Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တက္ကဆက်စ်မှာ ပျက်ကျမှု ဖြစ်ခဲ့တဲ့နောက် အမေရိကန်ကြည်းတပ်ရဲ့ Apache ရဟတ်ယာဉ်တွေ ပျံသန်းမှုကို ဆိုင်းငံ့ထား

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - Sheriff Office

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

ဩဂုတ် ၁၂ ရက်နေ့တုန်းက တက္ကဆက်စ်ပြည်နယ်၊ ဖို့တ်ဟွတ်ဒ်နားမှာ Apache တစ်စီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ် ၁၄ ရက်နေ့မှာတော့ ကြည်းတပ်က Apache အားလုံးရဲ့ ပျံသန်းမှုတွေကို ယာယီ ဆိုင်းငံ့ထားစေမယ်လို့ ကြေညာခဲ့ပါတယ်။

ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ခြေခြေမြစ်မြစ် နားလည်အောင် စစ်ဆေးပြီးတဲ့ထိ ကျန်တဲ့ Apacheတွေကို မြေပြင်မှာပဲ ထားရှိစေမယ်လို့ ကြည်းတပ်က ဆိုပါတယ်။

အလာဘားမားမှာရှိတဲ့ ဖို့တ်ရက်ကာက ကြည်းတပ် စစ်ရေး အသင့်ပြင်ဆင်မှု ကွပ်ကဲရေးဌာနရဲ့ စစ်ဆေးရေး အရာရှိတွေဟာ ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာကို ရောက်ရှိပြီး စုံစမ်းမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Apache ရဟတ်ယာဉ်တွေဟာ နှစ်ယောက်စီး အမျိုးအစားဖြစ်ပြီး လေယာဉ်မှူးက အနောက်မှာ၊ လက်နက်စနစ်တွေကို အဓိက ကိုင်တွယ်သူ တွဲဖက်လေယာဉ်မှူးက အရှေ့ဖက်မှာ အတန်းလိုက် နေရာယူကြပါတယ်။

တက္ကဆက်စ်မှာ ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျမှုမှာ အသက် ၃၄ နှစ်အရွယ် ဒီယွန်ထရီဟွေးနဲ့ အသက် ၂၅ နှစ်အရွယ် ဆက်သ် အွမ်းလ်မ်စတက်ဒ်တို့ သေဆုံးခဲ့ကြောင်း အမေရိကန် ကြည်းတပ်က ထုတ်ပြန်ထားပါတယ်။

Apacheတွေဟာ ကမ္ဘာပေါ်မှာ စွမ်းဆောင်ရည် အမြင့်ဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား တစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ ရဟတ်ယာဉ် တစ်စီးဟာ Hellfire မြေပြင်ပစ် ဒုံးကျည် ၁၆ စင်း၊ ဝေဟင်ပစ်ဒုံးကျည် ၇၆ စင်း၊ ၃၀ မမ စက်သေနတ်နဲ့ ကျည်ဆန် ၁၂၀၀ သယ်ဆောင်ပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ပါတယ်။

အဲဒီရဟတ်ယာဉ်တွေကို ၁၉၈၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ချိန် ကတည်းက စွမ်းဆောင်ရည်နဲ့ နည်းပညာပိုင်းတွေ အစဉ်တစိုက် မွမ်းမံ အဆင့်မြှင့်လာခဲ့ပါတယ်။ ကြည်းတပ်ဟာ Apacheတွေကို ၂၀၅၀ ပြည့်နှစ်အထိ ဆက်လက် အသုံးပြုနေဖို့လည်း ရည်ရွယ်ထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်မှာ ရက်ပေါင်း ၂၅၀ ကျော်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ရေတပ်သားတွေထဲမှာ စိတ်ပိုင်းရုပ်ပိုင်း နွမ်းနယ်မှုတွေ စိုးရိမ်စရာ မြင့်တက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် Patriot ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ အမေရိကန် အစိုးရကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ ဆရာတော်တစ်ပါးက အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ ရဟတ်ယာဥ်ကို အန္တရာယ်ကင်းအောင် သပြေခက်နဲ့ ပရိတ်ရေ ဖြန်းပေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ ဝေဖန်ခံနေရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။