သတင်း ညောင်လေးပင်ခရိုင်၌ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ပြည်သူ နှစ်ဦးထပ်မံသေဆုံးပြီး ကလေးငယ်များအပါအဝင် ခုနစ်ဦး ဒဏ်ရာရ KNU ဆောထိမြို့နယ်တွင် ဇွန်လ ၂၄ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရခဲ့သည်။ LuduNwayOoဇွန် 28, 2023
သတင်း ကလေးမြို့တောင်ပိုင်း သာစည်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ကျော်ထိခိုက်သေဆုံးဟုဆို စစ်ကောင်စီတပ်သည် စစ်ကြောင်းသုံးကြောင်းဖြင့် ဇွန်လ ၂၅ ရက် နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် တနေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အဆိုပါ RKDFက ဇွန် ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 28, 2023
သတင်း စစ်ကောင်စီထုတ်ရောင်းသည့် ငွေချေးသက်သေခံလက်မှတ်များ၏အကြွေးများမှာ နိုင်ငံတော်နှင့်ပြည်သူ့ကြွေးမြီများမဟုတ်ကြောင်း NUG ကြေညာ နိုင်ငံတော်ဘတ်ဂျတ်လိုဖြည့်တင်းရန် အစိုးရအဆက်ဆက်က ငွေတိုက်စာချုပ်၊ငွေတိုက်လက်မှတ်များကို ငွေတိုက်ဦးစီးဌာနက ဗဟိုဘဏ်ကတဆင့်ထုတ်ရောင်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ်များကို ထုတ်ရောင်းခဲ့သော်လည်း ၂၀၂၁ခုနှစ်တွင် ဝယ်သူမရှိခဲ့ပေ။ LuduNwayOoဇွန် 28, 2023
သတင်း ရန်ကုန်တွင် “မြို့ပြကို CCTV နဲ့မသတ်နဲ့” စာတန်းချိတ်စွဲ ဆန္ဒပြ ရန်ကုန်မြို့တနေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "မြို့ပြကို CCTV နဲ့မသတ်နဲ့" စာတန်းအား ချိတ်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ဆန္ဒပြမှုကို ယနေ့ (ဇွန်လ ၂၈) ပြုလုပ်ခဲ့သည်။ LuduNwayOoဇွန် 28, 2023
သတင်း ရေးမြို့နယ်ရှိ စစ်ရေးပစ်မှတ်နှစ်ခုကို ယနေ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးဟု ရေးဘီလူးအဖွဲ့ပြော ယခင်ကလည်း ရေးဘီလူးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ၊ ရေးမြို့နယ်ရှိ ရဲစခန်းမှူးနှစ်ဦး နှင့် စစ်ကောင်စီထောက်တိုင်များ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ LuduNwayOoဇွန် 28, 2023