Connect with us

Hi, what are you looking for?

ဆောင်းပါး

ငါ့နွားတွေ ရေမမွန်းစေရ

အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။

(ရေဘေးသင့်နွားများအား ကယ်တင်လာစဥ်။ ဓါတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း ၁၇)

ထွန်းညိုဦး/People’s Spring

အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။

အညာသူ အညာသားတွေဟာ ကိုယ်နဲ့အတူတူ နှစ်ပေါင်းများစွာ ရာသီမရွေး အတူတူ ရုန်းကန်ခဲ့ကြရတဲ့ ဒီနွား​တွေကို မထားခဲ့နိုင်ဘူး။ ဒီနွားတွေဟာ စစ်​​ဘေးရှောင်တော့လည်း အတူတူ ပြေးခဲ့ကြရသူတွေ။ စစ်တပ်က လက်နက်ကြီးပစ်၊ လေကြောင်းကြဲရင်လည်း ပြည်သူတွေလိုပဲ သေဆုံးခဲ့ကြရတဲ့ နွားတွေ နည်းမှ မနည်းတာ။

“စပါးတွေ ရေမွန်းသွားလည်း ငါ့နွားတွေ ရေမမွန်းစေရဘူး။..စိုက်ထားတဲ့ သီးနှံတွေ ရေမျောသွားလို့ ပျက်စီးသွားပါစေ… ငါတို့မှာ နွားရှိနေသေးရင် လယ်ပြန်ထွန်လို့ ရသေးတယ်။ မြေပြင်ပြန်ပြုပြင်လို့ ရသေးတယ်။ နွားဆိုတာအညာသားယာသမားတွေအတွက်တော့ ရိုးရိုးတိရိစ္ဆာန်မဟုတ်၊ ဘဝရဲ့ကျောရိုး ၊ စိုက်ပျိုးရေးရဲ့သွေးကြော နဲ့ မိသားစုအတွက် အားကိုးရာအိမ်သားတဦးလိုပါပဲ”လို့ ရွှေဘိုခရိုင် တပ်ရင်း အမှတ် (၁၇)က ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့်ပဲ အညာသူအညာသားတွေဟာ ရေတွေရွာထဲဝင်လာတော့ နွားတွေကို ရေလွတ်ရာ ပို့ဖို့ စီစဥ်ရတယ်။ ရေမြင့်တက်လာချိန်မှာ နွားတွေကို တိုင်မှာ ကြိုးမချည်ထားရဘူး။ ကြိုးချည်ထားရင် ရေတက်လာတဲ့အခါ ရေမကူးနိုင်ဘဲရေနစ်သေဆုံးတတ်တယ်။ကြိုးဖြုတ်ပေးထားမှသာ နွားတွေအလိုအလျောက် ရေကူးပြီးရေလွတ်ရာကိုတက်နိုင်တာပါ။

ရေဘေးသင့်ဒေသတွေမှာ နွားတွေကို ကယ်ဆယ်ထိန်းသိမ်းရတာဟာ လူတွေကို ကယ်ဆယ်ရတာထက် ပိုမိုခက်ခဲပြီး အန္တရာယ်များပါတယ်။ နွားတွေဟာ ရေဘေးကြုံရတဲ့အခါ လန့်ဖျပ်ပြီး ရေထဲကူးခတ်ရင်း လမ်းပျောက်တာ၊ မောပန်းပြီး ရေနစ်တာတွေ ဖြစ်တတ်တာမို့ပါ။

အညာသူအညာသားတွေဟာ နွားတွေကို အုပ်စုလိုက် ရေကူးပြီး ရေလွတ်ရာပို့ဖို့ စီစဥ်ရတယ်။ ​နွားတွေဟာ ရေကူးကျွမ်းကျင်ပေမဲ့ရေစီးသန်ရင် ကူးရခက်ခဲတတ်တယ်။ ဒါ့ကြောင့် လူတွေက နွားတွေဘေးကနေ လှေနဲ့ရေစီးကြောင်းအတိုင်း ထိန်းကျောင်းပေးရတယ်။

အဲဒီလို ခက်ခက်ခဲခဲ စွန့်စွန့်စားစား နွားတွေကို ရေလွတ်ရာ ကယ်ထုတ်ရတယ်။ ကယ်ထုတ်ချိန်မှာပဲ ရေစီးသန်လို့ နွားတချို့ ကူးရင်း မျောပါသွားတာတွေရှိတယ်။ နွားရှင်​​တွေခမျာ ရေထဲ ခေါင်းကလေး မြုပ်ချည်ပေါ်ချည်နဲ့ မျောပါသွားတဲ့ နွားလေးကိုကြည့်ရင်း မျက်ရ​က်ပေါက်ပေါက် ကျကြရတယ်။ သို့ပေသိ နွားတွေက ရေကူးတတ်ကြတော့ ရေသာတလှည့်မှာ​ အသက်ရှင်အောင်ကူးနိုင်မယ်လို့ ယုံကြည်ကြတယ်။

ကျန်တဲ့နွား​တွေ ရေလွတ်ရာရောက်တော့ ရေထဲမျောသွားတဲ့ နွားလေးတွေကို ပြန်ရှာဖို့ မြစ်ရိုးတလျှောက် အောက်ဘက် လိုက်ကြရပြန်တာပေါ့။ အဲဒီမှာ နွားတွေကို ကယ်တင်ပေးထားကြသူတွေနဲ့လည်း ကြုံရသလို နွားတစ်ကောင် ဘယ်လောက်ဆိုပြီး ပြန်တောင်းကြတဲ့သူ အနည်းစုနဲ့လည်း ဆုံကြရပါသေးတယ်။

ရေလွတ်ရာကုန်းပေါ် နွားတွေရောက်တော့လည်း နွားစာအတွက်ကို ခက်ခက်ခဲခဲ သွားရှာပို့ရတယ်။ ရေကြီးချိန် နွားတွေ အစာရေစာ ငတ်မွတ်တတ်သလို ရေနောက်တွေ သောက်မိရင်လည်း ဝမ်းပျက်တတ်လို့ သန့်ရှင်းတဲ့ ရေချိုနဲ့ မြက်ခြောက်တွေ ကောက်ရိုးတွေရအောင် စီစဥ်ပေးရပြန်တယ်။ ရေကျပြီးရင်လည်း နွားတွေမှာ ရောဂါတွေ ဝင်လာတတ်လို့ ဂရုစိုက်ရပါဦးမယ်။

နွားစာပို့နေတုန်းတဝေါဝေါအသံကြားလို့ မော့ကြည့်တော့ အာဏာသိမ်းစစ်တ​ပ်ရဲ့ လေယာဥ်ပါ။ လူတွေရော တိရိစ္ဆာန်တွေပါ ရေကြီးလို့ ဒုက္ခရောက်နေချိန်လေကြောင်းကနေရေဘေးသင့်ပြည်သူတွေကို ပစ်ခတ်နေတုန်းပါ။ ဘယ်လောက်ပဲအန္တရာယ်တွေများနေပါစေ။ အညာသူအညာသားတွေကတော့ သူတို့ နွားတွေအတွက် အစာရှာတုန်း ပို့ကြတုန်းပါ။

နွားတွေကို ကယ်ခဲ့ကြတဲ့ ရွှေဘိုခရိုင် တပ်ရင်း အမှတ် (၁၇)ကတော့ “ရေတွေပြန်ကျသွားတဲ့တစ်နေ့။ ဒီနွားလေးတွေနဲ့ပဲ ရွှံ့နွံတွေကြားထဲမှာ ခြေခြေမြစ်မြစ် ပြန်ရုန်းကန်ကြမယ်”တဲ့။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။