Connect with us

Hi, what are you looking for?

သတင်း

ကရင်သို့ စစ်ကူလာသည့်ယာဥ်တန်းတိုက်ခိုက်ခံရပြီး အထိနာ၍တပ်ပြန်ဆုတ်သွားဟု ကျားဖြူစစ်ကြောင်းပြော

“၉၇ ကုန်းအဝင်နားက စခန်းအသေးတစ်ခုကို ကျွန်တော်တို့ တိုက်ခိုက်ခဲ့တယ်။ မြဝတီကို သူတို့လုံးပန်းနေတဲ့အချိန် ချလိုက်တာ”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

(ကရင်ပြည်နယ်သို့ စစ်ကူလာသော တပ်မ(၅၅)မှ ယာဥ်တန်းအား လမ်းပိုင်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ကရင်ပြည်နယ်သို့ စစ်ကူလာသော တပ်မ(၅၅)မှ ယာဥ်တန်းအား လမ်းပိုင်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်သို့ စစ်ကူလာသော စစ်ကောင်စီယာဥ်တန်းအား ကော့ကရိတ်မြို့နယ် ချောင်းဖျားကျေးရွာအနီး၌ ကျားဖြူနှင့် ဂဠုန်စစ်ကြောင်းပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ အထိနာပြီး တပ်ပြန်ဆုတ်သွားကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောသည်။

“စစ်ကောင်စီယာဥ်တန်းကို ဒရုန်းနဲ့ချတာ။ အတော်လေးအထိနာတယ် ပြောတယ်။ ခန့်မှန်း ၂၀လောက် ထိခိုက်သေဆုံးတယ်ပြောတယ်။ တပ်ပြန်ဆုတ်သွားပြီ”ဟု ကျားဖြူ ဒုစစ်ကြောင်းမှူးဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ယမန်နေ့ကတပ်ပြန်ဆုတ်ပြီးနောက် လက်ရှိတွင် ချောင်းဖျားကျေးရွာ၌ ရပ်တန့်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာကား ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၃၀၀ခန့်ပါရှိသော ယာဥ်တန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်ရန်အသင့်ပြင်ထားကြောင်းလည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ထို့ကော်ကိုးလမ်းကြောင်းတို့မှ စစ်ကြောင်းသုံးကြောင်းဖြင့် တပြိုင်တည်း စစ်ကြောင်းထိုးရန်ပြင်ဆင်ထားသည်ဟု သတင်းရကြောင်း ၎င်းဆက်ပြောသည်။

“တော်လှန်ရေးရဲဘော်တွေက ပြင်ဆင်စရာတွေ အားလုံးပြင်ဆင်ထားပါတယ်။ ပြည်သူတွေ စိတ်မပူကြဖို့လည်း ပြောချင်ပါတယ်”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ယမန်နေ့တွင်ပင် အဆိုပါယာဥ်တန်းအား ကျုံဒိုးမြို့မရောက်မီ ဂျိုင်းတံတားတွင် တော်လှန်ရေးအဖွဲ့များက စတင်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ယာဥ်တန်းသည် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားသော ကော့ကရိတ်မြို့နှင့် ကုန်သွယ်ရေးဇုန်မြို့တော်ဖြစ်သော မြဝတီမြို့အား ပြန်လည်ရယူရန် စစ်အင်အားဖြည့်တင်းခြင်းဖြစ်သည်ဟု ဗိုလ်မှူးကျော်ဟိန်းက သုံးသပ်သည်။

ယမန်နေ့တွင်လည်း ကော့ကရိတ်မြို့၌ တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း ၎င်းက ပြောသည်။

“၉၇ ကုန်းအဝင်နားက စခန်းအသေးတစ်ခုကို ကျွန်တော်တို့ တိုက်ခိုက်ခဲ့တယ်။ မြဝတီကို သူတို့လုံးပန်းနေတဲ့အချိန် ချလိုက်တာ”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။