Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအနောက်ခြမ်း လေကြောင်းတိုက်ခိုက်မှုကရင်နီပြည်ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် ငါးဦးကျဆုံး

ကရင်နီပြည်နယ်၊ဒီးမော့ဆို အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရဲ(KSP)တပ်ဖွဲ့ဝင်အချို့အပါအဝင် ငါးဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကရင်နီပြည်ရဲ-KSP၊ အမှတ်(၁၁)ရဲစခန်းက KSP အဖွဲ့ဝင်များ၊ ပလဖအဖွဲ့ဝင်များ ပူးပေါင်းပြီး ၂၀၂၄ ဩဂုတ် ၂၃ရက်က လမ်းပိုင်းစစ်ဆေးနေစဉ်။ ဓာတ်ပုံ - KSP

နိုဝင်ဘာ-၃ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆို အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရဲ(KSP)တပ်ဖွဲ့ဝင်အချို့အပါအဝင် ငါးဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၃ ရက်)မနက်၇နာရီဝန်းကျင်မှာဂျက်ဖိုက်တာ ၊ အသေခံဒရုန်း တွေနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ လောလောဆယ် ငါးယောက်ထိခိုက်သေဆုံးထားတယ်” လို့ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ရအရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့လေကြောင်းကနေဗုံးကြဲခံရမှုမှာKSPရုံးခွဲဖြစ်ပြီး သတင်း ပေး(ဒလန်)တွေကနေ တဆင့် တိုက်ခိုက်ခံရတာလို့လည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် KSP တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့တယ်လို့လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECတွဲဖက်အတွင်းရေးမှူး ဦးဗညားက အတည်ပြုပါတယ်။

ဒါပေမယ့်သေဆုံးခဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့စာရင်းအချက် အလက်တွေကို တိတိကျကျ မရသေးဘူးလို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ရဲ့ IEC ပြည်ထဲရေးဌာနလက်​ အောက်မှာ KSP မြို့နယ်ရဲဌာနရုံး ခြောက်ခု၊နယ်မြေရဲစခန်း ၁၇ ခု၊ရဲကင်း ရှစ်ခု၊ဆေးရုံလုံခြုံရေးရဲကင်းလေးခုနဲ့ ရဲဂိတ် ၁၀ခုရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၅ အောက်တိုဘာလကုန်အထိ စစ်ကောင်စီက ကရင်နီပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀၀ ကျော် လုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ