Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ စစ်​တပ်ပြန်ထိန်းချုပ်နိုင်ဟု ဆိုခြင်းမှာ မမှန် ၊ တိုက်ပွဲများပြင်းထန်​နေဆဲဟု KNDF ​ပြော

မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီဘက်မှဝါဒဖြန့်မှုသည် သတင်းမမှန်ဘဲ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

KNDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF

ရဲခေါင်/People

မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီဘက်မှဝါဒဖြန့်မှုသည် သတင်းမမှန်ဘဲ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်း၊လက် နက်ကြီးနှင့်မြေပြင်ထိုးစစ်အရှိန်မြှင့်လာပြီးနောက် ယမန်နေ့(ဇန်နဝါရီ ၂၅ ရက်)တွင် အလုံးစုံထိန်းချုပ် နိုင်ပြီဟု စစ်ကောင်စီတပ်ဝါဒဖြန့်သူများက ​ရေးသား​နေကြသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လိများ ကယား(ကရင်နီ)ပြည်နယ်အခြေအနေ မိုးဗြဲမြို့ကိုတပ်မတော်မှအလုံးစုံထိန်းချုပ်လိုက်ပါပြီဟု ရေးသား​နေကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မိုးဗြဲ မြို့က တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တယ်။စစ်ကောင်စီဘက်ကတော့ ဒီမိုးဗြဲကိုထိန်းချုပ်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အနေအထားမျိုး ဖြစ်ပါတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

လူမှုကွန်ယက်စာမျက်နှာနှင့် တယ်လီဂရမ် အချို့၌ ကယား(ကရင်နီ)ပြည်နယ်အခြေအနေ မိုးဗြဲမြို့ကိုစစ်တပ်အလုံးစုံထိန်းချုပ်လိုက်ပါပြီဟု စစ်ကောင်စီဝါဒဖြန့်အချို့က ဖြန့်ဝေခဲ့သည်။

ရှမ်း -ကရင်နီပြည်နယ်အစပ် မိုးဗြဲ မြို့ကို ယခုလ ၁၉ ရက်ကစ၍ လေကြောင်း၊လက်နက်ကြီး ပစ်ကူများစွာအပါအဝင် မြေပြင်အင်အား ၃၀၀ ကျော်ဖြင့် ကရင်နီပူးပေါင်းတပ်၏ ခံစစ်ကို ကျော်ဖြတ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်ဟု မြေပြင်ရဲဘော်အချို့က လူထုနွေဦးသို့ပြောထားသည်။

ယမန်နေ့အထိ လူထုနွေဦးကစုံစမ်းသိရှိရသော စစ်ရေးအချက်အလက်အရ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိပြီး မိုးဗြဲ မြို့တွင်း ကို စစ်ကောင်စီ တိုးဝင်ရန်ကြိုးပမ်းခြင်းဟု သိရသည်။

“ဒီလ မကုန်ခင် မိုးဗြဲကို ပြန်ထိန်းချုပ်ဖို့ အမိန့်ပေးထားတယ်လို့သိရတယ်။တနေ့ကဆိုလည်း ပေါင် ၅၀၀ ဗုံးတွေ မိုးဗြဲကို ကြဲတယ်။ဖယ်ခုံနဲ့ လွိုင်ကော် အခြေစိုက်တပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မိုးဗြဲ မြို့ရှိ စစ်ကောင်စီအခြေစိုက်ရာဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း နှင့် စည်ကား၂ နှင့် စက်တော်ရာတောင်ကုန်း(ခ)ဗျူဟာကုန်းကို ၂၀၂၃ ခုနှစ် နိုဝင် ဘာလ က ကရင်နီတပ်ပေါင်းစု က သိမ်းပိုက်ထားခဲ့သည်။

သို့သော် မိုးဗြဲ မြို့နှင့် နှစ်မိုင်ကျော်အကွာအဝေးရှိ မြို့စောင့်တပ်ဖြစ်သော အမှတ် (၄၂၂ )ခြေမြန်တပ်ရင်း (ခမရ ၄၂၂ )ကိုမူ မသိမ်းပိုက်နိုင်ခဲ့ပေ။ထို​ကြောင့်စစ်တပ်က ခမရ ၄၂၂ ကို အင်အားတိုးပြီး ကရင်နီပူး​ပေါင်းတပ်သိမ်းပိုက်ထား​သော မိုးဗြဲမြို့ကိုပြန်လည်ထိုးစစ်​ဆင်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။