Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တိုက်ပွဲ စစ်တပ်အထိနာ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က တမိုက်သာ ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီး တွေအထိုင်ချထားတဲ့စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦး သေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)(တောင်သာ)က ပြောပါတယ်။

နိုဝင်ဘာ-၉၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က တမိုက်သာ ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီး တွေအထိုင်ချထားတဲ့စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦး သေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)(တောင်သာ)က ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ မြင်းခြံ- ပုဂံ-‌ ညောင်ဦး ကားလမ်းပိုင်းက တမိုက်သာကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ သုံးထပ်တိုက်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ(၁၅)တပ်ရင်းကစစ်သားတွေနဲ့ မြင်းခြံမြို့ကပျူစောထီး အင်အား၆၀ လောက်တပ်စွဲထားတယ်လို့ တပ်ရင်း(၃)ဆီက သိရပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီတိုက်မှာ ဘန်ကာတွေ ဘာတွေရော အကုန်ရှိတယ်။အဲတာကို ကျွန် တော်တို့က RPGနဲ့ပစ်ဖို့က ပစ်ကွင်းက မရှင်းဘူး။လက်ပစ်ဗုံးနဲ့ပဲ ပစ်ရတယ်။သိမ်းတော့မသိမ်းနိုင်လိုက်ဘူးအကုန်ရခဲ့လိုက်တယ်”လို့ တပ်ရင်း (၃) တာဝန်ရှိသူတဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်သား၅ဦး မျက်မြင်သေဆုံးပြီး မြင်းခြံဆေးရုံကို ပြင်းထန်ဒဏ်ရာရ ၅ဦးပို့ကာ ကြာပို့ကျေးရွာကို ဒဏ်ရာရ ၃ဦး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တမိုက်သာကျေးရွာဟာ ပျူစောထီး အား‌ကောင်းတဲ့ရွာဖြစ်ပြီး ယခင်ကလည်း တော်လှန်ရေးတပ် တွေသိမ်းယူခဲ့ဘူးပါတယ်။

၂၀၂၅ ဧပြီအတွင်းမှာ စစ်တပ်ကအင်အားဖြည့်တင်းပြီး ဒီနေရာကို အထိုင်ချတပ်ဆွဲလိုက်တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ