Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨မြန်မာဖက်က ပဋိပက္ခတွေ ကူးစက်မလာအောင် ထိန်းသိမ်းဖို့ စစ်တပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

⁨မြန်မာဖက်က ပဋိပက္ခတွေ ကူးစက်မလာအောင် ထိန်းသိမ်းဖို့ စစ်တပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ထိုင်းဝန်ကြီးချုပ် ညွှန်ကြား
⁨မြန်မာဖက်က ပဋိပက္ခတွေ ကူးစက်မလာအောင် ထိန်းသိမ်းဖို့ စစ်တပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

မြန်မာဖက်ခြမ်း နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ ထိုင်းပိုင်နက်ထဲထိ ပျံ့နှံ့ ကူးစက်မလာအောင် သေသေချာချာ ကိုင်တွယ်ဖို့ သက်ဆိုင်ရာ ဌာနနဲ့ အဖွဲ့အစည်းတွေကို ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်က ညွှန်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

မြန်မာနဲ့ထိုင်း နယ်စပ်မှာ တည်ရှိတဲ့ မြဝတီမြို့မှာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU)ရဲ့ တပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဧပြီ ၁၁ ရက်နေ့က ဘန်ကောက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဆရက်သာက အခုလို ဖြေကြားသွားတာပါ။

မြဝတီရဲ့ နောက်ဆုံးလက်ကျန် မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ စခန်းနေရာကို KNUနဲ့ မဟာမိတ် အင်အားစုတွေက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် စစ်တပ်ကတော့ မြဝတီကို လက်မလွှတ်ရသေးဘူးလို့ ငြင်းဆန်ထားဆဲပါ။

Public Service Announcement

Public Service Announcement

အခုကိစ္စတွေဟာ မြန်မာဖက်က ပြည်တွင်းရေး ပြဿနာသာ ဖြစ်ပေမယ့် ပဋိပက္ခတွေက ထိုင်းနိုင်ငံဖက်ကို ကူးစက်မလာအောင် ကြိုတင်စီမံ ထိန်းချုပ်ဖို့ ထိုင်းစစ်တပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က သေသေချာချာ စီမံ ပြင်ဆင်ထားရမယ်လို့ ဆရက်သာက ဆိုပါတယ်။

နယ်စပ် တစ်ဖက်ခြမ်းက တင်းမာမှုတွေနဲ့ ဆက်စပ်ပြီး ထိုင်းလေပိုင်နက်ကို ကာကွယ်ဖို့အတွက်လည်း F-16 တိုက်လေယာဉ်တွေကို အသုံးပြုတာမျိုး ဖြစ်လာနိုင်ပေမယ့် သူ့သဘော ဆန္ဒအရတော့ မြန်မာနဲ့ ထိုင်းကြားမှာ မလိုလားအပ်တဲ့ တင်းမာမှုတွေ မြင့်တက်မလာစေချင်ဘူးလို့ ဆရက်သာက ဆက်ပြောပါတယ်။

မကြာသေးခင်ကတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပဋိပက္ခတွေကြောင့် ထွက်ပြေးလာသူ မြန်မာ စစ်ရှောင် ၁ သိန်းလောက်ကို နယ်စပ်မှာ ကူညီ လက်ခံ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

စစ်ရှောင်တွေ အများအပြား ဝင်ရောက်လာနိုင်တဲ့ အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က အတည်ပြုခဲ့ပြီး လောလောဆယ် ထိုင်းဖက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်က အခြေအနေတွေကတော့ နိုင်နိုင်နင်းနင်း စီမံထိန်းချုပ်နိုင်ဆဲ အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

လမ်းပိတ်ဆို့မှု တချို့နဲ့ စစ်ရေး အခြေအနေတွေအရ ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲတွေ ရှိနေပေမယ့် နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းတွေတော့ ပွင့်နေဆဲလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းစစ်တပ်ဟာ နယ်စပ်နဲ့ ၇ ကီလိုမီတာလောက် အကွာထိ တိုက်ပွဲတွေ ကူးစက်ခဲ့တဲ့နောက် နယ်စပ်တလျှောက် လုံခြုံရေး အစီအမံတွေ တိုးမြှင့်ပြီး တပ်ဖြန့် စောင့်ကြပ်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Nation⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကား တိုက်မိမှု ဖြစ်စဉ်အပြီး ရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ နေရာတွေကို လျှော့ချနိုင်အောင် စီစဉ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ကတိပြုခဲ့ပါတယ်။

သတင်း

မြန်မာတစ်ဦးပိုင်ဆိုင်ပြီးတရားမဝင်တင်သွင်းထားတဲ့အီလက်ထရောနစ် ပစ္စည်းတွေအများအပြားသိုလှောင်ထားရာကုန်လှောင်ရုံတစ်ခုကို ဝန်ကြီး ချုပ်အနူတင်ချန်ဝီယာကူကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ကြောင်းထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...