Connect with us

Hi, what are you looking for?

သတင်း

မြဝတီဒေသရှိ တရုတ်နိုင်ငံသားများအား ပြန်ခေါ်ရန် BGF​က တရုတ်အစိုးရထံ ဆက်သွယ်အ​ကြောင်းကြား

တရုတ်နှစ်သစ်ကူးပြီးမှ ပြန်​ခေါ်ရန် စီစဉ်မည်ဟု တရုတ်အကြောင်းပြန်ထားဟုဆို

မြဝတီမြို့နယ် သောင်ရင်းမြစ်ဘေးရှိ KK Parkအား ထိုင်းနိုင်ငံ မဲဆောက်မှ မြင်တွေ့ရစဉ်။ (ဓာတ်ပုံ − Stefan Czimmek/DW)

ကိုပုဂံ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရုတ်နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် ကရင်နယ်ခြားစောင့်တပ်(BGF)​က တရုတ်အစိုးရထံ ဆက်သွယ်​အ​ကြောင်းကြားရာ တရုတ်နှစ်သစ်ကူးပြီးမှ ပြန်ခေါ်ရန် စီစဉ်မည်ဟု အကြောင်းပြန်လာကြောင်း BGFနှင့် နီးစပ်သည့် ရွှေကုက္ကိုလ်ဒေသရှိ လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။

“BGFက ပြန်လွှတ်ဖို့အများကြီးစီစဉ်ထားတာ။ သူတို့က တရုတ်နိုင်ငံက နှစ်ကူးပြီးမှ စီစဉ်မယ်လို့ပြောလာတယ်။ BGFက ချက်ချင်ဆက်သွယ်ပြီးတော့ ပြန်လက်ခံမလား။ အဲဒါကြတော့လည်း နေပါအုံးပြောတယ်ကြားတယ်”ဟု BGFနှင့် နီးစပ်သည့် ရွှေကုက္ကိုလ်ဒေသရှိ သတင်းရင်းမြစ်က ပြောသည်။

ယခုနှစ် တရုတ်နှစ်သစ်ကူးနေ့သည် ဇန်နဝါရီ ၂၉ရက်နေ့ဖြစ်ပြီး အဆိုပါရက်ပိုင်းများအတွင် ပွဲတော်များပြုလုပ်လေ့ရှိသည်။

Public Service Announcement

Public Service Announcement

တရုတ်မင်းသားဝမ်ကျင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်က ထိုင်းနိုင်ငံသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ထိုင်း − မြန်မာနယ်စပ် မြန်မာဖက်ခြမ်း၊ မြဝတီမြို့နယ်က အင်ကြင်းမြိုင်ဒေသ၌ ကျားဖြန့်ဂိုဏ်းများ၏ လူကုန်ကူးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၇ရက်တွင် သွားရောက်ခေါ်ဆောင်ခဲ့သည်။

ထိုဖြစ်စဥ်အပြီးတွင် မြဝတီဒေသ၌ ကျားဖြန့်ဂိုဏ်းများ၏ လူကုန်ကူးခံရပြီး ပိတ်မိ​နေသူ ၆၀၀၀ကျော် အထိရှိနေသည်ဟုနိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်လာသည်။

ထို့ကြောင့် တရုတ်အပါအဝင် ဒေသတွင်း ၆နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။

ကျားဖြန့်အရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်အရေးနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ် ခေါင်းဆောင်များ ဇန်နဝါရီ ၂၁ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြဝတီမြို့နယ်၊ အင်ကြင်းမြိုင်ဒေသရှိ တရုတ်လုပ်ငန်းစုဖြစ်သော ​ဒေါင်မေဥယျာဉ်လုပ်ငန်းစု( Dongmai Park)အား တရုတ်မင်းသားလူကုန်ကူးမှုသံသယဖြင့် အပြီးတိုင် ချိပ်ပိတ်လိုက်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က လူထုနွေဦးသို့ ပြောသည်။

အင်ကြင်းမြိုင်ဒေသရှိ ဒေါင်မေဥယျာဉ်လုပ်ငန်းစု(Dongmai Park)သည် ပြီးခဲ့သည့် ရက်တပတ်က တရုတ်မင်းသားလာရောက်ခဲ့သည့် နေရာဖြစ်ပြီး နှင့်ယင်းဆက်စပ်ပြီး စစ်ဆေးရာ လူကုန်ကူးမှုသံသယဖြင့် ချိပ်ပိတ်လိုက်ခြင်းဟု BGF ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ဆိုသည်။

“လူကုန်းကူးမှုတွေနဲ့ သံသယရှိလို့ပါ။ တရုတ်မင်းသား ကမ်းကူးလာပြီးတော့ ခဏနားတဲ့ နေရာပေါ့။ အင်းကြင်းမြိုင်ဘက်မှာ ရှိတာပါ ဒေါင်မေက”ဟု ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

ထို့အပြင် လက်ရှိတွင်လည်း မြဝတီဒေသရှိ လုပ်ငန်းစုများအား လူမှောင်ခိုကူးမှု ၊ညှင်းပန်းနှိပ်စက်မှု၊ အသက်မပြည့်ဘဲ အလုပ်စေခိုင်းမှု၊ ငွေလိမ်လည်မှု စသည်တို့ပြုလုပ်ခြင်း ရှိ၊မရှိ ဖော်ထုတ်စစ်ဆေးနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဒေါင်မေဥယျာဥ် (Dongmei Park) သည် ဆိုက်ဘာငွေလိမ်လုပ်ငန်း လုပ်ဆောင်သည့် ခြံဝန်းကြီးဖြစ်ပြီး၊ အဆိုပါလုပ်ငန်းစု၏ အဓိက ရင်းနှီးမြှပ်နှံသူများအနက် တစ်ဦးသည် တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်း 14K ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဟောင်းဖြစ်သူ Wan Kuok-koi (သွားကျိုးဟုသိကြသူ) ဖြစ်သည်ဟု နာမည်ကြီး သုတေသနအဖွဲ့ Justice For Myanmar (JFM)က ၂၀၂၄ သြဂုတ် ၂၉ရက်က Dongmei ငွေလိမ်လုပ်ငန်းခြံကြီးတွင် မလေးရှားနိုင်ငံ ဒုဝန်ကြီးဟောင်း ဒါတွက် မာရှီတာ အီဗရာဟင်၏ ပါဝင်ပတ်သက်မှုအပေါ် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မလေးရှားဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီး​​​ဟောင်းဖြစ်သူ ဒေါက်တာ မာရှီတာအီဘရာဟင်သည် မြဝတီဒေသသို့ ၂၀၂၀ ခုနှစ်က Dongmei Parkသို့ မိတ်ဆွေတစ်ဦး၏ ဖိတ်ခေါ်မှုဖြင့် အလည်အပတ် သွားရောက်ခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ထို့အပြင် မလေးရှား ဒုတိယဝန်ကြီးဟောင်းနှင့် ခင်ပွန်းဖြစ်သူတို့သည် Dongmei Park အမည်ရ လူကုန်ကူးမှု၊မူးယစ်ဆေးအပါဝင် အွန်လိုင်းလုပ်ငန်း​များတွင် ပါဝင်ပတ်သက်နေကြောင်းလည်း Justice For Myanmar (JFM) က ၂၀၂၄မေလက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့​သော် မ​လေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်​ဆေးပြီး​နောက် ဒုဝန်ကြီး​ဟောင်းမှာ လူကုန်ကူးမှုလုပ်ငန်း ၊ကျားဖြန့်လုပ်ငန်းတို့နှင့် မသက်ဆိုင်ဘဲကင်းလွတ်​ကြောင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၂ရက်တွင် BGF က မြဝတီဒေသ၌ ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟုထုတ်ပြန်သည်။

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)သည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်ကာ တရားဝင်စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ ဖော်ဆောင်ရာတွင် ဝင်ငွေနည်းသည့်မိသားစုလယ်ယာစိုက်ပျိုးရေးစနစ်အစား မိသာစုဝင်ငွေတိုးစေသည့် စက်ရုံ၊အလုပ်ရုံ၊အိမ်ရာစီမံကိန်းနှင့် အပန်းဖြေဧည့်ရိပ်သာစသည့် အများပြည်သူကို အလုပ်အကိုင် အခွင့်အရေးရရှိစေသော လုပ်ငန်များကို ဦးစားပေးဖိတ်ခေါ်ကာ အကျိုးတူဆောင်ရွက်သည့်စနစ် မဟုတ်ဘဲ နှစ်ရှည်မြေယာငှားရမ်းသည့်စနစ်ဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ဒေသရှိ တရုတ်လုပ်ငန်းစုဖြစ်သော ​ဒေါင်မေဥယျာဉ်လုပ်ငန်းစု( Dongmai Park)အား တရုတ်မင်းသားလူကုန်ကူးမှုသံသယဖြင့် အပြီးတိုင် ချိပ်ပိတ်လိုက်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးမှုပြဿနာများ ဖြေရှင်းရန်ဆိုကာ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် တရုတ်တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

အာဏာသိမ်းစစ်အုပ်စုဘက် ပြောင်ပြောင် တင်းတင်းရပ်တည်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်မှုကို ရန်ကုန်မြို့ရှိ လူငယ်အချို့က ယနေ့(အောက်တိုဘာ ၁၉) စတင်ပြုလုပ်ခဲ့ကြသည်။