Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းဘာဗီ တရုတ်ကို ကုန်းတွင်းဝင်ရောက်၊ လူ ၂ သန်းလောက် ရွှေ့ပြောင်းရ

တရုတ်နိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းဆီ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း တစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူပေါင်း ၂ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းဆီ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း တစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူပေါင်း ၂ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။

အကျယ်ဆုံး အပိုင်းမှာ ကီလိုမီတာ ၁၀၀၀ လောက်ထိ ပြန့်ကားနေပြီး ပြင်သစ်နိုင်ငံရဲ့ အရွယ်အစား နီးပါးလောက် ကြီးမားတဲ့ တိုင်ဖွန်းမုန်တိုင်း ဘာဗီဟာ ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းမှာ ကမ်းရိုးတန်းမြို့ တိုင်ကျူးကို စတင်ဖြတ်သန်းပြီး ညသန်းခေါင်ယံ ဝမ်ကျူးကနေ ဒုတိယအကြိမ် ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။

ဘာဗီတိုင်ဖွန်းဟာ တရုတ်ကမ်းရိုးတန်းဆီ မဝင်ရောက်မီ ထိုင်ဝမ်ကျွန်း မြောက်ဖက် ပင်လယ်ပြင်ကို ဖြတ်သန်းခဲ့ပြီး ထိုင်ဝမ်မှာလည်း သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းက မုန်တိုင်းကြောင့် မိုးရွာမှုတွေနဲ့ ဆက်စပ်ပြီး ဖိလစ်ပိုင်မှာ မြေပြိုမှုတွေ ဖြစ်ပွားရာက ၁၇ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

တိုင်ဖွန်းဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် အပူပိုင်း မုန်တိုင်းငယ် အဆင့်ထိ အားပျော့လာပေမယ့်လည်း အရွယ်အစား ကြီးမားတဲ့ ဧရိယာမှာ စိုထိုင်းဆ မြင့်မြင့်မားမား ဆက်ထိန်းထားဆဲ ဖြစ်တာကြောင့် အန္တရာယ် ပေးနိုင်စွမ်း မြင့်မားနေဆဲလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်း ဖြတ်သန်း ရွေ့လျားရာ လမ်းကြောင်းတလျှောက်က မြေပြိုမှု၊ ရေကြီးမှု အန္တရာယ် ကြုံနိုင်တဲ့ ဒေသတွေမှာတော့ လူပေါင်း ၂ သန်းဝန်းကျင်လောက်ကို တာဝန်ရှိသူတွေက ကြိုတင် ရွှေ့ပြောင်းထားစေပါတယ်။ ဘာဗီဟာ အနောက်မြောက်ဖက်ကို ဆက်လက် ရွေ့လျားရင်း အားလျော့ ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းထားပေမယ့် အဲဒီမတိုင်ခင် ဖူကျန်းနဲ့ ရှီကျန်း ဒေသတွေမှာ သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေကို ဖြစ်ပေါ်စေဖွယ် ရှိပါတယ်။

ရှီကျန်းမှာတင် လူပေါင်း ၁.၇ သန်းလောက်ကို ရွှေ့ပြောင်းထားစေပြီး အနီးတဝိုက် ဒေသတွေမှာလည်း သိန်းနဲ့ချီတဲ့ အရေအတွက်မျိုး ရွှေ့ပြောင်းထားစေကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကျောင်းတွေ၊ ရုံးတွေ၊ လေဟာပြင်မှာ အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်တွေ အားလုံးကို ရှီကျန်းမှာ ပိတ်ထားစေပြီး လေယာဉ် ခရီးစဉ် ၄၀၀ လောက်နဲ့ ရထားခရီးစဉ် ဒါဇင်ပေါင်း အတော်များများကို ပယ်ဖျက်ခဲ့ရပါတယ်။

မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းနဲ့ နီးနီးကပ်ကပ် တည်ရှိပြီး လူ ၁၀ သန်းလောက် နေထိုင်ရာ ဝူကျူးမြို့မှာလည်း မုန်တိုင်းဒဏ် အခံရနိုင်ဆုံး ဧရိယာတွေမှာ နေထိုင်သူ ၁ သိန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းဖို့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။

ဘာဗီဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အင်အားပြင်းထန်လှတဲ့ စူပါတိုင်ဖွန်းကြီး အဆင့်ကို ရောက်ခဲ့ပြီး အမေရိကန်ပိုင် ဂူအမ်ကျွန်းနဲ့ မြောက်ပိုင်း မာရီယာနာ ကျွန်းစုတွေကို ဖြတ်သန်းချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၂၉၀ ကီလိုမီတာထိ ပြင်းထန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လေတိုက်နှုန်း ပြန်ကျလာပြီး ဂျပန်ပိုင် ဆာကီရှီမာ ကျွန်းစုကို ဖြတ်သန်းချိန်မှာ တစ်နာရီ ၁၄၄ ကီလိုမီတာနှုန်း ဖြစ်လာခဲ့ပါတယ်။ ဝမ်ကျူးကို ဖြတ်သန်းချိန်မှာတော့ တိုင်ဖွန်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ ၁၁၀ ကီလိုမီတာလောက်မှာ ရှိနေခဲ့ပါတယ်။

တရုတ်အတွက်တော့ တစ်ပတ်အတွင်း တိုင်ဖွန်းမုန်တိုင်း နှစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုသီတင်းပတ် အစောပိုင်းတုန်းက နိုင်ငံတောင်ပိုင်းဆီ မေဆက်ခ် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ၃၉ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိ တိုက်ခတ်နေတဲ့ တိုင်ဖွန်းဘာဗီကြောင့် ဖြစ်ပေါ်တဲ့ ထိခိုက်သေကြေမှုနဲ့ အပျက်အစီး အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အာကာသထဲ လွှတ်တင်ပြီး နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်မယ့် ဒုံးပျံတစ်စီး ဆင်းသက်လာမှုကို တရုတ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ဖမ်းယူပြနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ဘာဗီဟာ တိုင်ဖွန်းအဆင့်ကို အားပျော့သွားပြီး မြောက်ဖက်ကို နည်းနည်းပိုပြီး လမ်းကြောင်း ပြောင်းသွားတဲ့နောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ ရာသီဥတု ကြမ်းတမ်းမှု အခြေအနေတွေ ကြုံနေရပြီး လူအသေအပျောက်တွေ၊ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရပါတယ်။