Connect with us

Hi, what are you looking for?

သတင်း

ဦးဂျင်မီ၊ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် ရွှေဘိုမြို့နယ်တွင် ဆန္ဒပြ

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင် တို့လေးဦးကို စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရခြင်း (၃) နှစ်ပြည့်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ ကျဆုံးခြင်းတို့အတွက် ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၃) ဆန္ဒပြခဲ့ကြသည်။

ဇူလိုင်-၂၃၊၂၀၂၅။ သုည/People’s Spring

အဆိုပါ ဆန္ဒပြသပိတ်စစ်ကြောင်းကို ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ၅/အရတ အရာတော်လူထုသပိတ်တို့မှ စုပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပြည်သူတို့က “ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက် ရွှေထီးဆောင်းရစေမယ်” ဘန်နာစာတန်း ကိုင်ဆွဲကာ “နိုင်တဲ့သူတရားကြေးဆိုပြီးကျည်ဆံတွေနဲ့သမိုင်းရေးချင်ကြသလား ဟောဒီကျောင်းသားမျိုးဆက်ကုန်မှ အဲ့ဒီသမိုင်းကိုမင်းတို့ရေးလို့ရမယ်”၊ “ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက်ရွှေထီးဆောင်းရစေမယ်” စသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင်လေးဦးကို စစ်ကောင်စီက မတရားကြိုးမိန့်ချ ကွက်မျက်ခဲ့သည်မှာ ယနေ့ (ဇူလိုင် ၂၃ရက်)တွင် သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ဓာတ်ပုံ – ၅/အရတ အရာတော်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။