Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ် ဒင်ကြီးကျရွာအနီး ကျောက်ချထား

မန္တလေးမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းထွက်ခွာလာသည့် စစ်ကောင်စီ ၏ စစ်သင်္ဘောအုပ်စုသည်ယနေ့(ဇူလိုင် ၂၃ရက်)ညပိုင်းတွင် စစ်ကိုင်း တိုင်း ၊ ထီးချိုင့်မြို့နယ် ၊ ဒင်ကြီးကျရွာအနီးတွင် ကျောက်ချ ရပ်နားနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောအုပ်စုမှ တစ်စီးအား ဇူလိုင်၂၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဌေးကိုကို

ဇူလိုင်-၂၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

မန္တလေးမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းထွက်ခွာလာသည့် စစ်ကောင်စီ ၏ စစ်သင်္ဘောအုပ်စုသည်ယနေ့(ဇူလိုင် ၂၃ရက်)ညပိုင်းတွင် စစ်ကိုင်း တိုင်း ၊ ထီးချိုင့်မြို့နယ် ၊ ဒင်ကြီးကျရွာအနီးတွင် ကျောက်ချ ရပ်နားနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

” ပထမတက်တဲ့ သင်္ဘောတွေနဲ့ နောက်တက်လာတဲ့ သင်္ဘောတွေဆုံပြီး ဒင်ကြီးကျရွာမှာ ကျောက်ချအိပ်တယ်လို့သိရပါတယ်”ဟုထီးချိုင့်ဒေသတော် လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Tigyaing Revolution၏ ယနေ့ ညပိုင်း အသိပေးချက်တွင် စစ်သင်္ဘော ၁၁စီးမှာ ဒင်ကြီးကျရွာ အနီး ဦးစွာရောက်ရှိ ကျောက်ချထားပြီး ည ၇နာရီခန့်တွင် နောက်ထပ် သင်္ဘော ၆စီးထပ်မံရောက်ရှိ ပေါင်းစည်းသွားဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်အင်အားနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများသယ်ဆောင်လာပြီး ဧရာ၀တီမြစ်အတိုင်း အထက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် ဗန်းမော်မြို့သို့ဆက်လက်ဦးတည်နိုင်ဟု တော်လှန်ရေးတပ်ဖွဲ့များက ခန့်မှန်းထားသည်။

စစ်သင်္ဘောများ ဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိ၍ ထီးချိုင့်မြို့အပါအဝင် မြစ်ကြောင်းဘေးရှိ ပြည်သူလူထုများ ဘေးကင်းရာသို့တိမ်းရှောင်ရန် တော်လှန်ရေးတပ်များက နှိုးဆော်ထားသည်။

ထီးချိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း လုပ်ဆောင်ခဲ့ရာ ဇူလိုင်အတွင်း ကျေးရွာအချို့နှင့် စစ်ရှောင်များ နေထိုင်ရာ နေရာများ၌ လေကြောင်းရန်နှင့်ပတ် သက် သည့်အသိပညာပေးမှုများ၊ လေကြောင်းအန္တရာယ် ကာကွယ်ရန် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။

ပထမစစ်သင်္ဘောအုပ်စုမှာ မန္တလေးမြို၊ ဂေါဝန်ဆိပ်ကမ်းမှ စစ်သင်္ဘော (၁၇) စီးပါ အုပ်စုသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်သည်။

ယင်းစစ်သင်္ဘောအုပ်စုကို ပကဖနှင့် PDF တပ်ရင်းများပါဝင်သည့် ဧရာ ဝတီ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁စီးအား နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး သင်္ဘောအချို့ မီးလောင်ပျက်စီးခဲ့သည်။

သပိတ်ကျင်းမြိုနယ်၊ ချောင်းသလဲကျေးရွာမှ ကျောက်ကြီးဇာတ်ဆိပ်ကြားနေရာများတွင် ဖြတ်တောက်ပိတ်ဆိုတိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော (၁)စီး ပျက်စီးမီးလောင်ကာ (၁)စီး နစ်မြုပ်ခဲ့ပြီး (၂)စီးမှာဆက်လက်မောင်းနှင်နိုင်ခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနက ဇူလိုင်၂၂ရက်တွင် ထုတ်ပြန်ထားသည်။

ဗန်းမော်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)က စစ်သင်္ဘောများနှင့်ပတ်သက်သည့် အသိပေးချက် ထုတ်ပြန်ခဲ့ရာ စစ်သင်္ဘောများ သည် ဇူလိုင် ၂၂ရက်တွင် ထီးချိုင့်မြို့နယ်သို့ ရောက်ရှိလာပြီဖြစ်၍ ဗန်းမော်ခရိုင်အတွင်း မြစ်ကမ်းနားရှိ ပြည်သူများ အရေးပေါ် ပြောင်းရွှေ့ကြရန် တိုက်တွန်းထားသည်။

ထို့အပြင် မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းမှ ဇူလိုင်၂၂ ရက် မနက်ပိုင်းက စစ်သင်္ဘောခြောက်စီး အထက်ပိုင်းသို့ ဆန်တက်ခဲ့ပြီး ယနေ့ (ဇူလိုင် ၂၃ရက်) မနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်အတွင်း ရောက်လာပြီး ဆက်လက်ထွက်ခွာနေကြောင်း သတင်းရရှိသည်။

အဆိုပါသင်္ဘောများတွင် တိုက်ခိုက်ရေးယာဉ်၂စီးနှင့် တွဲတွန်း ဖလပ်ကုန်တင်သင်္ဘော ၄စီးပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

မေ -၁၆၊၂၀၂၆။မိုမို/People’s Spring တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့...

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့် - ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေက ပြောပါတယ်။