သတင်း မြဝတီဒေသရှိ တရုတ်နိုင်ငံသားများအား ပြန်ခေါ်ရန် BGFက တရုတ်အစိုးရထံ ဆက်သွယ်အကြောင်းကြား တရုတ်နှစ်သစ်ကူးပြီးမှ ပြန်ခေါ်ရန် စီစဉ်မည်ဟု တရုတ်အကြောင်းပြန်ထားဟုဆို ludunwayooဇန်နဝါရီ 24, 2025
သတင်း မုံရွာမြို့၌တာဝန်ကျသည့် စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားတစ်ဦး PDF ထံ အလင်းဝင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမ၌ လုံခြုံရေးတာဝန်ချထားခံရသည့် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခုံလှုံလာကြောင်း မုံရွာခရိုင် တပ်ရင်း(၂၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ludunwayooဇန်နဝါရီ 24, 2025
သတင်း ဗန်းမော်တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က KIAဌာနချုပ် လိုင်ဇာကို ဒရုန်းဖြင့်တိုက်ခိုက် ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။ ludunwayooဇန်နဝါရီ 24, 2025
သတင်း တရုတ်မင်းသားလူမှောင်ခိုသံသယဖြင့် အင်ကြင်းမြိုင်ဒေသရှိ ဒေါင်မေလုပ်ငန်းစုကို BGF ချိပ်ပိတ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ဒေသရှိ တရုတ်လုပ်ငန်းစုဖြစ်သော ဒေါင်မေဥယျာဉ်လုပ်ငန်းစု( Dongmai Park)အား တရုတ်မင်းသားလူကုန်ကူးမှုသံသယဖြင့် အပြီးတိုင် ချိပ်ပိတ်လိုက်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောသည်။ ludunwayooဇန်နဝါရီ 24, 2025
သတင်း မိုးဗြဲမြို့ စစ်တပ်ပြန်ထိန်းချုပ်နိုင်ဟု ဆိုခြင်းမှာ မမှန် ၊ တိုက်ပွဲများပြင်းထန်နေဆဲဟု KNDF ပြော မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီဘက်မှဝါဒဖြန့်မှုသည် သတင်းမမှန်ဘဲ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ ludunwayooဇန်နဝါရီ 24, 2025