Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့နယ်၊ ရွှေတောရွာကို စစ်တပ်ဗုံးကြဲ ပြည်သူနှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ်-၁၄၊၂၀၂၆။ကတ်သရင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ်လ၁၄ရက်​ ​နေ့လယ် ၁၁နာရီ ၄၅မိနစ်မှာ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

“တံတားထိပ်နားနဲ့ ရွှေလုပ်ကွက်ဘက်ကိုကြဲတာ။ထိတဲ့ပြည်သူတွေက ရွှေလုပ်ကွက်မှာအလုပ်လုပ်ကြတဲ့ ပြည်သူ တွေထိတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတာ​ကြောင့် အမျိုးသားတဦးလက်ကို ကျည်စထိမှန်ခဲ့သလို အမျိုးသမီးတဦးလည်း ခြေသလုံးကို ကျည်စထိမှန်ခဲ့ဒဏ်ရာရခဲ့တာလို့သိရပါတယ် ။ဒါ​ပေမယ့် ဒဏ်ရာရသူ​တွေဟာအသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။

“အဲဒီနေရာမှာ ပလောင်နဲ့ကချင်တပ်ရှိတာကို ကချင်တပ်ဘက်ကြဲသွားတယ်။မြေပြင်ကလည်းမိုးမိတ်ဘက်မှာစစ်ကြောင်းထိုးနေတာ ရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ကမိုးမိတ်မြို့နယ်မှာ နယ်​မြေစိုးမိုးမှုတိုးရ​အောင် စစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး ညောင်နီရွာကိုလည်း၂ ရက်ဆက် လေကြောင်း၊လက်နက်ကြီးပစ်ကူသုံးပြီးစစ်​ကြောင်းထိုးတာ​ကြောင့် KIA ဦး​ဆောင်တဲ့မဟာမိတ်တပ်​တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။တိုက်ပွဲမှာ စစ်တပ်ကအရာရှိ​တွေအပါအဝင် စစ်သား​​တွေ​သေဆုံးထိခိုက်မှု​တွေရှိခဲ့သလို​တော်လှန်​ရေးတပ်​တွေဘက်က ​SSPP တပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

ဒါ့အပြင်MNDAAထိန်းချုပ်‌ထားတဲ့ ကွတ်ခိုင်မြို့နဲ့ KIAထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာမြို့ကို သြဂုတ်လ၁၄ရက်ညပိုင်းမှာ စစ်တပ်ရဲ့ကင်း

ထောက်လေယာဉ်ပျံဝဲခဲ့ပါတယ်။ည ၇နာရီကျော်ခန့်ကစပြီး လေယာဉ်တစ်စီး ပတ်ပြီး ပျံနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook