အယောင်ဆောင် လက်ထပ်စေတဲ့ နည်းကိုသုံးပြီး ရာနဲ့ချီ များပြားတဲ့ နိုင်ငံခြားသားတွေကို အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် (green card) ရရှိအောင် စီစဉ်ပေးခဲ့တဲ့ ဂိုဏ်းတစ်ခုကို အမေရိကန်မှာ စွဲချက်တင်ထားပါတယ်။
အမေရိကန် တရားရေး ဝန်ကြီးဌာနက လူပေါင်း ၁၁ ဦးကို တရားစွဲဆိုထားကြောင်း၊ အဲဒီ သံသယ ရှိသူတွေဟာ ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိပြီး မသမာတဲ့ နည်းလမ်းနဲ့ green cardတွေ ရယူခဲ့တဲ့ အစီအမံနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။
တရားရုံးရဲ့ စာရွက်စာတမ်းတွေအရ အဲဒီအဖွဲ့ဟာ နယူးယောက်မြို့မှာ အဓိက အခြေစိုက် လှုပ်ရှားကြောင်း သိရပါတယ်။ သူတို့ဟာ green card တစ်ခုရဖို့အတွက် ရွှေ့ပြောင်း အခြေချလိုသူတွေဆီက ဒေါ်လာ ၁ သိန်းလောက်ထိ တောင်းခံကြပါတယ်။ ပြီးတော့ အမေရိကန် နိုင်ငံသားတွေနဲ့ ဟန်ဆောင် လက်ထပ်ဖို့ ချိတ်ဆက်ပေးပါတယ်။ အဲဒီလိုမျိုး ဟန်ဆောင် လက်ထပ်ဖို့ သဘောတူတဲ့ အမေရိကန် နိုင်ငံသားတွေဟာ ဒေါ်လာ ၃ သောင်းထိ ဝန်ဆောင်ခ ရကြပါတယ်။
အဲဒီလုပ်ငန်းကို လည်ပတ်နေတာ ဆယ်စုနှစ် တစ်ခုစာလောက် ကြာမြင့်ခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာ အကျိုးအမြတ် ရရှိခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ သံသယရှိသူ ၁၁ ဦးဟာ အသက် ၂၆ နှစ်ကနေ ၇၂ နှစ်ထိ ပါဝင်ပြီး ဩဂုတ် ၁၂ ရက် မနက်ပိုင်းက ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
၂၀၁၆ ကတည်းက စတင်လည်ပတ်နေတဲ့ လုပ်ငန်းဟာ တရုတ်နိုင်ငံသား အများစု ပါဝင်တဲ့ နိုင်ငံခြားသားတွေ အတော်များများကို မသမာတဲ့၊ လှည့်စားတဲ့၊ ဥပဒေ လက်တစ်လုံးခြားလုပ်တဲ့ နည်းတွေနဲ့ green cardရအောင် စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။
နယူးယောက်မှာ အဓိက အခြေစိုက်ပေမယ့် အမေရိကန် နိုင်ငံတစ်ဝန်းနဲ့ တခြားနိုင်ငံတွေမှာပါ အမေရိကန် နိုင်ငံသားတွေနဲ့ ရွှေ့ပြောင်းအခြေချလိုသူတွေအတွက် အတုအယောင် လက်ထပ်ပွဲတွေကို အဲဒီဂိုဏ်းက စီစဉ်ပေးခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ ဥပမာ တရုတ်နဲ့ ဗာနူအာတူတို့လို နိုင်ငံတွေမှာလည်း လက်ထပ်ပွဲ အစီအစဉ်တွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေကတော့ အဲဒီဂိုဏ်းဟာ အတုအယောင် လက်ထပ်ပွဲ ၁၀၀၀ ကျော်ထိ စီစဉ်ပေးပြီး green cardတွေ ရယူနိုင်အောင် ချိတ်ဆက်ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။ အဲဒီကိန်းဂဏန်းကိုသာ အတည်ပြုနိုင်ရင်တော့ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး လိမ်လည်လက်ထပ်မှုဆိုင်ရာ မှုခင်းမျိုး ဖြစ်လာမှာပါ။
အမေရိကန် ရှေ့နေချုပ် တော့ဒ်ဘလန်ချေးကတော့ ဒီလုပ်ငန်းဟာ ရေရှည်အချိန်ယူ လည်ပတ်ပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ကြေး ကြီးမားလာနိုင်ကြောင်း၊ ဥပဒေနဲ့ စံနှုန်းတွေအရ အမေရိကန် နိုင်ငံသား မဖြစ်သင့်ဘူးလို့ သတ်မှတ်သူတွေကို ရာဇဝတ်မှုမြောက်တဲ့ နည်းလမ်းမျိုးနဲ့ အခကြေးငွေယူပြီး green cardရအောင် လုပ်ပေးနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ ကြံရာပါ အမေရိကန် နိုင်ငံသားတွေနဲ့ အရင်ညှိနှိုင်းလေ့ရှိသလို မင်္ဂလာအခမ်းအနား အတုတွေကို အသေးစိတ် စီစဉ်ပေးလေ့ ရှိပါတယ်။ တချို့ လက်ထပ်ပွဲတွေကို စားသောက်ဆိုင်တွေမှာ ကျင်းပပြီး မိသားစု ဓာတ်ပုံတွေပါ ရိုက်ထားလေ့ ရှိပါတယ်။ နောက်ပြီး green card ရတဲ့ထိ ရွှေ့ပြောင်းအခြေချသူတွေကို လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီတွေ
အမေရိကန်မှာ တရားဝင်ရော၊ တရားမဝင်ပါ ရွှေ့ပြောင်းအခြေချမှုတွေကို ပိုမိုကန့်သတ်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက အားထည့် လုပ်ဆောင်နေချိန်မှာ အခုလို မှုခင်းမျိုး ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ကိုးကား: CNA


















































