Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေါ်လာ ၆ သန်းကိုတိတ်တဆိတ်လက်ခံခဲ့တဲ့ Forbes မဂ္ဂဇင်း အယ်ဒီတာထုတ်ပယ်ခံရ

တိတ်တဆိတ် ငွေကြေးလက်ခံယူမှု တစ်ခုကြောင့် ကမ္ဘာကျော် Frobes မဂ္ဂဇင်းကြီးရဲ့ ထိပ်တန်း အယ်ဒီတာ တစ်ဦးဟာ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

(ကမ္ဘာကျော် Frobes မဂ္ဂဇင်းကြီးရဲ့ ထိပ်တန်း အယ်ဒီတာရန်ဒေါလ်လိန်း။ ဓါတ်ပုံ-​Taylor Hill)

သြဂုတ်-၁၄၊၂၀၂၆။People’s Spring

တိတ်တဆိတ် ငွေကြေးလက်ခံယူမှု တစ်ခုကြောင့် ကမ္ဘာကျော် Frobes မဂ္ဂဇင်းကြီးရဲ့ ထိပ်တန်း အယ်ဒီတာ တစ်ဦးဟာ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

ရန်ဒေါလ်လိန်းဟာ Forbesရဲ့ အယ်ဒီတာတစ်ဦး ဖြစ်သလို သတင်းဆောင်းပါး အကြောင်းအရာတွေကိုအဓိကကွပ်ကဲကြီးကြပ်တဲ့ အရာရှိလည်း ဖြစ်ပါတယ်။

သူဟာချမ်းသာကြွယ်ဝမှုဆိုင်ရာအကြံပေးကဏ္ဍတွေနဲ့ ပတ်သက်ရင် မဂ္ဂဇင်းနဲ့ ကာလရှည်ကြာ အလုပ်တွဲလုပ်ခဲ့တဲ့ Shook သုတေသနဌာနကိုထူထောင်သူ ရောဘတ်ဂျွန်ရွှတ်ခ်ဆီကနေ ဒေါ်လာ ၆ သန်းလောက် လက်ခံရယူခဲ့တာလို့ သတင်းရင်းမြစ် သုံးခုက New York Times သတင်းစာဆီ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Shook သုတေသန ဌာနဟာ Forbesနဲ့ ၂၀၁၆ ကတည်းကပူးတွဲအလုပ်လုပ်လာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ရွှတ်ခ်ဟာ အဲဒီလုပ်ငန်းရဲ့ရှယ်ယာအများစုကို ပြီးခဲ့တဲ့နှစ်ဩဂုတ်လ PPC Enterprisesဆီ ရောင်းချပြီးတဲ့နောက် လိန်းကို ငွေကြေးတွေ လျှို့ဝှက် လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

Shookကလိန်းကိုဘာကြောင့် လျှို့လျှို့ဝှက်ဝှက်နဲ့ ငွေပေးခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ နီးစပ်သူ တစ်ဦးကတော့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်းလိန်းဆီကပုဂ္ဂိုလ်ရေးအရရရှိခဲ့တဲ့အဖိုးတန်အကြံဉာဏ်တွေအတွက် Shookက ကျေးဇူးဆပ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ Forbes မဂ္ဂဇင်းမှာလည်း ငွေကြေးကိစ္စနဲ့ ပတ်သက်ရင် တိကျတဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ပြင်ပစီးပွားရေးအလုပ်တွေလုပ်မယ်ဆိုရင်မဂ္ဂဇင်းတိုက်ကိုကြိုတင်အသိပေးအကြောင်းကြားဖို့ လိုပြီးမိတ်ဖက်အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့လည်း ငွေကြေးကိစ္စ ဆက်နွှယ်ပတ်သက်လို့ မရပါဘူး။

အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တဲ့အတွက် Forbesရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဆီက ငွေကြေး လက်ခံတာမျိုးကိုလည်း ဝန်ထမ်းတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။

သူကအမှားတစ်ခု လုပ်ခဲ့မိကြောင်း၊ဒါကို တာဝန်ယူမှာဖြစ်ကြောင်း အသက် ၅၈ နှစ်အရွယ် လိန်းကပြောပါတယ်။သူ့အနေနဲ့ အဲဒီငွေကြေးလက်ဆောင်အကြောင်းကိုစောစောထုတ်ပြောခဲ့သင့်ကြောင်း၊ ဒါပေမဲ့ သူ့အတွေး မှားခဲ့ပြီး အဲဒီအတွက်လည်း နောင်တရမိကြောင်း၊ သူချစ်တဲ့ အလုပ်နဲ့ သူချစ်တဲ့ သတင်းခန်းကို ဆုံးရှုံးခဲ့ရပေမယ့် Forbesအပေါ် ထားရှိတဲ့ သူ့ရဲ့သဘောထားကတော့ပြောင်းလဲသွားမှာ မဟုတ်ကြောင်း လိန်းကဖွင့်ဟသွားပါတယ်။

ကိုးကား- New York Times

ဆက်စပ်သတင်းများ

News

ထပ်တိုးတရားစွဲတဲ့ အီလက်ထရောနစ်ပုဒ်မ ၃၃ (ခ) ဟာ ထောင်ဒဏ် အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်ထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

နိုင်ငံတကာ

အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အစိုးရ ရုပ်မြင်သံကြား ဌာနတစ်ခုမှာ အခုလို ဆန္ဒပြတာမျိုးက အတော်လေး ရှားပါးတဲ့ အခြေအနေပါ။ ဆန္ဒပြခဲ့တဲ့ အယ်ဒီတာ အမျိုးသမီးဟာ မာရီနာ အော့ဗ်ရှန်နစ်ကိုဗာ ဆိုသူဖြစ်ပြီး အခုတော့ အဖမ်းခံထားတယ်လို့ ယုံကြည်ရပါတယ်။