သတင်း ဗန်းမော်မှာ အပြန်အလှန်စစ်ဆင်ရေးလုပ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဟု KIAပြော ကချင်ပြည်နယ်၊ဗန်းမော်မြို့အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေတာ ၁၁လကြာမြင့်လာပြီဖြစ်ပြီး နှစ်ဖက်ဘက်က စစ်ဆင်ရေးတွေအပြန်အလှန်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဆက်တိုက်ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၈ရက် ညသတင်းမှာ ဖော်ပြထားပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း စစ်ဆင်ရေးလုပ်ငန်းတွေကြောင့် ဗန်းမောက်မြို့ ညမထွက်ရအမိန့် PDFထုတ်ပြန် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်ဆင်ရေးလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက်နိုင်ဖို့ ညမထွက်ရအမိန့် ရက်အကန့်အသတ်မရှိထားရှိမယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း KK Park က အဆောက်အဦး ၁၀၀ ကျော်ကို ဖြိုချဖျက်ဆီးပြီးပြီလို့ စစ်ကောင်စီဆို ကရင်ပြည်နယ်၊မြဝတီမြို့နယ်ထဲကမယ်ထော်သလေးနယ်မြေမှာတည်ရှိတဲ့ KK Park ကျားဖြန့် ဝင်းထဲက အဆောက်အဦး ၁၀၀ ကျော်ကို ဖြိုချဖျက်ဆီးလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း မန္တလေးပျူစောထီးခေါင်းဆောင်လုပ်ကြံသတ်ဖြတ်ခံရပေမယ့် အချင်းချင်းလုပ်ကြံတာမို့ စစ်တပ်အရေးမယူရဲ မန္တလေးမြို့မှာ အချင်းချင်းလုပ်ကြံအသတ်ခံရတဲ့ ပုသိမ်ကြီးမြို့နယ်က ပျူစောထီး ခေါင်းဆောင်ကို လုပ်ကြံသူကို သိပေမယ့် အာဏာပိုရှိတာမို့ အရေးမယူနိုင်ဘူးလို့ ပျူခေါင်းဆောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း တောင်သာမြို့နယ်တိုက်ပွဲ စစ်တပ်အထိနာ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က တမိုက်သာ ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီး တွေအထိုင်ချထားတဲ့စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦး သေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)(တောင်သာ)က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025