Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ မဂ္ဂနီကျု ၇.၇ ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား

မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးတစ်ခု အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

ဓာတ်ပုံ - Getty Images

မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးတစ်ခု အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

ဩဂုတ် ၁၅ ရက် မနက်ပိုင်းက အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းက ဖလိုရက်စ်ကျွန်းရဲ့ မြောက်ဖက် ကမ်းလွန်ရေပြင်မှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဟာ ပင်လယ်ကြမ်းပြင်အောက် မြေတိမ်ပိုင်းကို ဦးတည်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဆူနာမီ သတိပေးချက် ထွက်ပေါ်လာတဲ့နောက် ကမ်းရိုးတန်း ဒေသတွေက လူတွေ ရာပေါင်းများစွာ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ ငလျင်လှုပ်တဲ့ နေရာတဝိုက်မှာ နောက်ဆက်တွဲ ငလျင်တွေပါ ဆက်တိုက် လှုပ်ခတ်နေပြီး အပြင်းဆုံး တစ်ခုက မဂ္ဂနီကျု ၆.၁ ထိ တိုင်းတာရရှိခဲ့ပါတယ်။

အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပအေဂျင်စီ (BMKG)က ငလျင်ရဲ့ လှုပ်ခတ်မှု ပုံစံနဲ့ သဘောတရားတွေက ဆူနာမီရေလှိုင်း ဖြစ်ပေါ်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကိုက်ညီနေကြောင်း၊ အရှေ့ နူဆာ တန်ဂါရာ၊ တောင်ပိုင်း ဆူလာဝေဆီ၊ အနောက် နူဆာ တန်ဂါရာ ဒေသတွေဆီ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်တာမျိုး ကြုံလာနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် အမြင့် မီတာဝက်ကနေ ၃ မီတာထိရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း BMKGက သတိပေးထားပါတယ်။ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၂၄၀၀ လောက် ကွာဝေးတဲ့ ဖလိုရက်စ် ကျွန်းပေါ်က မော်မယ်ရီ မြို့မှာလည်း ဒေသခံတွေဟာ ကုန်းမြင့်ပိုင်းတွေဆီ အဆောတလျင် ရွှေ့ပြောင်းကုန်ပါတယ်။

ငလျင်ကြီးအပြီး ကမ်းရိုးတန်းမှာ ပင်လယ်ရေမျက်နှာပြင်က နောက်ဆုတ်သွားတာကို အထင်အရှား သတိပြုမိတဲ့ အတွက်လည်း အခြေအနေက ပိုပြီး အရေးတကြီး ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲဟာ ဆူနာမီ လှိုင်းလုံးတွေ ရိုက်ခတ်မလာခင် ကြုံရလေ့ရှိတဲ့ သဘာဝ ဖြစ်စဉ်တစ်ခုပါ။

ငလျင်လှုပ်ခတ်အပြီး ထိခိုက်ဒဏ်ရာရမှု သတင်းတွေ မကြားရသေးပေမယ့် နေအိမ် အဆောက်အအုံ ပျက်စီးမှုတွေတော့ ရှိခဲ့ပါတယ်။ ငလျင်လှုပ် အပြီးမှာတော့ ကမ်းရိုးတန်းနေရာ တချို့မှာ ၂၀ နဲ့ ၃၀ စင်တီမီတာလောက်ရှိတဲ့ ဆူနာမီ လှိုင်းငယ်တွေ စတင်ရိုက်ခတ်လာတာကို ထောက်လှမ်း တွေ့ရှိထားပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိပြီး ငလျင် လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံဖူးပါတယ်။ ၂၀၀၄ ခုနှစ်ကတော့ လူ့သမိုင်းမှာ အဆိုးဆုံး ငလျင်လှုပ်ခတ်မှုနဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်း ရိုက်ခတ်မှု တစ်ခုကို အင်ဒိုနီးရှားမှာ ကြုံတွေ့ခဲ့ပါတယ်။ မဂ္ဂနီကျု ၉.၁ အဆင့် ဖျက်အားပြင်း ငလျင်ကြီးနဲ့ ဆူနာမီ ရေလှိုင်းတွေကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀၀၀၀ လောက် အပါအဝင် စုစုပေါင်း လူ ၂၂၀၀၀၀ အသက်ဆုံးရှုံးခဲ့ရပါတယ်။

၂၀၁၈ တုန်းကလည်း အင်ဒိုနီးရှားရဲ့ လွမ်ဘော့ခ်ကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းတဲ့ ငလျင်တစ်ခုကြောင့် လူ ၅၅၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီနှစ် နှောင်းပိုင်းမှာပဲ မဂ္ဂနီကျု ၇.၅ ငလျင်လှုပ်ပြီး ဆူလာဝေဆီမှာရှိတဲ့ ပါလူကျွန်းကို နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့တဲ့အတွက် အသေအပျောက် ၄၃၀၀ လောက် ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ ငလျင်ကြီး လှုပ်ခတ်ပြီး ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေ အောက်ကနေ ကလေးငယ်လေး တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် သေဆုံးသူ ဦးရေဟာ ၂၅၀ ကျော်ထိ မြင့်တက်လာသလို အသက်ရှင် ကျန်သူတွေကို ရှာဖွေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း အပူတပြင်း ဆက်လက် ဆောင်ရွက်နေပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၄ အဆင့် ဖျက်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၀ ကျော်ထိ ဆက်တိုက် မြင့်တက်လာနေသလို ထိခိုက်ပျက်စီးမှု အများအပြားလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု့ ၇.၄ အဆင့်ရှိတဲ့ဖျက်အားပြင်းငလျင်ကြီးဒီနေ့ (သြဂုတ်လ ၁၀ ရက်)မနက်ပိုင်းကကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာလှုပ်ခတ်ရာ အနည်း ဆုံး လူ ၂၉ ဦးသေဆုံးထားပါတယ်။