နိုဝင်ဘာ ၉၊ ၂၀၂၅။မိုမို/People’s Spring
စစ်ဆင်ရေးလုပ်ငန်းတွေကြောင့် ဗန်းမောက်မြို့ ညမထွက်ရအမိန့် PDF ထုတ်ပြန်
နိုဝင်ဘာ ၉၊ ၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်ဆင်ရေးလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက်နိုင်ဖို့ ညမထွက်ရအမိန့် ရက်အကန့်အသတ်မရှိထားရှိမယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒီကနေ့(နိုဝင်ဘာ ၉ရက်)ကစပြီး ည ၉နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်တာဖြစ်ပါတယ်။
ပြည်သူတွေရဲ့လုံခြုံရေးနဲ့ မလိုလားတဲ့ထိခိုက်မှုတွေ မဖြစ်စေဖို့ ပြည်သူတွေအနေနဲ့ စိတ်ရှည်သတိကြီးစွာနဲ့ ပူပေါင်းပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
အရေးပေါ်ကိစ္စနဲ့ကျန်းမာရေးကိစ္စတွေအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားပြီးသွားဖို့နဲ့ အချိန်သတ်မှတ်ချက်ကို လိုက်နာမှုမရှိရင် ထိရောက်စွာအရေးယူမယ်လို့ ကသာခရိုင်တပ်ရင်း (၄)က သတိပေးပါတယ်။
“ နေ့တိုင်နီးပါး ဆော်နေကြတယ်။စကစ နဲ့ SNA ကတော့ ဒရုန်းရော လေကြောင်းနဲ့ပါ မြို့တွင်းက အဆောက်အဦးတွေကို ဗုံးကြဲနေတာရှိတယ်” လို့ ဗန်းမောက် မြို့မှာရှိနေတဲ့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့ ပြန်ရရေး စစ်ကောင်စီက စစ်ကြောင်းထိုးရာလမ်းတလျှောက်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးတာအပြင် ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်တာနဲ့ ဒေသခံပြည်သူတွေ ဖမ်းဆီးခေါ်ဆောင် သွားတာရှိတယ်လို့လည်း ဗန်းမောက်မြို့ခံတချို့က ဆိုပါတယ်။
မြို့ အနောက်ဘက်ခြမ်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်မှာ အင်အား ၅၀၀ဝန်းကျင်ရှိတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)လက်အောက်ခံတပ်ရင်းအချို့အားဖြည့်ထားတဲ့အပြင် အရင်မြို့နယ်အတွင်း တပ်စွဲခဲ့တဲ့ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၂၀ဝန်းကျင်နဲ့ မြို့ပေါ် လေးရပ်ကွက်က ပြည်သူ နှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဗန်းမောက် ပကဖက ထုတ်ပြန်ထားပါတယ်။
ဗန်းမောက်မြို့ကိုအမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
(PDF ရဲဘော်တွေ ဗန်းမောက်မြို့ဝင်ဆိုင်းဘုတ်ရှေ့တွင် အောင်ပွဲခံနေစဥ်။ ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ)