Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ ထောင်ချောက်ထဲ မကျအောင် သတိထားဖို့ အာဆီယံကို APHR တိုက်တွန်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က အာဆီယံ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ်ပြုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ ဆွေးနွေးမှုမျိုး မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၂၀၂၆ ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံမှာ အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးအစည်းအ​ဝေးကျင်းပစဥ်။ ဓါတ်ပုံ-MOFAT)

ဇူလိုင်-၁၁​၊၂၀၂၆။People’s Spring

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က အာဆီယံ အနေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ်ပြုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ ဆွေးနွေးမှုမျိုး မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်အစိုးရက ခန့်အပ်တဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူထရေရှာ လာဇာရို က အာဏာသိမ်း မြန်မာစစ်တပ် ခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံမယ့် အစည်းအဝေး မတိုင်ခင်မှာ APHRက အာဆီယံနဲ့ အဖွဲ့ဝင် နိုင်ငံတွေဆီ လိပ်မူပြီး အခုလို တောင်းဆိုခဲ့တာပါ။

အဲဒီ အလွတ်သဘော အစည်းအဝေးကို ဇူလိုင် ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ လျာထားပြီး ထိုင်းက အိမ်ရှင်အဖြစ် တာဝန်ယူပေးသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

APHRက စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ မြန်မာ လွှတ်တော်က အာဆီယံရဲ့ မြန်မာ့အရေး ကူညီဖြေရှင်းမှု ဘုံသဘောတူညီချက် ၅ ရပ်ကို ကန့်ကွက်တဲ့အဆိုတင်သွင်းပြီး သီတင်းပတ် အနည်းငယ် အကြာမှာ အခု အစည်းအဝေး ပြုလုပ်ဖို့ စိုင်းပြင်းလာတာ ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

ဒါတင် မကသေးဘဲ အာဏာသိမ်း စစ်တပ်ဟာ မတရားဖမ်းဆီးအကျဉ်းချခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လည်း မကြာသေးခင်ကမှ အတိအလင်း ငြင်းပယ်ထားပါသေးတယ်။

မြန်မာစစ်တပ်ရဲ့ ထောင်ချောက်ထဲအာဆီယံ ကျရောက်မသွားဖို့လိုတယ်လို့ APHRရဲ့ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှား လွှတ်တော်အမတ် မာစီ ခရစ္စတီ ဘာရန်းစ်က ပြောပါတယ်။

မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေအတွက် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေအောင် ဆောင်ရွက်မယ့်အစား အာဆီယံဟာ မြန်မာစစ်တပ်အတွက် အကြိမ်ကြိမ် အလျှော့ပေးလိုက်လျောခဲ့တယ်လို့လည်းသူကထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အလွတ်သဘော တွေ့ဆုံတယ် ဆိုတာက အာဆီယံဆီကနေအဓိပ္ပါယ်လွဲမှားတဲ့ သတင်းစကားတစ်ခုပေးပို့မိသလိုဖြစ်သွားနိုင်ကြောင်း APHRက သတိပေးခဲ့ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုထားတဲ့ မြန်မာစစ်တပ်ကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ ပြန်လည်ပါဝင်ခွင့် ပြုမယ်ဆိုရင် အဖွဲ့အစည်းရဲ့ သမာဓိဂုဏ်ကို ထိခိုက်စေမှာ ဖြစ်သလိုအာဆီယံကိုအလေးထားစရာမလိုဘူးဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်သွားနိုင်ကြောင်းလည်းAPHRက မီးမောင်းထိုးပြထားပါတယ်။

ဒါကြောင့် လက်ရှိ စီမံထားတဲ့ အခင်းအကျင်းမျိုးနဲ့ မြန်မာစစ်တပ် နိုင်ငံခြားရေး ဝန်ကြီးကို တွေ့ဆုံမယ့် အစီအစဉ်ကို ပယ်ဖျက်ပြီး ပိုမိုတင်းမာပြတ်သားတဲ့ ချဉ်းကပ်မှုမျိုးကို ရွေးချယ်ဖို့ အာဆီယံကို APHRက တောင်းဆိုခဲ့ပါတယ်။ ပိုပြီး တိကျတဲ့ပစ်မှတ်မျိုး၊ အချိန်သတ်မှတ်ချက်မျိုး၊ အကျိုးဆက်တွေနဲ့ ပတ်

သက်ပြီး သတိပေးချက်မျိုးတွေ ပါဝင်တဲ့ စံနှုန်းသစ်တစ်ခုခုသတ်မှတ်ပြီးမြန်မာစစ်တပ်နဲ့ စကားပြောသင့်ကြောင်း APHRက အကြံပြုခဲ့ပါတယ်။

ဒါ့အပြင် ၅ နှစ်ကြာပြီးတဲ့ထိဘာမှ အကောင်အထည် ပေါ်မလာတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်ခွာပြီး ပိုမိုလက်တွေ့ကျတဲ့ ရှေ့ဆက်မှုမျိုး အာဆီယံက ရွေးချယ်ဖို့လည်း APHRက တိုက်တွန်းခဲ့ပါတယ်။

ကိုးကား- APHR

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

Facebook