Connect with us

Hi, what are you looking for?

သတင်း

စပယ်နံ့သာဂိတ်မှာ ဖမ်းဆီးခံရပြီးစစ်သင်တန်းအပို့ခံရတဲ့လူငယ် ၁၀ ဦး စစ်အုပ်စုကိုတိုက်ခိုက်ထွက်ပြေးလွတ်မြောက်

ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ကန့်ဘလူမြို့နယ်စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကနေ ဖမ်း
ဆီးသွားတဲ့ သူတွေထဲက လူငယ်ဆယ်ဦးဟာ စစ်သင်တန်းကိုပို့ဆောင်စဉ် လမ်းခုလတ်ကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။

ထွက်​ပြေးလွတ်​မြောက်လာတဲ့ လူငယ် ၁၀ ဦးထဲက လူငယ် ၅ ဦး

နိုဝင်ဘာ-၃၊၂၀၂၅။အိမ်သွင်/People’s Spring

ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ကန့်ဘလူမြို့နယ်စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကနေ ဖမ်း
ဆီးသွားတဲ့ သူတွေထဲက လူငယ်ဆယ်ဦးဟာ စစ်သင်တန်းကိုပို့ဆောင်စဉ် လမ်းခုလတ်ကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ တတိယပါတ်က စံပယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသူတွေထဲက အသက်၂၀ကျော်အရွယ်လူငယ်၁၀ဦးကို ကန့်ဘလူ မြိုနယ် အမြောက်တပ်(၆၀၀၆) ကို ပို့ဆောင်စဉ်မှာ ထွက်ပြေးလို့မြောက်လာခဲ့တာလို့ ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

“အစောင့် စစ်​…တွေကို တိုက်ခိုက်ပြီး ထွက်ပြေးလာတာ။PDF တွေနဲ့တွေ့တယ်။ လက်နက်တွေပါ ပါလာတယ်” လို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးလာတဲ့လူငယ်တွေဟာ ကန့်ဘလူမြို့နယ်နဲ့ပတ်ဝန်းကျင်ဒေသကဖြစ်ပြီး ခရီးသွားစဉ်မှာ စံပယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့သူတွေဖြစ်ပါတယ်။ စစ်သား​တွေ နဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ စံပယ်နံ့သာစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေကိုဖမ်းဆီးတာမှာ နာမည်ဆိုးထွက်နေတဲ့ ဂိတ်စခန်းတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတင် မိန်းကလေးငယ်တွေအပါအဝင် ခရီးသွားပြည်သူ
၈၀ ဦးထက်မနည်းကိုဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၆ ရက်ကလည်းကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကနေ တန့်ဆည်မြို့ကို သွားတဲ့ ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးပြီး အမျိးသမီးဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပါတယ်။ ဒါအပြင် အမျိုးသားကတော့ နှိပ်စက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလအတွင်းမှာတင် ဖမ်းဆီးခံရတဲ့သူတွေထဲကမိန်းကလေးလေးဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

လူငယ်တွေအနေနဲ့ မဖြစ်မနေကိစ္စရှိမှသာ ခရီးသွားမဖို့နဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသဘက်ကနေ သွားလာကြဖို့ ကန့်ဘလူ မြို့ခံတချို့ကသတိပေးပါတယ်။

ဒေသတွင်းကစစ်တပ်စစ်ကြောင်းတွေနဲ့ စစ်ရေးအခြေအနေတွေကိုသတိပေးနေတဲ့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ခရီးသွားပြည်သူတွေအနေနဲ့ စံပယ်နံ့သာစစ်ဆေးရေးဂိတ် အန္တရာယ်ကြီးမားတာကိုသိရှိဖို့လိုတယ်လို့ သတိပေးထားပါတယ်။

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေရှိသလို စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေလည်းရှိပါတယ်။ အဲဒီလမ်းရဲ့ စံပယ်နံ့သာဂိတ်အပါအဝင် ကန့်ဘလူမြို့နယ်ဖြတ်သွားတဲ့နေရာဟာ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကားလမ်းဖြတ်သန်းခွင့်ပိတ်ပင်ပြီး ရှောင်ကွင်းလမ်းဖောက်လုပ်ပေးခဲ့ဖူးပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့စက်တင်ဘာလမှာ ရှောင်ကွင်းလမ်းဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ရှောင်ကွင်းလမ်းကိုစစ်ကောင်စီကပြန်ပိတ်ထားပြီး လမ်းမကြီးပေါ်ကနေသာ ဖြတ်သန်းခွင့်ပြုနေသလို ခရီးသွားပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေ၊ စစ်သားသစ်စုဆောင်းတာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေကျူးလွန်နေတယ်လို့ ဒေသခံတွေကသတိပေးနေကြပါတယ်။

ဆက်စပ်သတင်းများ