Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နော်ဝေးကို ခက်ခက်ခဲခဲ အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ တက်ခဲ့တဲ့ အင်္ဂလန်

နော်ဝေးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားပြီးတဲ့နောက် နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီထက်ပိုခမ်းနားတဲ့ ခြေလှမ်းသစ် တစ်ခုကို မျှော်လင့်ခဲ့တဲ့ ဖျက်မြင်း အသင်းကောင်း နော်ဝေးကတော့ ရည်မှန်းချက် မပြည့်မြောက်တော့ဘဲ အိမ်ပြန်ခဲ့ရပါတယ်။

နော်ဝေးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားပြီးတဲ့နောက် နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီထက်ပိုခမ်းနားတဲ့ ခြေလှမ်းသစ် တစ်ခုကို မျှော်လင့်ခဲ့တဲ့ ဖျက်မြင်း အသင်းကောင်း နော်ဝေးကတော့ ရည်မှန်းချက် မပြည့်မြောက်တော့ဘဲ အိမ်ပြန်ခဲ့ရပါတယ်။

အစပိုင်း မိနစ်တွေမှာ ပွဲက နည်းနည်း အေးနေခဲ့ပေမယ့် ပွဲချိန် ၃၆ မိနစ်မှာ အန်းဒရီးရက်စ် ရှဂျဲလ်ဒရပ်ရဲ့ သွင်းဂိုးနဲ့ နော်ဝေးက ဦးဆောင်လိုက်ချိန်မှာ ပွဲက ပိုပြီး မြိုင်ဆိုင်လာပါတယ်။ အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်ဒ် ပေးပို့တဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ ရှဂျဲလ်ဒရပ်က လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီး နာကျင် အပိုဆောင်းချိန်မှာတော့ အန်တိုနီ ဂေါ်ဒွန် ပေးပို့တဲ့ ဘောလုံးကို ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ်က ဧရိယာထဲ ထိုးဖောက်ဆွဲယူ ကန်သွင်းပြီး အင်္ဂလန်တို့ ချေပဂိုး ရခဲ့ပါတယ်။

အဲဒီဂိုး ရရှိသွားတဲ့ အင်္ဂလန်ရဲ့ တိုက်စစ်ဆင်မှုအတွင်း ကန်တင်ပေးလိုက်တဲ့ ဘောလုံးဟာ ဘောလုံးကွင်း အထက်မှာရှိတဲ့ ကင်မရာ ကေဘယ်လ်ဝါယာကြိုးကို ထိပြီး လမ်းကြောင်းပြောင်းသွားကြောင်း နော်ဝေး အသင်းဖက်က ကန့်ကွက်ခဲ့ပါသေးတယ်။ စည်းမျဉ်းတွေအရ အဲဒီလို ပြင်ပ အနှောင့်အယှက်နဲ့ ထိမိရင် သွင်းဂိုးကို ပယ်ဖျက်ရမယ့် အခြေအနေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးထဲမှာ ထည့်သွင်းထားတဲ့ အာရုံခံ စနစ်မှာတော့ ကြိုးနဲ့ ထိမိငြိမိခဲ့ကြောင်း ညွှန်ပြတဲ့ ဂရပ်ဖ် အပြောင်းအလဲ မရှိခဲ့ဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဆုံးဖြတ်ပြီး သွင်းဂိုးကို ခွင့်ပြုခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံး အပြန်အလှန် ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ကြပေမယ့်လည်း ဂိုးတော့ ထပ်မရခဲ့ကြပါဘူး။ ၅၅ မိနစ်မှာ တော့ဘ်ဂျွမ် ဟက်ဘ်ဂမ်က နော်ဝေးအတွက် ဂိုးသွင်းခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က ဗီဒီယို အနှေးပြကွက် (VAR) ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီဂိုး မကန်သွင်းခင်မှာ နော်ဝေး တိုက်စစ်မှူး အာလင် ဟာလန်းက အင်္ဂလန် ကွင်းလယ်လူ အီလီယော့ အန်ဒါဆန်ကို တွန်းလှဲပြီး ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာကြောင့်ပါ။

Public Service Announcement

Public Service Announcement

ပွဲချိန် မိနစ် ၉၀ မှာ တစ်ဂိုးစီ သရေကျနေတာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ရာမှာတော့ အင်္ဂလန်က အဖိုးတန် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုလည်း ဂေါ်ဒွန်-ဘယ်လင်ဂမ် အတွဲအဖက်ကနေပဲ ရရှိခဲ့တာပါ။ အဝေးကနေ ဂေါ်ဒွန်ရဲ့ အားပါပါနဲ့ လှမ်းကန်တဲ့ ဘောလုံးကို နော်ဝေးဂိုးသမား အော်ဂျန်နိုင်လန် ကာကွယ်ရင်း လျှံထွက်လာတာကို ဘယ်လင်ဂမ်က ပြေးဝင်ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အင်္ဂလန်အသင်း ပင်နယ်တီ ရခဲ့ပေမယ့် ပြင်သစ် ကွင်းလယ်ဒိုင် ကလီးမန့် တာပင်က VAR ပြန်ကြည့်ပြီး ပြစ်ဒဏ်ဘော မမြောက်ဘူးလို့ ဆုံးဖြတ်တဲ့ကြောင့် ပင်နယ်တီလည်း ပယ်ဖျက် ခံခဲ့ရပါတယ်။

အချိန်ပို ကစားတဲ့ မိနစ်တွေမှာ အင်္ဂလန်က တစ်ဂိုး အသာရထားမှုကို သတိကြီးကြီးနဲ့ ထိန်းသိမ်းကစားရင်း နောက်ဆုံးမှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ ပွဲပြီးခဲ့ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ အာဂျင်တီးနား-ဆွစ်ဇာလန် ပွဲစဉ်ကနေ အနိုင်ရလာတဲ့ အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျားကုတ်ကျားခဲ ခုခံကစားခဲ့တဲ့ ဆွစ်ဇာလန်ကို အချိန်ပိုမှာ အနိုင်ယူပြီး လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်ဆီ တက်ရောက်လာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘယ်ဂျီယမ် အသင်းကို အနိုင်ယူပြီး စပိန်အသင်းက အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲမှာတော့ စပိန်ဟာ ပြင်သစ်နဲ့ ရင်ဆိုင်ကစားရမှာပါ။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။

နိုင်ငံတကာ

နည်းဗျူဟာနဲ့ ဗျူဟာတွေက အရေးကြီးပေမယ့် စိတ်ဓာတ်၊ ယုံကြည်ချက် နဲ့ တိုက်ပွဲဝင်စိတ်ဓါတ်သာ မရှိခဲ့ရင်ထွက်ခဲ့ရပြီဟုအာဂျင်တီးနားနည်းပြ​ပြော