Connect with us

Hi, what are you looking for?

အတွေးအမြင်

ဇာတ်မင်းသားကိုအကူအညီတောင်းလာရတဲ့ စစ်တပ်​လက်​အောက်ကရုပ်ရှင်​

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဝဇီရာ/People’s Spring

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ရုပ်ရှင်တွေရဲ့ ရုံတင်စနစ်က ရုံရှင်တွေရွေးချယ်ထားတဲ့ ဇာတ်ကားတွေထဲကနေ တစ်ပတ်ကို မြန်မာကားသစ်နှစ်ကား အပြိုင်ရုံတင်ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်တင်ပြီးတဲ့အချိန်မှာ ဝင်ငွေပေါ်မူတည်ပြီး နောက်တစ်ပတ်ဆက်လက်ပြသခွင့်ရမရ ဆုံးဖြတ်ပါတယ်။ တင်သမျှကားတိုင်း နှစ်ပတ်ပြသခွင့်မရဘဲ တစ်ပတ်တည်းနဲ့ ရုံဆင်းပေးလိုက်ရတယ်။ နေတိုးလိုမင်းသားပါတဲ့ဇာတ်ကားတောင် တစ်ပတ်နဲ့ ရုံဆင်းပေးရတဲ့အခြေအနေ ရောက်လာခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်လက်​အောက်မှာ ရုပ်ရှင်ရုံ​တွေဖြစ်ပျက်​နေတာ​တွေအတွက် ရုပ်ရှင်လောကသားတွေ ခေါင်းချင်းဆိုင်ကြရပါပြီ။ အဲဒီပြဿနာကို ဖြေရှင်းဖို့၊ ကျဆင်းနေတဲ့ရုပ်ရှင်ကို ပြန်လည်လှုပ်နှိုးမယ်ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ တန်းစီထားတဲ့ကားတွေ ၁၀ ကားလောက်ရှိနေတဲ့ကြားကနေ ဇာတ်ကားနှစ်ကားကို ဖြတ်တင်ဖို့ စီစဥ်လာပါ​တော့တယ်။

Public Service Announcement

Public Service Announcement

တစ်ကားကတော့ အာဏာသိမ်းစစ်တပ်အလိုကျ ဇာတ်ကားတွေတစ်ကားပြီးတစ်ကား ရိုက်ကူးနေတဲ့၊ ထိပ်တန်းမင်းသားနှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ ​မြင့်​မြတ်ရဲ့ ညိုကီတွေဆိုတဲ့ဇာတ်ကားပါ။ နောက်တစ်ကားကတော့ ခြေထောက်နဲ့အကန်ခံရပြီးမှ စန်းတွေဒလဟောတက်လာပြီး မြို့ကြီးတွေမှာ စစ်ကောင်စီအလိုကျ လှည့်လည်ကပြ အသုံးတော်ခံနေတဲ့ အောင်ဇမ္ဗူရဲ့ ပထမဆုံးရုပ်ရှင် အငြှိုးအတေးပါ။ နှစ်ကားလုံးကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နဲ့ ၎င်းလက်အောက်ခံ ခရိုနီတွေရဲ့ TMW ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေးတို့က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖူးဖူးရုပ်ရှင်ထုတ်လုပ်ရေးကိုတော့ ခင်သီရိသက်မွန်နဲ့ လုပ်ငန်းအတူလုပ်နေတဲ့ ရွှေမန်းက သူ့ဇနီး ဒေါက်တာဖူးပွင့်ခိုင်နာမည်နဲ့ ထူထောင်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဇာတ်သဘင်ဘက်က နာမည်ကျော်နှစ်ဦးလုံးကိုပါ သူတို့ရဲ့ဝါဒဖြန့်ချိရေးကွန်ရက်ထဲမှာ သိမ်းသွင်းထားလိုက်ပြီဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင်သမီးရဲ့ကျောထောက်နောက်ခံနဲ့ ရွှေမန်းအင်ပါယာဟာစစ်တပ်ဝါဒဖြန့်ချီ​ရေးအတွက်​ ကုန်းဘောင်ခေတ်ရုပ်ရှင်ကိုလည်း ကျပ်သိန်းပေါင်းသိန်းချီအကုန်အကျခံကာ ရိုက်ကူးဖို့ ပြင်ဆင်နေပြန်ပါတယ်။ ဒီဇာတ်ကားဟာ စစ်တပ်အလိုကျ ဘယ်​လောက်​တောင် ဝါဒဖြန့်ချီမှု​တွေပါမလဲဆိုရင် ရခိုင်တိုင်းရင်းသား​နေတိုးကို သမိုင်းမှာ ရခိုင်ပြည်သူ​တွေအရမ်းမုန်းတီးနာကျည်းတဲ့ ရခိုင်ပြည်ကိုကျူး​ကျော်ခဲ့တဲ့ ဘို​တော်ဗဒုံမင်းအ​နေနဲ့သရုပ်​ဆောင်ခိုင်း ထားတာဖြစ်ပါတယ်။ မင်း​အောင်လှိုင် သမီး ခင်သီရိသက်မွန် ​က​​ အရင်ကတည်းက ငွေပုံ​ပေးပြီး ​မွေးထားတဲ့ မင်းသား၊မင်းသမီး​တွေ၊အနုပညာရှင်​တွေ ဒီဝါဒဖြန့်ကားမှာ များစွာပါဝင်ပါတယ်။ခင်သီရီသက်မွန်ရဲ့ မင်းသား ​နေတိုးဟာ ဒီတစ်ကြိမ်မှာ​တော့ ရခိုင်​တွေမုန်းတီလှတဲ့ ဘိုး​တော်ဗဒုံမင်း ဖြစ်လာ​တော့မှာပါ။

စစ်တပ်လက်​အောက်မှာမြန်မာ့ရုပ်ရှင်ဘာလို့ လူမကြည့်တော့တာလဲ။ အရည်အသွေးညံ့တာတွေ၊ ပေါကားတွေ စတဲ့အကြောင်းရင်းတွေကတော့ အသစ်မဟုတ်တော့ပါဘူး။ လက်ရှိ ရုပ်ရှင်ကြည့်ပရိသတ် ဘာတွေဖြစ်နေလဲဆိုတာကိုကော ရုပ်ရှင်သမားတွေ စဥ်းစားကြည့်ဖူးပါသလား။ နိုင်ငံတစ်ဝန်းစစ်တပ်ကအိမ်​တွေကို မီးရှို့ ၊​ကျောင်း​တွေ​ဆေးရုံ​တွေကိုဗုံးကြဲ ​နေ့စဥ်နဲ့အမျှ ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ် ​နေတဲ့အချိန်မှာ ရုပ်ရှင်သမား​တွေက ​ခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားဇာတ်ဝင်ခန်း ဘယ်နှစ်ခုရိုက်ဖူးပါလဲ။ အဖိနှိပ်ခံပြည်သူ​တွေကို ကိုယ်စားပြုပြီး ​ခေတ်ကာလကိုထင်ဟပ်တဲ့ အနုပညာဘယ်နှစ်ခုထုတ်လုပ်ဖူးကြပါလဲ။

ရန်ကုန်လိုမြို့ကြီးမှာတောင် နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးတာတွေရှိလာချိန် လူငယ်အများစုဟာ ရုပ်ရှင်ကို စိတ်ဖြောင့်ဖြောင့်လာကြည့်နိုင်မယ်ထင်ပါသလား။တက်ပြီးရင်းတက်နေတဲ့ ကုန်စျေးနှူန်းနဲ့ တဟုန်ထိုးကျဆင်းနေတဲ့ ​မြန်မာငွေတန်ဖိုးတွေကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ ရုပ်ရှင် လာကြည့်နိုင်မယ်လို့ မျှော်လင့်နေတုန်းလား။ ဒါဆိုရင်တော့ ရုပ်ရှင်သမားတွေ ဆေးသောက်ဖို့ လိုနေပါပြီ။

မကြာခင် ရုပ်ရှင်ရုံတွေတစ်ရုံပြီးတစ်ရုံပိတ်ရတဲ့အနေအထား ရောက်လာဖို့ အတော်လေးနီးကပ်နေပါပြီ။ ပြင်ဆင်ထားကြပါ။ ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။