Connect with us

Hi, what are you looking for?

သတင်း

တရုတ်မင်းသားလူမှောင်ခိုသံသယဖြင့် အင်ကြင်းမြိုင်ဒေသရှိ ဒေါင်မေလုပ်ငန်းစုကို BGF ချိပ်ပိတ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ဒေသရှိ တရုတ်လုပ်ငန်းစုဖြစ်သော ​ဒေါင်မေဥယျာဉ်လုပ်ငန်းစု( Dongmai Park)အား တရုတ်မင်းသားလူကုန်ကူးမှုသံသယဖြင့် အပြီးတိုင် ချိပ်ပိတ်လိုက်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ဒေသ၌ လူကုန်ကူးခံရသော တရုတ်မင်းသားကို မဲ​ဆောက်မှ ဘန်​ကောက်မြို့သို့ ထိုင်းရဲတပ်ဖွဲ့က​ ခေါ်​ဆောင်လာစဥ် ။ဓာတ်ပုံ − The Reporter

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ဒေသရှိ တရုတ်လုပ်ငန်းစုဖြစ်သော ​ဒေါင်မေဥယျာဉ်လုပ်ငန်းစု( Dongmai Park)အား တရုတ်မင်းသားလူကုန်ကူးမှုသံသယဖြင့် အပြီးတိုင် ချိပ်ပိတ်လိုက်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

အင်ကြင်းမြိုင်ဒေသရှိ ဒေါင်မေဥယျာဉ်လုပ်ငန်းစု(Dongmai Park)သည် ပြီးခဲ့သည့် ရက်တပတ်က တရုတ်မင်းသားလာရောက်ခဲ့သည့် နေရာဖြစ်ပြီး နှင့်ယင်းဆက်စပ်ပြီး စစ်ဆေးရာ လူကုန်ကူးမှုသံသယဖြင့် ချိပ်ပိတ်လိုက်ခြင်းဟု BGF ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

“ လူကုန်းကူးမှုတွေနဲ့ သံသယရှိလို့ပါ။ တရုတ်မင်းသား ကမ်းကူးလာပြီးတော့ ခဏနားတဲ့ နေရာပေါ့။ အင်းကြင်းမြိုင်ဘက်မှာ ရှိတာပါ ဒေါင်မေက” ဟု ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်ရှိတွင်လည်း မြဝတီဒေသရှိ လုပ်ငန်းစုများအား လူမှောင်ခိုကူးမှု ၊ညှင်းပန်းနှိပ်စက်မှု၊ အသက်မပြည့်ဘဲ အလုပ်စေခိုင်းမှု၊ ငွေလိမ်လည်မှု စသည်တို့ပြုလုပ်ခြင်း ရှိ၊မရှိ ဖော်ထုတ်စစ်ဆေးနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဒေါင်မေဥယျာဥ် (Dongmei Park) သည် ဆိုက်ဘာငွေလိမ်လုပ်ငန်း လုပ်ဆောင်သည့် ခြံဝန်းကြီးဖြစ်ပြီး၊ အဆိုပါလုပ်ငန်းစု၏ အဓိက ရင်းနှီးမြှပ်နှံသူများအနက် တစ်ဦးသည် တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်း 14K လူဆိုးဂိုဏ်းခေါင်းဆောင်ဟောင်းဖြစ်သူ Wan Kuok-koi (သွားကျိုးဟုသိကြသူ) ဖြစ်သည်ဟု နာမည်ကြီး သုတေသနအဖွဲ့ Justice For Myanmar (JFM)က ၂၀၂၄ သြဂုတ် ၂၉ရက်က Dongmei ငွေလိမ်လုပ်ငန်းခြံကြီးတွင် မလေးရှားနိုင်ငံ ဒုဝန်ကြီးဟောင်း ဒါတွက် မာရှီတာ အီဗရာဟင်၏ ပါဝင်ပတ်သက်မှုအပေါ် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မလေးရှားဝန်ကြီးချုပ်ရုံး ဒုတိယ ဝန်ကြီး​​​ဟောင်းဖြစ်သူ ဒေါက်တာ မာရှီတာအီဘရာဟင်သည် မြဝတီဒေသသို့ ၂၀၂၀ ခုနှစ်က Dongmei Parkသို့ မိတ်ဆွေတစ်ဦး၏ဖိတ်ခေါ်မှုဖြင့် အလည်အပတ် သွားရောက်ခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ထို့အပြင် မလေးရှား ဒုတိယဝန်ကြီးဟောင်းနှင့် ခင်ပွန်းဖြစ်သူတို့သည် Dongmei Park အမည်ရ လူကုန်ကူးမှု၊မူးယစ်ဆေးအပါဝင် အွန်လိုင်းလုပ်ငန်း​များတွင် ပါဝင်ပတ်သက်နေကြောင်းလည်း Justice For Myanmar (JFM) က ၂၀၂၄မေလက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့​သော် မ​လေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်​ဆေးပြီး​နောက် ဒုဝန်ကြီး​ဟောင်းမှာ လူကုန်ကူးမှုလုပ်ငန်း ၊ကျားဖြန့်လုပ်ငန်းတို့

နှင့် မသက်ဆိုင်ဘဲကင်းလွတ်​ကြောင်းထုတ်ပြန်ခဲ့သည်။

တရုတ်မင်းသားဝမ်ကျင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်က ထိုင်းနိုင်ငံသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် မြန်မာဖက်ခြမ်း၊ မြဝတီမြို့နယ်က အင်ကြင်းမြိုင်ဒေသ၌ ကျားဖြန့်ဂိုဏ်းများ၏ လူကုန်ကူးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၇ရက်တွင် သွားရောက်ခေါ်ဆောင်ခဲ့ရသည်။

ထိုဖြစ်စဥ်အပြီးတွင် မြဝတီဒေသ၌ ကျားဖြန့်ဂိုဏ်းများ၏ လူကုန်ကူးခံရသူ ၆၀၀၀ကျော် အထိရှိနေသည်ဟု သတင်းထွက်ပေါ်လာသည်။

ထို့ကြောင့် တရုတ်အပါအဝင် ဒေသတွင်း ၆နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။

ကျားဖြန့်အရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်အရေးနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ် ခေါင်းဆောင်များ ဇန်နဝါရီ ၂၁ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် မြဝတီဒေသ၌ ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) က ဇန်နဝါရီ ၂၂ရက်တွင် ထုတ်ပြန်သည်။

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)သည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်ကာ တရားဝင်စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ ဖော်ဆောင်ရာတွင် ဝင်ငွေနည်းသည့်မိသားစုလယ်ယာစိုက်ပျိုးရေးစနစ်အစား မိသာစုဝင်ငွေတိုးစေသည့် စက်ရုံ၊အလုပ်ရုံ၊အိမ်ရာစီမံကိန်းနှင့် အပန်းဖြေဧည့်ရိပ်သာစသည့် အများပြည်သူကို အလုပ်အကိုင် အခွင့်အရေးရရှိစေသော လုပ်ငန်များကို ဦးစားပေးဖိတ်ခေါ်ကာ အကျိုးတူဆောင်ရွက်သည့်စနစ် မဟုတ်ဘဲ နှစ်ရှည်မြေယာငှားရမ်းသည့်စနစ်ဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

အများအကျိုးပြုရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော မသမာသည့်ရင်းနှီးမြှပ်နှံသူများသည် ဒုစရိုက်များကိုပါ ဆောင်ရွက်လာကြကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ ဒုစရိုက်မှုများအား များပြည်သူသိရှိရှောင်ရှားနိုင်ရန် အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များအား သတိပေးတားမြစ်ခြင်း၊ ကျူးလွန်သူကိုဖော်ထုတ်အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု ရေးသားထားသည်။ ထို့အပြင် သတင်းရရှိသော လူကုန်ကူးမှုများကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ပူးပေါင်းဖော်ထုတ် ကူညီပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)အနေဖြင့် ဒေသတွင်းလာရောက်၍ ဖွံ့ဖြိုးရေးလုပ်ကိုင်မည့် လုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ်လက်တွဲခြင်းဖြစ်ပြီး ဒုစရိုက်မှု၊ မသမာမှု၊ လူကုန်ကူးမှုများကို လုံးဝ လက်မခံဘဲ အတိအလင်းတားမြစ်ထားသည်ဟု ဆိုသည်။

ထို့အပြင် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီသည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက လူထုနွေဦးသို့ ပြောကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ KNU တို့ ပါဝင်သည့် မဟာမိတ်အဖွဲ့များက ဇန်နဝါရီ ၂၀ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ဆိုက်ဘာရာဇဝတ်မှုများနှင့် အခြားရာဇဝတ်မှုများ တိုက်ဖျက်ရေးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

သတင်း

ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ကျားဖြန့် အဆောက်အဦးတွေကို စစ်တပ်ဝင်စီးတာဟာ ဟန်ပြလုပ်ရပ်တာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

BGF အသွင်ပြောင်းကရင်အမျိုးသားတပ်(KNA) အဖွဲ့တွေ မြဝတီမြို့ပေါ်ကနေထွက်ခွာဖို့ စစ်ကောင်စီတပ်ကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် ကျော်လွန်လာပေမယ့် မြို့ပေါ်မှာ KNA တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ကကုန်စုံဆိုင်တစ်ဆိုင်ကို အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးကဦးဆောင်ပြီးဘိလပ်မြေအိတ်၄၀၀ကိုသိမ်းကာ ဆိုင်ကိုချိတ်ပိတ်သွားကြောင်းရေစကြိုသတင်းအချက် အလက် ကော်မတီက ပြောပါတယ်။