Connect with us

Hi, what are you looking for?

Latest News

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင် တို့လေးဦးကို စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရခြင်း (၃) နှစ်ပြည့်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ ကျဆုံးခြင်းတို့အတွက် ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၃) ဆန္ဒပြခဲ့ကြသည်။

သတင်း

မန္တလေးမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းထွက်ခွာလာသည့် စစ်ကောင်စီ ၏ စစ်သင်္ဘောအုပ်စုသည်ယနေ့(ဇူလိုင် ၂၃ရက်)ညပိုင်းတွင် စစ်ကိုင်း တိုင်း ၊ ထီးချိုင့်မြို့နယ် ၊ ဒင်ကြီးကျရွာအနီးတွင် ကျောက်ချ ရပ်နားနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တောင်တရုတ်ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသည့်အပူပိုင်းမုန်တိုင်းဝီဖာ ၏ အရှိန်ကြောင့် မိုးကြီးခြင်း မြေပြိုခြင်း၊ရေကြီးခြင်းများ ကြုံတွေ့ရနိုင်၍ သဘာ၀ဘေးကိုပြည်သူများချက်ချင်းသတိမူပြီးကြိုတင် ပြင်ဆင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ (ဇူလိုင် ၂၃ရက်)တွင် ကြေညာချက် ထုတ်ပြန်သည်။

သတင်း

တနိုင်းမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် နယ်မြေ၌ ဝင်ရောက်တပ်စွဲထားသည့် နာဂလက်နက်ကိုင်တပ် NSCN-K(Yung Aung) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း KIAက အတည်ပြုသည်။