပြင်ရွာတဝိုက်မှာ စစ်ကြောင်းတွေ ပြန့်ကြဲနေပြီးတိုက်ပွဲတွေဆက်ဖြစ်နေတယ်” လို့ ရခိုင်သတင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲမှာအထိနာနေတဲ့စစ်တပ်ကနိုဝင်ဘာလ၁၇ရက်နေ့ မနက်ပိုင်းကနေညပိုင်းအထိကျောက်ဖြူမြို့နယ်ထဲက ၅နေရာထက်မနည်းကို ​လေယာဥ်​တွေ၊ဆူဆိုက်ဒရုန်း​တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင်လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်အောက်တိုဘာလကုန်ပိုင်းကနေနိုဝင်ဘာလလယ်ပိုင်းအထိ ရခိုင်ပြည်နယ်က မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျိန္တလီမြို့တွေကိုစစ်တပ်ကလေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၂၅ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာMNDAA၊TNLAတို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူပြီး လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လာတယ်လို့ AAက အောက်တိုဘာလ၃၁ရက်နေ့မှာထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ လူထုအပေါ်ကမ်းကုန်အောင်ရက်စက်ယုတ်မာနေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်အုပ်စုရဲ့လေကြောင်း၊ ရေကြောင်းလက်နက်ကြီး၊ ဒရုန်းများ တိုက်ခိုက်မှုတွေကို သတိပြုကြဖို့တိုက်တွန်းထားပါတယ်။

TNLA၊MNDAA တို့နဲ့ အပစ်မရပ်ခင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ခဲ့တဲ့လုပ်ရပ်မျိုးကို စစ်အုပ်စုကရခိုင်ပြည်နယ်မှာကျူးလွန်လာနိုင်တယ်လို့ ရခိုင်ပြည်နယ်မှာ စစ်​ဘေး​ရှောင်​တွေကို ကူညီ​နေတဲ စာရေးဆရာဝေဟင်အောင်က လူမှုကွန်ရက်ကနေသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ