သတင်း မြိတ်ခရိုင်တပ်ရင်း(၃)ကို NUG ဒုတိယအကြိမ် လက်နက်တပ်ဆင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၃)ထံသို့ ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တနင်္သာရီတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ ludunwayooဧပြီ 19, 2026
သတင်း ဒေါ်အောင်ဆန်းစုကြည်သတင်း ဒီနေ့အထိ ဘာမှ မသိရသေးဘူးလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ပြော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။ ludunwayooဧပြီ 19, 2026
သတင်း မြင်းခြံနယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ် မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က တစ်လအတွင်း ကျေးရွာ၂၀နီးပါး မီးရှို့ဖျက်ဆီးပြီး ပြည်သူ တစ်ဒါဇင်ကျော် သတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ludunwayooဧပြီ 19, 2026
သတင်း ဖလူးမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်လေကြောင်းကနေ လေးကြိမ်ဗုံးကြဲ မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီနေ့ ( ဧပြီ ၁၈ ရက် ) မနက်ပိုင်းက စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဧပြီ 19, 2026
သတင်း ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ ဧပြီ ၁၈ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။ ludunwayooဧပြီ 19, 2026