Connect with us

Hi, what are you looking for?

သတင်း

မြဝတီ​တောင်ဘက်ကို စစ်တပ်က တပ်မ ၂ ခုဗျူဟာ ၆ ဗျူဟာအသုံးပြုစစ်​ကြောင်းထိုး​နေပြီး ​နေ့စဥ်တိုက်ပွဲ​တွေပြင်းထန်​နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။

(ဇူလိုင် ၁၆ ရက်ကရဲကုန်းတိုက်ပွဲမှာ စစ်တပ်စစ်​ကြောင်း​ချေမှုန်းခံပြီး စစ်တပ်ထံမှ ​ဗျူဟာ ၃၂ ကသိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-Saw Kaw )

ဇူလိုင်-၁၈၊၂၀၂၆။ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းကို အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) တပ်မနဲ့ တပ်မ(၂၂) ကို ထုတ်သုံးပြီး စစ်ကြောင်းထိုးနေတာလို့ ဗိုလ်မှူးဒါဘောက ပြောပါတယ်။

“တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။တပ်မ ၂မနဲ့ တိုက်နေတယ်။ စကခ(၁၃)တပ်မရယ် ၊ တပ်မ (၂၂)ရယ် ။ တပ်မ နှစ်မကို ဗျူဟာ ခြောက်ဗျူဟာနဲ့ ထိုးတယ်ပေါ့။ ပြီးတော့မှ ဗိုလ်ဘိတို့အဖွဲ့ ပူးပေါင်းရယ်ပေါ့။ နောက်ပြီး ဗိုလ်မုတ်သုန်တို့အဖွဲ့။ ဒီအဖွဲ့တွေနဲ့ ထိုးနေတာပေါ့။ စစ်ရေးအခြေအနေကတော့ နေ့တိုင်းပစ်နေတယ် လေယာဉ်တွေနဲ့။ ဗုံးကကြဲနေတယ် နေ့တိုင်း။ ပစ်ခတ်မှုတွေလည်း နေ့တိုင်းရှိနေတယ်”လို့ဗိုလ်မှူးဒါဘောကဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်ခွဲထွက်အဖွဲ့နဲ့ ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့ ကိုလည်း စစ်ကူအဖြစ် ခေါ်တိုက်နေတာလို့ ဗိုလ်မှူးဒါဘောက ပြောပါတယ်။

တပ်မ(၂၂)က ဖလူးနဲ့ မင်းလက်ပံဒေသကို စစ်ကြောင်းထိုးနေပြီး စကခ(၁၃)က ကျွန်းခုနစ်ပင်နဲ့ သဲဖြူချောင်းဘက်ကို ထိုးနေတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက်နေ့လည်ပိုင်းကလည်း ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့ လေးကေ့ကော်မြို့သစ်အနောက်ဘက်နားကရဲကုန်းနေရာကို စစ်တပ်စစ်​​ကြောင်းဝင်ရောက်လာချိန်မှာတော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)လက်အောက်ခံ စစ်​ကြောင်းတစ်​ကြောင်းလုံး သေဆုံးခဲ့ပါတယ်။

စကခ (၁၃)လက်​အောက်ခံ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကိုအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့​ပြီးစစ်သုံ့ပန်း ၄ ဦးကိုလည်းဖမ်းမိကာ လက်နက်ခဲယမ်း​တွေလည်းသိမ်းဆည်းရရှိပါတယ်။

စစ်သုံ့ပန်း ၄ ဦးစလုံးဟာ စစ်တပ်ကအဓမ္မစု​ဆောင်းထားတဲ့စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ်(ပစ)တပ်သား​လေးဦးဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။