သတင်း ဖားကန့်မြို့နယ် နန့်ယားတပ်စခန်းမှ လက်နက်ခဲယမ်းများ KIAသိမ်းပိုက်ရရှိ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဧပြီ 12, 2024
နိုင်ငံတကာ မြန်မာဖက်က ပဋိပက္ခတွေ ကူးစက်မလာအောင် ထိန်းသိမ်းဖို့ စစ်တပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ထိုင်းဝန်ကြီးချုပ် ညွှန်ကြား ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။ LuduNwayOoဧပြီ 12, 2024
ဆောင်းပါး “စစ်ကောင်စီအောက်က လွတ်မြောက်လာတဲ့ကုန်သွယ်ရေးမြို့ “ မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။ LuduNwayOoဧပြီ 11, 2024
ဆောင်းပါး “ပဇီကြီးရွာကို မပြန်ရဲတော့ပါ” အဖြစ်ဆိုးကိုထိတ်လန့်တုန်လှုပ်ခဲ့ကြတဲ့ဒေသခံတွေကို စစ်ကောင်စီက ကမ်းကုန်အောင်ထပ်မံရက်စက်ခဲ့တယ်လို့ ယမန်နှစ် ဧပြီလထဲက ငရဲခန်းနေ့ရက်တွေအကြောင်း ကန့်ဘလူမြို့က ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပြပါတယ်။ LuduNwayOoဧပြီ 11, 2024
သတင်း ကရင်သို့ စစ်ကူလာသည့်ယာဥ်တန်းတိုက်ခိုက်ခံရပြီး အထိနာ၍တပ်ပြန်ဆုတ်သွားဟု ကျားဖြူစစ်ကြောင်းပြော "၉၇ ကုန်းအဝင်နားက စခန်းအသေးတစ်ခုကို ကျွန်တော်တို့ တိုက်ခိုက်ခဲ့တယ်။ မြဝတီကို သူတို့လုံးပန်းနေတဲ့အချိန် ချလိုက်တာ"ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ LuduNwayOoဧပြီ 11, 2024