သတင်း မြင်းခြံမှာ စစ်တပ်က ကိုရင်ပါမချန် ပေါ်တာဆွဲ၊ တပတ်အတွင်း လူငယ် ၃၀ကျော်ဖမ်းဆီးခံရ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ကိုရင်တွေပါမချန်ဘဲ ပေါ်တာဆွဲဖမ်းဆီးနေပြီး တပတ်အတွင်း လူငယ် ၃၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ ludunwayooနိုဝင်ဘာ 4, 2025
သတင်း ဒီးမော့ဆိုအနောက်ခြမ်း လေကြောင်းတိုက်ခိုက်မှုကရင်နီပြည်ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် ငါးဦးကျဆုံး ကရင်နီပြည်နယ်၊ဒီးမော့ဆို အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရဲ(KSP)တပ်ဖွဲ့ဝင်အချို့အပါအဝင် ငါးဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 4, 2025
သတင်း မိုးကုတ် – မန္တလေးလမ်းပိုင်းမှာ လမ်းတွေပျက်လို့ ကားတွေ ပိတ်မိနေ မန္တလေးတိုင်း၊ မိုးကုတ် - မန္တလေးလမ်းပိုင်းမှာ မိုးရွာထားလို့ လမ်းတွေပျက်ပြီး ယာဥ်တွေပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 4, 2025
သတင်း မန္တလေးမှာလုယက်မှုအဖြစ်များနေလို့ ပြည်သူတွေဂရုစိုက်ကြဖို့ဗီနိုင်းထုတ်ပြီးသတိပေးနေရ မန္တလေးမြို့ပေါ် နေရာအချို့မှာ လုယက်မှုတွေအဖြစ်များနေတာကြောင့် လမ်းသွားလမ်းလာ ပြည်သူတွေ အထူးဂရုစိုက်ကြဖို့ ဆိုင်းဘုတ်ထောင်ပြီး သတိပေးနေရတဲ့အခြေအနေကိုရောက်နေပါတယ်။ ludunwayooနိုဝင်ဘာ 4, 2025
သတင်း စပယ်နံ့သာဂိတ်မှာ ဖမ်းဆီးခံရပြီးစစ်သင်တန်းအပို့ခံရတဲ့လူငယ် ၁၀ ဦး စစ်အုပ်စုကိုတိုက်ခိုက်ထွက်ပြေးလွတ်မြောက် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ကန့်ဘလူမြို့နယ်စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကနေ ဖမ်း ဆီးသွားတဲ့ သူတွေထဲက လူငယ်ဆယ်ဦးဟာ စစ်သင်တန်းကိုပို့ဆောင်စဉ် လမ်းခုလတ်ကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ludunwayooနိုဝင်ဘာ 4, 2025