Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်ရှိ စစ်ရေးပစ်မှတ်နှစ်ခုကို ယနေ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးဟု ရေးဘီလူးအဖွဲ့ပြော

ယခင်ကလည်း ရေးဘီလူးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ၊ ရေးမြို့နယ်ရှိ ရဲစခန်းမှူးနှစ်ဦး နှင့် စစ်ကောင်စီထောက်တိုင်များ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး)

“ကျနော်တို့ သုတ်သင်ရှင်းလင်းနိုင်ခဲ့တာ ဒီနေ့ပါရောဆို အကုန်လုံးပေါင်း ၁၅ယောက်လောက်ရှိပြီ။ ဒီတစ်လအတွင်းမှာပေါ့”

မွန်ပြည်နယ် ရေးမြို့နယ်ရှိ တံတားကြီးဂိတ်နှင့် စစ်ကောင်စီတပ် ကင်းလှည့်ယာဉ်တို့ကို ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးမြို့နယ် ကလော့ကြီးကျေးရွာ၌ ကင်းလှည့်နေသည့် စစ်ကောင်စီ၏ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)မှ ကင်းလှည့်ယာဉ်ကို ယနေ့(ဇွန်လ ၂၈ရက်) နံနက်ပိုင်းတွင် ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် ရေးမြို့နယ် တံတားကြီးရှိဂိတ်ကို ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဒီနေ့ ကလော့မှာဆို ၅ယောက် ပစ်ချနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်သားပေါ့။ နောက်တစ်ခုက နေ့ခင်း ၂နာရီလောက်မှာ တံတားကြီးမှာ ဖိုတီးနဲ့ဝင်ထုတယ် ၂ဦးလောက်ကျတယ်ပေါ့ ခွေးတွေဘက်က။ ဒီထက်လည်း အများကြီးဆောင်ရွက်သွားဖို့ရှိတယ်။ စစ်ဆင်ရေးကိုအရှိန်အဟုန်မြှင့်သွားနေတဲ့ ကာလလေးလည်းဖြစ်တယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ယခုလအတွင်း မြို့တွင်းစစ်ဆင်ရေးများကို ခပ်စိပ်စိပ်ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဒီတစ်လထဲမှာ မစ်ရှင်ပေါင်းများစွာလုပ်ခဲ့တယ်။ စစ်ကောင်စီတပ်သားရော ပျူခေါင်းဆောင်တွေရော နောက်တစ်ခုက စစ်ကောင်စီ ဝန်ထမ်းတွေအပါအဝင် ကျနော်တို့ သုတ်သင်ရှင်းလင်းနိုင်ခဲ့တာ ဒီနေ့ပါရောဆို အကုန်လုံးပေါင်း ၁၅ယောက်လောက်ရှိပြီ။ ဒီတစ်လအတွင်းမှာပေါ့” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ယခင်ကလည်း ရေးဘီလူးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ၊ ရေးမြို့နယ်ရှိ ရဲစခန်းမှူးနှစ်ဦး နှင့် စစ်ကောင်စီထောက်တိုင်များ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စုအတွင်းက မွန်ပြည်သစ်ပါတီ(NMSP) တပ်ရဲ့ ကင်းစခန်းတခုကို စစ်တပ်ကစီးနင်းပြီး မွန်တပ် ရဲဘော်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။