Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုကYRGစခန်းလေ​ကြောင်းတိုက်ခိုက်ခံရ၊ လူထိခိုက်မှုမရှိ​ပေမယ့် ပျက်စီးဆုံးရှုံးမှုများလို့ကူညီ​ပေးကြဖို့​​မေတ္တာရပ်ခံ

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်-၂၀၊၂၀၂၆။ဖိုးသား/People’s Spring

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ကမိထ္ထီလာရှမ်းတဲလ်လေတပ်စခန်းက ဂျက်ဖိုက်တာ ၄ စီး နဲ့ ဗုံးကြဲတာအပြင်ပခုက္ကူ တပ်မ ၁၀၁ ကတက်လာတဲ့ Mi 35 ရဟတ်ယာဉ် နဲ့ စခန်းပတ်ဝန်းကျင်ကို Rocket ၊ ပွိုင့် ဖိုက်တွေသုံးပြီး ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က တိုက်ခိုက်ခဲ့တယ်လို့ ​ဖော်ပြထားပါတယ်။

“ကျွန်​တော်တို့ စခန်းတိုက်ခိုက်ခဲ့ပေမဲ့ကျွန်​တော်တို့ ရဲဘော်တွေအထိအခိုက်မရှိခဲ့ပေမယ့် စခန်းကတော့ အဆုံးအရှုံး များခဲ့ရပါတယ် ။ အဲဒီ ဆုံးရှုံးမှု့ကိုအံ့တု ပီး အခက်ခဲ ကြားကနေကျနော်တို့မပြီးပြတ်သေးတဲ့တော်လှန်ရေးကိုဆက်လက်တိုက်ပွဲဝင်သွားအုံးမှာပါ”လို့ YRG အဖွဲ့တာ၀န်ခံ ကိုပါးသိုင်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားနှစ်စီး၊ ဒရုန်း၊ သေနတ်ခြောက်လက် နဲ့ ဆက်စပ်ခဲယမ်း တွေအပါအ၀င် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ YRG ကအသိပေးပါတယ်။

ဒါကြောင့်အဖွဲ့အစည်းပြန်လည်တည်ထောင်ဖို့အတွက် ကူညီပေးကြဖို့လည်း ကိုပါးသိုင်းကမေတ္တာရပ်ခံပါတယ်။

ရေစကြို နဲ့ ပခုက္ကူမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းနဲ့ ကင်းစခန်း တွေကို တိုက်ခိုက်ခဲ့တဲ့ Southern Yesagyo တပ်ပေါင်းစုမှာ YRG အဖွဲ့ပါ၀င်ပါတယ်။

ဒါ့အပြင်မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း (၃)မှာSouthern YSO PDF၊ဒေါင်းညီနောင် PDF၊ပြည်သူ့အားမာန်PDF၊King Cobra၊ဒေါင်းစစ်သည်၊Golden Eagle၊Ayeyarwaddy Revolution Force တို့နဲ့အတူ Yesagyo Revolution Group (YRG)ကို အခုနှစ် မေလက ဖွဲ့စည်းထားပါတယ်။

ရေစကြိုမြို့နယ်မှာ စစ်တပ် ပင်မအခြေစိုက် စခန်းသုံးခုရှိပြီး မြို့အနောက်ဘက်နှစ်မိုင်၀န်းကျင်အကွာ ဖူလုံရွာအနီးမှာ အမှတ်(၂၅၆)၊(၂၅၇)၊(၂၅၈) ခြေလျင်တပ်ရင်းတွေရှိပါတယ်။ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း တပ်မ ၁၀၁ ကနေ ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်ဝန်းကျင် နဲ့ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်၊ ကျောက်ကျပ်ရွာအနီးဝန်းကျင်တို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးဆယ်ချီ ကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ငြိမ်းချမ်းရေးကို ဗုံးကြဲပြီးခေါ်ရင် ကျည်ဆံပဲရမယ်လို့ AAသတိ​ပေး

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။