Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာလုယက်မှုအဖြစ်များနေလို့ ပြည်သူတွေဂရုစိုက်ကြဖို့ဗီနိုင်းထုတ်ပြီးသတိပေးနေရ

မန္တလေးမြို့ပေါ် နေရာအချို့မှာ လုယက်မှုတွေအဖြစ်များနေတာကြောင့် လမ်းသွားလမ်းလာ ပြည်သူတွေ အထူးဂရုစိုက်ကြဖို့ ဆိုင်းဘုတ်ထောင်ပြီး သတိပေးနေရတဲ့အခြေအနေကိုရောက်နေပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ညနေပိုင်းမှာ ဆိုင်ကယ်နဲ့ ကျောင်းကပြန်လာတဲ့ ကျောင်းသူနှစ်ဦးကို လုယက်ပုံ

နိုဝင်ဘာ – ၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ပေါ် နေရာအချို့မှာ လုယက်မှုတွေအဖြစ်များနေတာကြောင့် လမ်းသွားလမ်းလာ ပြည်သူတွေ အထူးဂရုစိုက်ကြဖို့ ဆိုင်းဘုတ်ထောင်ပြီး သတိပေးနေရတဲ့အခြေအနေကိုရောက်နေပါတယ်။

ချမ်းမြသာစည်မြို့နယ်ထဲမှာဆိုရင် ၁၀၇ ၊ ၁၁၀ ၊ ၆၄ ၊ ၆၇ လမ်းတဝိုက်မှာ ဖုန်း ၊ပိုက်ဆံအိတ် ၊ဆိုင်ကယ်လုယက်မှုတွေ အဖြစ်များနေတာကြောင့် ပြည်သူတွေ သတိပြုနိုင်ဖို့ ဗီနိုင်းထုတ်ပြီး ဆိုင်းဘုတ်ထောင်ထားတာကို တွေ့ရပါတယ်။

အဲဒီလိုသတိပေးတာကအာဏာသိမ်းစစ်ကောင်စီရဲ့မန္တလေးတိုင်းအစိုးရလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းကလုပ်ဆောင်တာမဟုတ်ဘဲ ရပ်ကွက်နေ ပြည်သူတွေက အများပြည်သူ ဘေးအန္တရာ​ယ်ကင်းဖို့ ဆောင်ရွက်ပေးတာလို့ မြို့ခံက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လုယက်မှုအဖြစ်များတဲ့နေရာတွေနဲ့ အဲဒီနေရာတွေရဲ့အနီးတဝိုက်က လမ်းဆုံ ၊လမ်းခွနေရာတွေမှာ သတိပေး ဗီနိုင်းချိတ်ဆွဲပေးထားတာလို့သိရပါတယ်။

လုယက်သူတွေဟာ ညပိုင်းတင်မကဘဲ နေ့ခင်းပိုင်းတွေပါ ကျုးလွန်လာကြပြီး လူစည်ကားရာနေရာတွေမှာလည်း ဖြစ်ပွားလာတာပါ။ လုယက်မှု အချို့မှာဆိုရင် လုယက်ခံရသူ အသက်သေဆုံးတဲ့အထိရန်ပြုတိုက်ခိုက်ခံရတာလည်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက် မနက်အစောပိုင်း ၆ နာရီဝန်းကျင်မှာဆိုရင် မန္တလေးမြို့အဝင် ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင်အဝိုင်းအနီး ဆိုင်ကယ်စီးသက်ကြီးပိုင်း အမျိုးသား ဆိုင်ကယ်လုယက်ခံရမှု မှာ ရိုက်နှက်ခံရတာကြောင့် သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

မန္တလေးမြို့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာရှိပြီး လုယက်မှု ၊ လူသတ်မှု ၊ ဓားပြတိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ