သတင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 9, 2025
သတင်း ချင်းပြည်မှာ စိုးမိုးနယ်မြေပြန်ရဖို့ စစ်တပ်က အင်အားထောင်ချီသုံးကြိုးပမ်းနေဟု ချင်းညီနောင်ပြော ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ကောင်စီက စိုးမိုးနယ်မြေတွေ ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကြိုးပမ်းနေကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 9, 2025
သတင်း ဖာပွန်ဒေသကို စိုးမိုးဖို့ စစ်ကောင်စီတပ်အင်အားသုံးပြီးထိုးဖောက်နေ ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်း-ကတိုင်တိလမ်းပိုင်းမှာစစ်ကောင် စီတပ်က စစ်ကြောင်းထိုးရာမှာ KNU တပ်မဟာ(၅)ပူးပေါင်းတပ်တွေနဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 9, 2025
သတင်း မုံရွာမှာ စစ်တပ်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ဦးကို ပစ်သတ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကူတောပလ္လင်ကျေးရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ဦးကို စစ်တပ်က ပစ်သတ်သွားပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 9, 2025
သတင်း ဒေသခံတွေကိုလူသားဒိုင်းလုပ် ထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုတိုက်ခိုက်ရာ ၄၀ ခန့်သေဟု ချင်းညီနောင် ထုတ်ပြန် ချင်းပြည်နယ်၊ တီးတိန်းမြို့နယ်မှာ ဒေသခံ ပြည်သူအချို့ကိုဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ခန့်သေဆုံးခဲ့ကြောင်း ချင်းညီနောင်က သတင်းထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 9, 2025